ချစ်သူစုံတွဲတွေ ပထမဆုံးအကြိမ်ဒိတ်လုပ်တဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် အကဲခတ်တက်ကြတာသဘာဝပါပဲ။ဒီလူဟာကိုယ်နဲ့ရေရှည်လက်တွဲနိုင်မလားဆိုတာ ပထမဆုံးဒိတ် လုပ်တဲ့အချိန်မှာ ၁၀၀ ရာခိုင်နှုန်းမသိနိုင်သေးပေမယ့် အပေါ်ယံတော့အကဲခတ်မိကြပါတယ်။ဒါကြောင့် First Date မှာကတည်းကကိုယ်ကို စိတ်မပျက်သွားစေဖို့ အခုပြောပြမယ့် စကားမျိုးတွေလုံးဝ ရှောင်ကျဉ်သင့်ပါတယ်နော်။
(၁) ပိုင်ဆိုင်မှုတွေထုတ်မကြွားပါနဲ့
Source : Shutterstock
ကိုယ်ကဘယ်လောက်ချမ်းသာကြောင်း ကားဘယ်နှစ်စီးရှိကြောင်း ဘယ်လိုတန်ဖိုးကြီးတဲ့အရာတွေပိုင်ဆိုင်ကြောင်းစတဲ့ ကြွားလုံးထုတ်တဲ့စကားမျိုးတွေကိုလုံးဝရှောင်ကျဉ်သင့်ပါတယ် ။သင့်ရဲ့ကြွယ်ဝချမ်းသာမှုတွေကို စိတ်ဝင်စားတဲ့မိန်းကလေးဟာ သေချာတယ်သိုက်တူးသမားပါ။အရည်အချင်းရှိပြီးတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကတော့ သင်ရဲ့ချမ်းသာမှုဂုဏ်စည်းစိမ်တွေကိုစိတ်ဝင်းစားမှာမဟုတ်ပါဘူး။
(၂) အလုပ်အကြောင်းမပြောပါနဲ့
Source : Shutterstock
ပထမဆုံးအကြိမ်ဒိတ်လုပ်တဲ့အချိန်မှာ အလုပ်အကြောင်းတွေ ပြောဆိုခြင်းက ရင်ခုန်စရာမကောင်းသလို စိတ်ဝင်စားဖို့လည်း မကောင်းပါဘူး။ကိုယ်ကဘာလုပ်ငန်းတွေလုပ်နေတယ် ဘယ်ရာထူး ဘယ်ကုပ္မဏီမှာလုပ်နေတယ်စသည်ဖြင့် ကိုယ့်အလုပ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ရှင်းပြနေတာတွေက တစ်ဖက်မိန်းကလေးအတွက်အတော်လေးပျင်းရိငြီးငွေ့စရာဖြစ်စေပါတယ်။ဒါကြောင့် First Date မှာအလုပ်အကြောင်းတွေခဏမေ့ ပြီး ရင်ခုန်စရာကောင်းတဲ့စကားလေးတွေသာပြောဆိုသင့်ပါတယ်။
(၃) ကိုးကယ်တဲ့ဘာသာမမေးပါနဲ့
Source : Shutterstock
First Date မှာမင်းဘာသာကိုးကွယ်လဲလို့ မေးတဲ့မေးခွန်းက တော်တော်လေး ကြောင်တောင်တောင်နိုင်တဲ့မေးခွန်းတစ်ခုဖြစ်စေပါတယ်။လူတစ်ယောက်မှာ ကြိုက်နှစ်သက်တဲ့ ဘာသာတရားကို လွတ်လပ်စာကိုးကွယ်ခွင့်ရှိသလို အချိန်တန်ရင်ဘာ ဘာသာကိုးကွယ်လဲဆိုတာသိလာမယ့် အရာတစ်ခုဖြစ်တာကြောင့် ပထမဆုံးအကြိမ်ဒိတ်လုပ်တဲ့အချိန်မှာ မေးဖို့မလိုအပ်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။
(၄) ကိုယ်ရေးကိုယ်တာတွေမမေးပါနဲ့
Source : Shutterstock
လူတစ်ယောက်မှာမပြောပြချင်တဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေအနည်းဆုံးတစ်ခုတော့ ရှိတက်ကြပါတယ်။ကိုယ်ကသူ့ချစ်သူ ဖြစ်သွားပြီပဲဆိုပြီး Privacy မရှိစွာမေးခွန်းထုတ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ဥပမာ လစာဘယ်လောက်ရလဲ ရည်းစားဘယ် နှစ်ယောက်ထားခဲ့ဖူးလဲ စသည်ဖြင့်တစ်ဖက်လူကိုစိတ် အနှောက်ယှက်ဖြစ်စေမယ့်စကားတွေ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုံးဝမမေးသင့်ပါဘူး။
(၅) အပြုသဘောမဆောင်နဲ့စကားတွေမပြောပါနဲ့
Source : Shutterstock
Negative ဆန်ပြီး အဆိုးဘက်ကိုဦးတည်နေတဲ့စကားမျိုးတွေကိုယ်နဲ့ သူရဲ့ Relationship ကိုထိခိုက်စေမယ့်စကားမျိုးတွေကို တက်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။အငြင်းပွာရမယ့် စကားမျိုးတွေကိုလည်း အထူးရှောင်ကျဉ်သင့်ပါတယ်။ First Date မှာကတည်းက ငြင်းခုန်နေရမယ်ဆိုရင်တော့ ဘယ်မိန်းကလေးမှ သဘောကျမှာမဟုတ်ပါဘူး။အတက်နိုင်ဆုံးအလိုက်အထိုက်လေးဆက်ဆံပြီး ကြည်နူးပျော်ရွှင်စွာပဲ First Date ကိုကုန်ဆုံးသင့်တာဖြစ်ပါတယ်။