လူတိုင်းကတော့ အမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် တစ်ချို့အမှားတွေက သင့်ရဲ့ Relationship အပေါ် ဆိုးဆိုးရွှားရွှားအကျိုးသက်ရောက်မှုတွေဖြစ်သွားစေတယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ ဘယ်လိုအမှားတွေလဲဆိုတာ ဆောင်းပါးလေးကိုဆက်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ပြောင်းလဲဖို့ကြိုးစားခြင်း

Husband and wife having a fight

Photo : freepik

လူတစ်ယောက်ကိုပြောင်းလဲပစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ချစ်သူရဲ့ ဖြစ်တည်မှုကိုလက်ခံပြီး ချစ်ပေးနိုင်ရင် ချစ်ပေးလိုက်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အတင်းလုပ်ယူဖို့ ပြောင်းလဲဖို့ ကြိုးစားရင်တော့ အဆုံးသတ်အချိန်တွေကိုရောက်သွားနိုင်ပါတယ်။

(၂) နှိုင်းယှဉ်ခြင်း

Sad depressed husband offended wife in quarrel

Photo : freepik

တခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းဟာ တစ်ယောက်ကိုတစ်ယောက် အမုန်းတွေပွားပြီး နာကျည်းမှုတွေဖြစ်လာရုံမှအပ ကောင်းကျိုးမရှိနိုင်ပါဘူး။ ကိုယ့် Relationship ရဲ့လိုအပ်ချက်ကို နှစ်ဦးသားကိုယ်တိုင်ပဲ ညှိနှိုင်းပြီး အကောင်းဆုံးရလဒ်ဖြစ်အောင် အဖြေရှာသင့်တာပါ။

(၃) ချုပ်ခြယ်ခြင်း

sian woman is stressed and anxious about the love problems between her husband after an intense quarrel

Photo : freepik

Relationship တစ်ခုမှာလူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်မှုတွေကို လုံးဝမပိတ်ပင်မိပါစေနဲ့။ ဘယ်သူငယ်ချင်းနဲ့မတွေ့ရဘူး။ ဘယ်မသွားရဘူး အချိန်တိုင်းကိုယ်နဲ့ပဲ ဆက်သွယ်နေရမယ် စသည်ဖြင့် ပိတ်ပင်မှုတွေကိုရှောင်ကျဉ်သင့်ပါတယ်။ ဖြစ်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် သီးသန့်ကိုယ်ပိုင်အချိန်လေးတစ်ခုထားပါ။

(၄) လိမ်ညာခြင်း

Upset asian couple sit on couch in living room

Photo : freepik

သေးသေးမွှားမွှားကိစ္စလေးတွေကအစ မကြာခဏလိမ်ပြောနေမိမယ်ဆိုရင် တစ်ဖက်လူရဲ့ စိတ်ထဲမှာ သံသရတွေကြီးထွားလာနိုင်ပြီး မလိုလားတဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ပါ။ ခွင့်တောင်းဖို့ (သို့) အသိပေးဖို့ကိစ္စကြုံလာရင် ကြိုတင်ပြီးပြောပြပါ။ လွယ်လွယ်လေးလိမ်လိုက်တာမျိုးကို လုံးဝရှောင်ကျဉ်ဖို့ အကြံပြုချင်ပါတယ်။