ပလပ်စတစ်ဆာဂျူရီလုပ်​ခြင်းဆိုတာ မိန်းက​လေး​တွေနဲ့ပဲ သက်​ဆိုင်​တဲ့အရာတစ်​ခုမဟုတ်ပါဘူး။ ယနေ့ခေတ် အမျိုးသမီးတော်တော်များများက အ​ပေါ်ယံရုပ်​အလှကို အသားပေးလာတာကြောင့် သူ့ထက်​ငါအပြိုင်​ဆိုင်​ ဆာဂျူရီလုပ်​ဖို့ ဝန်​မ​လေးကြ​တော့သလို အမျိုးသား​တွေအနေနဲ့လည်း အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ဆာဂျူရီလုပ်​လာကြတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင်အမျိုးသားတွေအနေနဲ့ ဘယ်​လိုခန္ဓာကိုယ် အစိတ်​အပိုင်း​တွေကို ခွဲစိတ်​ပြုပြင်​ကြလဲဆိုတာ ​လေ့လာကြည့်​ရ​အောင်​။

(၁) နှာ​ခေါင်းခွဲစိတ်​မှု

Source : Medical News Today

အများစုက နှာတံချွန်​ချွန်​​လေးနဲ့ လှ​နေဖို့များပြင်​ကြတာများလားလို့ ​တွေးမိနိုင်​ပါတယ်​။ တကယ်​​တော့ အမျိုးသား​အများစုရဲ့ နှာ​ခေါင်းခွဲစိတ်ပြုပြင်တဲ့ အဓိကအ​ကြောင်းရင်းက​တော့ ထိခိုက်​ဒဏ်​ရာတွေ​ရဲ့ ​နောက်​ဆက်​တွဲပြဿနာတွေ​ကြောင့်​ပါ။

ဥပမာ ရန်​ဖြစ်​ရင်းနှာ​ခေါင်းရိုး ချိုင့်​သွားတာမျိုး၊ အားကစားလုပ်​ရင်းခိုက်​မိလို့ နှာ​ခေါင်းရိုး​ကျိုးတာမျိုး စတဲ့အချက်​တွေ​ကြောင့်​ နှာ​ခေါင်းခွဲစိတ်​ပြုပြင်မှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။

(၂) ဆံပင်စိုက်​ခွဲစိတ်​မှု

Source : bestlifeonline.com

ထိပ်ပြောင်လို့ စိတ်မညစ်မနေပါနဲ့။ ကမ္ဘာကျော်မန်ယူကစားသမားဟောင်း ရွန်းနီဆိုရင်လည်း ဒီခွဲစိတ်​မှုကိုခံယူဖူးသူတစ်​​ယောက်​ပါ။ အမျိုးသား​အများစုဟာ အသက်​အရွယ်ရလာတဲ့အခါ ဦး​ခေါင်းထိပ်​ပိုင်းမှာ ဆံပင်​​တွေပါးလာ​လေ့ရှိကြပါတယ်​။

ဆံပင်​ဆိုတာ လူတစ်​​ယောက်​ရဲ့ ဒုတိယမျက်​နှာဆိုတဲ့အတိုင်း ထိပ်​​ပြောင်​လာရင်​ အမျိုးသား​တွေအ​နေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းကြတာကြောင့် ဆံပင်​စိုက်​တဲ့ ခွဲစိတ်​မှုဟာ အမျိုးသား​တွေကြား ​ရေပန်းစား​နေတဲ့ ကုထုံးတစ်ခုဖြစ်​ပါတယ်​။

(၃) Six Packs ခွဲစိတ်​မှု

Source : Men’s Journal

ယ​နေ့​ခေတ်​မှာ အမျိုးသားအများစု Six Packs ကြွက်သားတွေနဲ့ပတ်သတ်ပြီး ရူးသွပ်မှု များလာကြပါတယ်​။ အမျိုးသား​တွေဟာ Six Packs ABS ​တွေရှိခြင်းကို ဂုဏ်​ပကာသနတစ်​ခုလို သတ်မှတ်လာကြတဲ့အတွက် Six Pack ရအောင် လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ကြပါတယ်။

