စိတ်ကိုတည်ငြိမ်အေးချမ်းစေမယ့် Zen (ဇန်း) ဗုဒ္ဓဘာသာရဲ့ တန်ဖိုးရှိဖွယ် အဆုံးအမများ

Zen (ဇန်း) ဗုဒ္ဓဘာသာဟာဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ထက် ဘဝအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို ကူညီပေးတဲ့ ဘာသာဖြစ်ပါတယ်။ ပြီးတော့ စိတ်ရှည်သည်းခံဖို့ လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေအပေါ် အာရုံစူးစိုက်မှုရှိဖို့ သင်ကြားပြသပေးတဲ့ ဘာသာလည်းဖြစ်ပါတယ်။

ဒီနေ့ kwee page က ဘဝကို အခြားအမြင်တစ်ဖက်ကနေ မြင်တက်လာမယ့် Zen (ဇန်း) ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

မက်လုံးတွေဟာ အနိုင်မရရှိခင်မှာ အကြီးမားဆုံးတော့ အားတစ်ခုပါပဲ။

မိုင်ပေါင်းထောင်ချီဝေးတဲ့ ခရီးဟာ ခြေလှမ်းတစ်လှမ်းမှ အရင်ဆုံးစတင်ရပါတယ်။

Source: Japanese Patterms of Design

ကြံ့ခိုင်တဲ့လူတွေက အတားဆီးတွေကို ကျော်ဖြတ်ကြတယ်။ ဉာဏ်ပညာရှိသူတွေက အတားအဆီးတွေကို လေ့လာမှတ်သားကြတယ်။

ဖြေးညင်းစွာသွားဖို့မကြောက်ပါနဲ့။ မသွားဘဲ ရပ်နေရမှာကိုသာ ကြောက်ပါ။

အရာအားလုံးဟာ ဖြစ်ချိန်တန်လို့ ဖြစ်လာကြတာတွေချည်းပါပဲ။

တိတ်ဆိတ်နေခြင်းကို ထက်အကျိုးမပေးဘူးဆိုရင် စကားမပြောဘဲ နေပါ။

Source: Live Japan

မထင်မှတ်ဘဲ ကျဆုံးခဲ့တယ်ဆိုတိုင်း သင်က မှားယွင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို မဆိုနိုင်ပါဘူး။

တစ်စုံတစ်ခုအကြောင်း မသိမှာကို မကြောက်ပါနဲ့။ မသိခြင်းကို မသင်ယူဘဲ နေရတာကို သာကြောက်ပါ။

ဆရာကောင်းတွေကို သင့်အတွက် တံခါးဖွင့်ပေးပါလိမ့်မယ်။ ဝင်သွားဖို့ကတော့ သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

အပြစ်အနာဆာ (အားနည်းချက်၊ ချွတ်ယွင်းချက်) မရှိတဲ့ သူငယ်ချင်းဆိုတာမရှိပါဘူး။ အကယ်၍ သင်က သူတို့ရဲ့ အပြစ်အနာဆာတွေကိုပဲ ကြည့်မယ်ဆိုရင် သူငယ်ချင်းမရှိဘဲ နေရပါလိမ့်မယ်။

မပျော်ရွှင်မှုတွေက သင်တံခါးဖွင့်ပေးမှ ဝင်လာလို့ရတာပါ။

Source: Shinzo ZMC

တည်ငြိမ်အေးချမ်းတဲ့ အတွေးတွေကို ရှာဖွေနိုင်တဲ့ နေရာကို သင့်ရဲ့အိမ်လို့ သက်မှတ်လို့ရပါတယ်။

တောင်တစ်တောင်ကို ရွေ့ဖို့အတွက် ကျောက်တုံး အသေးလေးတွေကို အရင်စရွေ့ရပါတယ်။

အမှားလုပ်မိပြီဆိုရင် အဲ့အမှားတွေအတွက် ရယ်မောလိုက်ပါ။

သစ်ပင်တစ်ပင်စိုက်ဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ နှစ် (၂၀) ကပါ။ ဒုတိယ အကောင်းဆုံးအချိန်ကတော့ အခုပါပဲ။