ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေထဲမှာ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ၊ ဒေတာတွေများစွာ သိမ်းဆည်းထားတက်ကြပါတယ်။ ဒါပေမယ့် လူအများစုက ကိုယ့်ဖုန်းရဲ့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သတ်ပြီး စိတ်ချရအောင် ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲဆိုတာတော့ အသိနည်းကြတယ် မဟုတ်လား။ ဒါ့ကြောင့်ပဲ ဖုန်းထဲက အရေးကြီးတဲ့ ဒေတာအချက်အလက်တွေ ချိုးဖောက်ခြင်း ၊ ခိုးယူခံရခြင်းတွေကနေ ကာကွယ်နိုင်ဖို့ သင့်ရဲ့ ဖုန်းလုံခြုံရေးကို မြှင့်တင်နိုင်မယ့် နည်းလမ်းတချို့ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းပါ

Avoid giving out personal information

Photo : Forbes

တစ်ခါတစ်လေမှာ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေ ၊ မှတ်ပုံတင်နံပါတ် နဲ့ ဘဏ်/ငွေကြေးဆိုင်ရာ အကောင့်တွေရဲ့ လျို့ဝှက်နံပါတ်တွေကို ခိုးယူဖို့ လိမ်ညာဆက်သွယ်လာတဲ့ မက်ဆေ့ချ်တွေ ၊ အီးမေလ်တွေ အများကြီးရှိပါတယ်။ ဒါတွေကိုအယုံလွယ်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လွယ်လွယ်မပေးလိုက်မိဖို့ သတိပြုရပါမယ်။  ဘဏ်ကိုသေချာအောင် ဖုန်းဆက်မေးတာ ၊ သံသယဖြစ်စရာဆက်သွယ်မှုတွေကို ချက်ချင်းမတုန့်ပြန်ပဲ နားလည်တက်ကျွမ်းသူတွေကိုမေးကြည့်တာမျိုးနဲ့ အရင်ဆုံးသေချာအောင် စုံစမ်းအတည်ပြုဖို့ အကြံပြုချင်ပါတယ်။

(၂) Screen လော့ခ်ချပါ

Use a pin, password or pattern to lock your phone

Photo : Computerworld

ဖုန်းတစ်လုံးကို ပထမအဆင့် လုံခြုံမှုရှိစေဖို့ အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံး နည်းလမ်းက pin နံပါတ် ၊ password ဒါမှမဟုတ် pattern တွေနဲ့ Screen ကို လော့ခ်ချထားဖို့ပါပဲ။ ဒီလို Screen လော့ခ်ချထားတာဟာ အနည်းဆုံးတော့ သင့်ဖုန်းကို လူတိုင်း လွယ်လွယ်ကူကူ ဖွင့်ဝင်လို့ မရအောင် ဟန့်တားပေးထားနိုင်ပါတယ်။

(၃) ဒေါင်းလုဒ်လုပ်တဲ့အခါ သတိထားပါ

Download apps only from trusted stores
Photo : Digital Trends

အက်ပလီကေးရှင်း အသစ်တစ်ခု ဒါမှမဟုတ် ဖိုင်တစ်ခုခုကို ဒေါင်းလုဒ်လုပ်တော့မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ Brave ၊ Tor ၊ Firefox လို Browser တွေ ၊ Google Play လို App Store တွေကိုသာ အသုံးပြုသင့်ပါတယ်။ သင့်ဖုန်းထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အလွယ် တကူခြေရာခံခြင်း၊ ခိုးယူခြင်းတွေ မလုပ်နိုင်အောင် ဒေါင်းလုဒ်မလုပ်ခင် အချက်အလက်တွေကို သေချာစစ်ဆေးပါ။ Ratings နဲ့  Reviews တွေ ဖတ်ကြည့်ပါ။ လုံခြုံစိတ်ချရတဲ့ နေရာတွေကပဲ ဒေါင်းလုဒ်လုပ်ဖို့ အကြံပြုလိုပါတယ်။

(၄) Update အမြဲလုပ်ပါ

 Keep your operating system and apps updated
Photo : Lifewire

သင့်ဖုန်းရဲ့ System နဲ့ Application တွေကို အမြဲပုံမှန်လေး Update လုပ်ပေးဖို့လည်း လိုပါတယ်။ ဘာလို့ဆို အသစ်ထွက်တဲ့ ဗားရှင်းတွေမှာ features အသစ်တွေသုံးနိုင်ရုံသက်သက်မဟုတ်ပဲ သင့်ဖုန်းရဲ့ လုံခြုံရေးကိုပါ တိုးမြှင့်ပေးတဲ့ စနစ်တွေပါလာတာကြောင့် သင့်ဖုန်းကို ယခင်ထက်ပိုပြီး လုံခြုံစိတ်ချရစေပါတယ်။

(၅) Bluetooth / Wi-Fi မသုံးရင် ပိတ်ထားပါ

Turn off Wi-Fi and Bluetooth when not in use

Photo : 9to5Mac

ဖုန်းတစ်လုံးကို Hacking လုပ်ဖို့ Hacker တွေအသုံးများတဲ့ နည်းက Bluetooth / Wi-Fi တွေကနေ တဆင့် Hack တာပါပဲ။ သင်ဖုန်းထဲကအချက်အလက်တွေကို Hacker တွေ လက်ထဲ လွယ်လွယ်ကူကူ မထည့်ပေးချင်ဘူးဆိုရင်တော့ လုံခြုံမှုမရှိတဲ့ အများသုံး Wi-Fi တွေနဲ့ ချိတ်ဆက် အသုံးပြုတာ ၊ Bluetooth အမြဲတမ်း On ထားတာမျိုးတွေကို အထူးသတိထား ရှောင်ကြည်သင့်ပါတယ်။

Featured Photo : Lifewire