UFC ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အိုင်ယာလန်နိုင်ငံသား အသက် (၃၁) နှစ်အရွှယ် မက်ဂရီဂေါ် ကတော့ ၎င်းရဲ့ကစားသမားဘဝကို အပြီးတိုင်အနားယူတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဇွန်လ (၇) ရက်နေ့ ဒီကနေ့မနက်အစောပိုင်း အချိန်မှာဘဲ မက်ဂရီဂေါ် ရဲ့ တွစ်တာလူမှု့ကွန်ယက် စာမျက်နှာကနေ တစ်ဆင့် အနားယူမည့်အကြောင်းကို ရုတ်တရက်ကြေညာသွားခဲ့တာဖြစ်ပါတယ်။

Source : Getty Images

မက်ဂရီဂေါ် ရဲ့ တွစ်တာမှာတော့ ” ထိုးသတ်ပွဲတွေကနေ အနားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ အံ့အားသင့်စရာကောင်းတဲ့ အမှတ်တရများစွာတို့အတွက် အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ် ” လို့ ရေးသားခဲ့ပါတယ်။ ယခုကဲ့သို ဆိုရှယ်မီဒီယာပေါ်မှာကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လအတွင်းကလည်း တိုက်ခိုက်ရေးကစားသမားဘဝကနေ အနားယူမည့်အကြောင်း ကြေညာခဲ့ဖူးပါတယ်။

Source : dailymai

သို့သော်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတွင်းက ကြိုးဝိုင်းထဲပြန်လည်ဝင်ရောက်ခဲ့ပြီး UFC 246 ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြိုင်ဘက်ကစားသမား ဒေါ်နယ်ဆာရွန်နီနဲ့ ထိုးသတ်ခဲ့ကာ ပထမအချီ စက္ကန့်လေးဆယ်မှာပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ မက်ဂရီဂေါ် ရဲ့ ကစားသမားဘဝ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လအတွင်း လိုက်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် စိန်ခေါ်ပွဲထိုးသတ်အုန်းမယ်လို့ သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပေမယ့်လည်း ယခုကဲ့သို့ ရုတ်တရက်တိုက်ခိုက်ရေးကစားသမားဘဝမှာ အနားယူမယ့်အကြောင်း ကြေညာခဲ့တဲ့အတွက် ပရိသတ်တွေလည်း အင်မတန်အံ့သြစရာဖြစ်ခဲ့ရပါတယ်။

Source : CNN

မက်ဂရီဂေါ် ဟာ ကစားသမားဘဝတစ်လျောက်လုံး ပွဲပေါင်း (၂၆)ပွဲထိုးသတ်ခဲ့ပြီး (၂၂) ပွဲအနိုင်ရရှိကာ (၄)ပွဲသာရှုံးနိမ့်ခဲ့တဲ့ UFC သမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။