Display ဆိုဒ်အကြီးစားသုံး စမတ်ဖုန်းတွေ Trending ဖြစ်ချိန်မှာ ကျစ်ကျစ်လျစ်လျစ် ဆိုဒ်သေး Compact ဖုန်းချစ်သူတွေအတွက် ရွေးစရာ သိပ်များများစားစား မရှိပါဘူး။ ပုံမှန် Screen အရွယ်အစား ၆.၅ လက်မ ဖုန်းတွေအကြားမှာ ၆ လက်မအောက် Compact ဖုန်းတွေထဲက အကောင်းဆုံးရွေးချယ်စရာတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Apple iPhone 13 mini

iPhone-13-Mini

Photo : xda-developers

နောက်ဆုံးထွက် iPhone တွေထဲမှာ ဆိုဒ်သေး Mini အဖြစ်ဆုံး မော်ဒယ်နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးက iPhone SE (2022) ဖြစ်ပြီး နောက်တစ်မျိုးက ပိုပြီး Flagship ဖြစ်တဲ့ iPhone 13 Mini ပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က စပြီး Mini ဗားရှင်းတွေ မြင်တွေ့ရဖို့ မရှိပါဘူး။ iPhone 13 Mini ဟာ Flat-Edge ဒီဇိုင်းနဲ့လာပြီး Screen Size ၅.၄ လက်မ ရှိပါတယ်။

iPhone SE ထက် ဆိုဒ်ပိုကြီးပေးမယ့် ၅.၄ လက်မဆိုဒ်ဆိုတာ အတော်လေး သေးတဲ့ ဘော်ဒီလို့ ဆိုနိုင်ပါတယ်။ iPhone 13 မော်ဒယ် ၄ မျိုးမှာ Mini မော်ဒယ်ဟာ ဈေးအသက်သာဆုံးဖြစ်ပြီး 128GB ဗားရှင်းကို ဒေါ်လာ ၇၀၀ ဈေးနဲ့ ရောင်းချနေပါတယ်။ နောက်ဆုံးထွက် A15 Bionic Processor ၊ စိတ်လှုပ်ရှားစရာကင်မရာနဲ့ အမြန်ဆုံး Compact ဖုန်းတစ်လုံးပါပဲ။

(၂) iPhone SE (2022)

iPhone SE 2022

Photo : 9to5 Mac

လက်ရှိ ဖုန်းဈေးကွက်မှာ Screen Size အသေးဆုံး မော်ဒယ်ကတော့ iPhone SE (2022) မော်ဒယ်ပဲ ဖြစ်ပါတယ်။ ၄.၇ လက်မဆိုဒ် iPhone 8 ဒီဇိုင်းဟောင်းကြောင့် ဒိတ်အောက်တယ်လို့ ခံစားရပြီး AMOLED အစား LCD Screen ပါတာ ၊ ဘက်ထရီ Life က ဒီနေ့ခေတ်အတွက် နည်းပြီး 64GB Storage က စတာတွေက အားနည်းချက်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း ပါးလွှာပြီး Compact ဖြစ်တာ ၊ 5G ရပြီး Flagship A15 Bionic Chipset နဲ့ လာတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ အပေါ်အောက် Bezel ဘောင်ခပ်ထူထူပါပေမယ့် ခေတ်ဟောင်း iPhone တွေရဲ့ အိုင်ကွန်ဖြစ်တဲ့ Home Button နဲ့လာပြီး ဒေါ်လာ ၄၃၀ ဈေးနဲ့ ရောင်းချနေပါတယ်။

(၃) Galaxy S22

SamsungGalaxyS22

Photo : notebookcheck

ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်သွားတဲ့ Galaxy S22 5G ကတော့ Compact Flagship ဖုန်းတွေထဲမှာ ဦးစားပေးရွေးစရာ အန်းဒရိုက်မော်ဒယ်လို့ ဆိုရမှာပါ။ မျက်နှာပြင်ဆိုဒ် ၆.၁ လက်မ Dynamic AMOLED 2X Dispaly ဟာ HDR10+ ၊ 120Hz Refresh Rate နဲ့ Peak Brightness 1300nit အထိ ပါပြီး Qualcomm ရဲ့ 4nm Snapdragon 8 Gen 1 ၊ Adreno 730 GPU လိုမျိုး High-End Chipset တွေနဲ့ လာပါတယ်။

RAM 8GB / 128GB Storage နဲ့ RAM 8GB / 256GB Storage မော်ဒယ်နှစ်မျိုးနဲ့ ထွက်ထားပြီး အမိုက်စား ကင်မရာစနစ် ၊ နောက်ဆုံးထွက် Android 12 အခြေခံ OneUI 4.1 စနစ် သုံးထားပါတယ်။ ဒေါ်လာ ၇၀၀ တန် Flagship ဖုန်းတွေထဲမှာတော့ Galaxy S22 5G ဖုန်းဟာ အရွေးသင့်ဆုံးမော်ဒယ်ထဲက တစ်မျိုးပါပဲ။

(၄) Sony Xperia 10 III

csm_Xperia_10_III

Photo : notebookcheck

Sony Brand တွေ အကြိုက်တွေ့ကြတဲ့ ပရိသတ်တွေအတွက် ‌ဈေးသင့်ပြီး Compact ဖြစ်တဲ့ Xperia 10 III ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ထုတ်ကုန်လို့ ဆိုနိုင်ပါတယ်။ Sony Xperia 10 III ဟာ ၆ လက်မဆိုဒ် OLED Display နဲ့လာတဲ့ အမိုက်စား Mid-Ranger ဖုန်း ဖြစ်ပြီး IP68 Rating ရေစိုခံမှု ၊ လက်ဗွေဖတ်စနစ် နဲ့ ကျောဘက်သုံးလုံးတွဲကင်မရာနဲ့ လာပါတယ်။

အလတ်တန်းစား Snapdragon 690 5G ၊ 128GB 6GB RAM, 256GB 6GB RAM ဗားရှင်းတွေနဲ့ လာပြီး 30W Charging ပံ့ပိုးမှုပါ 4500mAh ဘက်ထရီကြောင့် ဘက်ထရီပါဝါအတွက်လည်း စိတ်ချမ်းသာရမှာပါ။ ဒေါ်လာ ၄၀၀ ကျော်တန် Upper Mid-Ranger ဖုန်းတွေထဲမှာတော့ Sony Xperia 10 III လည်း အကောင်းဆုံး ထုတ်ကုန်တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

Featured Photo : xda-developers