မှန်ကန်ထိရောက်အောင် ဆက်သွယ်မှု မလုပ်နိုင်ခြင်းဟာ Relationship တစ်ခုကို ပျက်စီးစေနိုင်ပါတယ်။ Miscommunication ဟာ Misunderstanding လို့ ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် သွေးကွဲစေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့စရာအချစ်ရေးတစ်ခုကို ဦးတည်ပုံဖော်နေတဲ့ စုံတွဲတွေဟာ အခုပြောမယ့် ဖြစ်တတ်တဲ့ ဆက်သွယ်မှုအမှား ၄ မျိုးကို သိရှိရှောင်ရှားဖို့ လိုပါတယ်။
(၁) အပြတ် ပြောခြင်း
Photo; herway
စကားကျွံခြင်းဟာ နှုတ်ရအခက်ဆုံးကိစ္စလို့ ပြောကြပါတယ်။ ချစ်မှုရေးရာမှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ချစ်သူနဲ့ စကားပြောတိုင်းမှာ “Always”နဲ့ “Never”လိုမျိုး ဆက်မရအောင် ပြတ်တောက်တဲ့ အဆိုးမြင်စကားတွေ မသုံးမိအောင် ရှောင်ပါ။
(၂) အွန်လိုင်းမှာပဲ အတွေ့များခြင်း
Photo: Freepik
Messenger ကနေ I Love You , I Miss You ပြောတာ တစ်ခါတစ်လေပဲ ကောင်းပါတယ်။ မင်းကို တွေ့ဖို့ မစောင့်နိုင်တော့ဘူးဆိုတဲ့ မက်ဆေ့ ပို့ထားတာ ၃-၄ ပတ်လောက် ကြာတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် မတွေ့ဖြစ်ဘူးဆိုရင် ဒါက လိမ်ညာတာထက် ရက်စက်မှုပါ ပါသွားတယ် ထင်စေနိုင်ပါတယ်။
(၃) တောင်းပန်လွန်းခြင်း
Photo: bustle
ကတောက်ကဆဖြစ်တိုင်း ဘယ်သူမှားမှား မှန်မှန် ကိုယ်ကဖြစ်စေ သူကချည်းပဲ ဖြစ်စေ တောင်းပန်နေရတယ်ဆိုတာ သိပ်တော့ မဟန်ပါဘူး။ မကြာခင်မှာ ဒီကိစ္စက နှစ်ဦးစလုံးရဲ့စိတ်မှာ အဖုအထစ်တွေ ဖြစ်သွားပါလိမ့်မယ်။ တစ်ချိန်ချိန်မှာ ဒီအလွန်အကျွံ တောင်းပန်တိုးလျှိုးတတ်တဲ့ အကျင့်ကြောင့် Relationship တစ်ခု ပြတ်တောက်ပျက်စီးသွားနိုင်ပါတယ်။
(၄) အမှိုက်ကစ ပြဿဒ် မီးလောင်စေခြင်း
Photo: Freepik
ပြဿနာသေးသေးလေးတွေကို အကြီးကြီး ဖြစ်အောင် ထားရင် တစ်ချိန်မှာ မငြိမ်းနိုင်အောင် ဒုက္ခများတတ်ပါတယ်။ စိတ်ထဲမှာ သံသယတွေ ရှိထားရင် ၊ ကိုယ်ဖြစ်စေချင်တာနဲ့ သူမအခြေအနေကို မချိန်ညှိမိရင် … ပြင်ဆင်မထားမိတဲ့ အရာတွေကြောင့်ပဲ ကျရှုံးပျက်စီးတတ်တယ်ဆိုတာ အမြဲသတိရှိသင့်ပါတယ်။