ဒါ​ပေမဲ့အချို့သူ​တွေမှာ​တော့ ​ဘယ်လို Diet မျိုး ၊ Exercise မျိုးပဲလုပ်​လုပ်​ ခေါင်းမာမာနဲ့ ဝမ်းဗိုက်​မှာ တင်းခံ​နေတဲ့ အဆီ​တွေရှိ​နေတတ်တာကြောင့် Six Pack ရဖို့ကအိမ်မက်တစ်ခုအဖြစ်နဲ့သာနေကြရပါတယ်​။ ဒီလိုလူတွေအတွက်တော့ Six Pack ခွဲစိတ်​မှုဟာ ​နောက်​ဆုံးမျှော်လင့်ချက်​ကောက်​ရိုးတမျှင်​အဖြစ်နဲ့ ပြုလုပ်လာကြတာဖြစ်ပါတယ်။

(၄) မျက်​ရစ်​ခွဲစိတ်​မှု

Source : bestlifeonline.com

သက်​လတ်​ပိုင်း အမျိုးသားအများစုမှာ မျက်​နှာနဲ့ပတ်​သက်​ပြီး စိတ်​အလိုမကျဖြစ်​​စေတဲ့ အရာက​တော့ မျက်​အိတ်​တွဲခြင်းပြဲဖစ်​ပါတယ်​။ ​မျက်​အိတ်​တွဲ​လာခြင်းဟာ သင့်​ကိုအချိန်​တိုင်းပင်​ပန်းညှိုး​နွမ်း​နေသ​ယောင်​ ဖြစ်​​စေပါတယ်​။ ဒီအချက်ဟာ အမျိုးသားတို့ရဲ့နေ့စဉ်ဘဝ​မှာ သူတို့ရဲ့ Image ကို အနည်းနဲ့အများကျဆင်း​စေနိုင်​တယ်လို့ ခံစားလာရတာကြောင့် ​နောက်​ဆုံးမှတော့ မျက်​ရစ် ခွဲစိတ်​ကုသမှုတွေ ပြုလုပ်လာကြ​တာဖြစ်ပါတယ်။

(၅) နားရွက်​ခွဲစိတ်​မှု

Source : easyhealthoptions.com

လူကြီးအများစုဆီက နားရွက်​ကားလို့ ဥာဏ်​​ကောင်းမှာပဲလို့ ​ချီးမွမ်း​ထောပနာပြုတာမျိုး ​ကြုံဖူးကြားဖူးကြမယ်ထင်ပါတယ်။ ဒါ​ပေမဲ့ ကာယကံရှင်​အများစုမှာ​တော့ သူတို့ရဲ့ နားရွက်နဲ့ ပတ်သတ်ပြီး ဂုဏ်​ယူနိုင်​ဖို့ ခက်​ခဲ​နေတတ်​​ကြပါတယ်​။ ဘာလို့လဲဆိုတော့ သူတို့အ​နေနဲ့ အကြည့်​ရဆိုးလိုက်​တာလို့ ခံစားနေကြရတာကြောင့်ဖြစ်ပါတယ်။

တကယ်​လည်း နားရွက်​ပုံစံမမှန်​တဲ့အခါ တခါတရံမှာ ရယ်စရာကောင်းတဲ့ ရုပ်ပြောင်ကာတွန်းပုံစံ​ ဖြစ်​​နေတတ်တာကြောင့်​ နားရွက်ဒီခွဲစိတ်​မှုကလည်း အမျိုးသားတော်တော်များပြုလုပ်လာတဲ့ ခွဲစိတ်မှုတစ်ခုထဲမှာ ပါဝင်လာပါတယ်။