လောကမှာ အချိန်ဆိုတာ အစားထိုးလို့မရတဲ့အရာတစ်ခုပါ။ ကုန်ဆုံးသွားတဲ့အချိန်တွေကို အစားပြန်ဝယ်လို့မရနိုင်ပါဘူး။ အရာရာတိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အချိန်ဆိုတာ အဖိုးတန်လှပါတယ်။ အချိန်ကို တန်ဖိုးထားတဲ့သူတွေအတွက် နာရီဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

နာရီအသုံးအဆောင်ပစ္စည်း ဝယ်ယူတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့နာရီကို ရွေးချယ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါ့အပြင် ဈေးသိပ်မကြီးဘဲ ဈေးနှုန်းသင့်တင့်တဲ့နာရီလည်း ဖြစ်ရပါမယ်။ ဘယ်နာရီတံဆိပ်အမျိုးအစားတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Victorinox Swiss Army

နာရီအမျိုးအစားတွေထဲမှာ ဆွစ်ဇာလန်နိုင်ငံထုတ်နာရီကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒီနာရီကလည်း  ဆွစ်ဇာလန်နိုင်ငံထုတ်နာရီဖြစ်တဲ့အတွက်ကြောင့် ခြစ်ရာ၊ ရှရာ၊ ပွန်းပဲရာများ မထင်အောင် ထုတ်လုပ်ထားတဲ့ အကြမ်းခံနာရီပဲဖြစ်ပါတယ်။ ၃ နှစ်အာမခံပါရှိပြီး ဈေးနှုန်းကတော့ ၃၃၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Casio G-Shock

မြန်မာနိုင်ငံမှာ နာမည်အကြီးဆုံးနာရီအမျိုးအစားကတော့ G-Shock ပဲဖြစ်ပါတယ်။ အကြမ်းခံတဲ့ ဒီနာရီကတော့ ၇၁.၀၈ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

Casio G-Shock

ဒီတံဆိပ်ကလည်း ခုနကတံဆိပ်နဲ့ အတူတူပါပဲ။ စီးရီးနဲ့မော်ဒယ်နံပါတ်လေးတွေပဲ ကွာသွားတာပါ။ ဘက်ထရီက ၂ နှစ်အာမခံ ပါရှိတဲ့အမျိုးအစားတစ်ခုပါ။ ဈေးနှုန်းကတော့ ၇၈.၅၅ ဒေါ်လာဖြစ်ပါတယ်။

Invicta

ဂျပန်နိုင်ငံထုတ် Invicta နာရီကတော့ ကျောက်ကိုသွေးပြီး အကွက်ဖော်ထားတဲ့ လက်ပတ်နာရီအမျိုးအစားပဲဖြစ်ပါတယ်။ ရေအနက် ၂၂၀ မီတာ (၆၆၀ ပေ) အထိ ရေစိမ်ခံပြီး ဈေးနှုန်းကတော့ ၁၀၉.၉ ၅ ဒေါ်လာဖြစ်ပါတယ်။

Timex Expedition

အမေရိကန်နိုင်ငံထုတ် Timex Expedition နာရီအမျိုးအစားကတော့ ရေအနက် ၅၀ မီတာ (၁၆၅ ပေ) အထိ ရေစိမ်ခံနိုင်ပါတယ်။ ဒါပေမဲ့ အကြာကြီးရေကူးလို့တော့ မရလောက်ပါဘူး။ လက်ပတ်ကြိုးကတော့ အစိမ်းရောင်လက်ပတ်ဖြစ်ပြီး ဈေးနှုန်းကတော့ ၄၃.၉၅ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Hamilton

ဂန္တဝင်ဆန်တဲ့အမျိုးသားတွေအတွက် အမေရိကန်နိုင်ငံထုတ် Hamilton နာရီက ဦးစားပေးရွေးချယ်သင့်တဲ့နာရီပါပဲ။ အညိုရောင် သားရေလက်ပတ်ကြိုးဒီဇိုင်းဖြစ်ပြီး ရက်စွဲကြည့်ဖို့အတွက် တစ်ခါတည်း ပါရှိပြီးသားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၄၉.၃၈ ဒေါ်လာဖြစ်ပါတယ်။

Michael Kors

MK ကတော့ ဇိမ်ခံနာရီအမျိုးအစားပဲဖြစ်ပါတယ်။ ဝတ်ထားသူကို ဝံ့ကြွားတဲ့အသွင်ဖော်ဆောင်ပေးပြီး အမိုက်စားစတိုင်လ်ပိုင်ဆိုင်နိုင်မယ့် နာရီအမျိုးအစားပါ။ ဈေးနှုန်းကတော့ ၁၄၉.၇၆ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။

Samsung Galaxy Watch

အလုပ်တွေများလွန်းလို့ နာရီနဲ့ပဲ ဖုန်းပြောပြီး မက်ဆေ့ခ်ျပို့တာတွေရော နာရီနဲ့ပဲပြုလုပ်ချင်တယ်ဆိုရင် စမတ်နာရီထဲမှာ Samsung Galaxy နာရီကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ များပြားလွန်းတဲ့အလုပ်ချိန်တွေကြောင့် အာရုံမများအောင် ကူညီပေးပြီး စတိုင်လ်ကျစေမှာပါ။ ဈေးနှုန်းကတော့ ၅၅၀.၉၈ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Fossil

Fossil နာရီကလည်း ဈေးနှုန်းသင့်တင့်တာကြောင့် မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ နာရီအမျိုးအစားတစ်ခုပါပဲ။ သားရေလက်ပတ်အညိုရောင်နဲ့ နာရီဒိုင်ခွက် အပြာရောင်တို့ရဲ့ ပေါင်းစပ်မှုက သင့်ကို စတိုင်လ်ကျလှပစေမှာပါ။ ဈေးနှုန်းကတော့ ၉၂.၃၈ ဒေါ်လာနဲ့ ပေးဝယ်ရပါမယ်။

Source: thetrendspotter.net