ကွန်ဖြူးရှပ်ဟာ တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံး တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို စိတ်ဝင်စားပြီးသင်ယူချင်တဲ့ လူမှန်သမျှကို လိုလိုလားလား သင်ပေးလေ့ရှိသူဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေဟာ တန်ဖိုးရှိပြီး ယူတတ်တဲ့သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။

ဒီနေ့ kwee page ကနေ ကွန်ဖြူးရှပ်ရဲ့ အဖိုးတန်တဲ့ အတွေးအခေါ်လေးတွေကို ဝေမျှပေးသွားမှာပါ။

  • မေးခွန်းမေးတဲ့လူဟာ အချိန်ခဏလောက်တော့ အရူးတစ်ယောက်လိုဖြစ်နေပါမယ်။ ဒါပေမယ့် မေးခွန်းမမေးတဲ့လူတွေဟာ တစ်ဘဝလုံး အရူးဖြစ်သွားပါလိမ့်မယ်။
  • အရာအရာတိုင်းမှာ အလှတရားကိုယ်စီရှိကြတယ်။ ဒါပေမယ့် လူတိုင်းတော့ ဒါကိုမမြင်နိုင်ကြဘူး။

Source: Everyday Power

  • တစ်စုံတစ်ယောက်ကို ကလဲ့စားချေဖို့ အစီအစဉ်မစခင်မှာ မြေကျင်းနှစ်ကျင်းတူးထားပါ။
  • မင်းကို လာလုပ်ရင်မကြိုက်တဲ့အရာတွေကို သူတစ်ပါးအပေါ်လည်း သွားမလုပ်မိစေနဲ့။
  • ချစ်ဖို့ကခက်ခဲပေမယ့် မုန်းဖို့ကြတော့ အင်မတန်လွယ်ကူပါတယ်။ ဒီလိုပဲ ကောင်းတဲ့အရာတွေက ရယူဖို့ခက်ခဲပြီး မကောင်းတဲ့အရာတွေရဖို့ကြတော့ လွယ်ကူကြတယ်။

Source: Project Life Mastery

  • မိမိကိုယ်ကိုလေးစားပါ။ တစ်ခြားလူတွေက သင့်ကိုလေးစားလာပါလိမ့်မယ်။
  • တစ်နှစ်စာအတွက် စပါးစိုက်ပါ။ (၁၀) နှစ်စာအတွက် သစ်ပင်တွေစိုက်ပါ။ နှစ်ပေါင်း (၁၀၀) အတွက်ဆိုရင်တော့ ကလေးတွေကို ပညာသင်ပေးပါ။
  • တောင်တစ်တောင်လုံးကို ရွှေ့ဖို့အတွက် ကျောက်တုံးသေးသေးလေးတွေကို အရင်ရွှေ့ရတယ်။
  • ဘဝကြီးကအင်မတန်ရိုးရှင်းပါတယ်။ လူတွေကသာ ရှုပ်ထွေးအောင်လုပ်နေကြတာပါ။

Source: The conversation

  • မင်းအမှားတစ်ခုလုပ်မိပြီး မပြင်ဘဲနေတယ်။ ဒါကို အမှားတစ်ခုလို့ခေါ်တယ်။
  • ကောင်းမွန်စွာအုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုက ရှက်စရာတစ်ခုလိုဖြစ်နေတယ်။ အုပ်ချုပ်မှုမကောင်းတဲ့ နိုင်ငံတွေမှာ ချမ်းသာကြွယ်ဝမှုက ရှက်စရာတစ်ခုလိုဖြစ်ပြန်တယ်။
  • အဖြေတွေအားလုံးသိတယ်ဆိုတဲ့လူဟာ မေးခွန်းတွေအကုန်အမေးမခံရသေးလို့ပါ။
  • ပညာရေးက ယုံကြည်မှုကို မွေးဖွားပေးတယ်။ ယုံကြည်မှုက မျှော်လင့်ချက်ကို မွေးဖွားပေးတယ်။ မျှော်လင့်ချက်က ငြိမ်းချမ်းရေးကို မွေးဖွားပေးတယ်။