အမျိုးသားတွေရဲ့ ဖက်ရှင်လို့ဆိုလိုက်ရင် အကွက်ဒီဇိုင်းအစုံအလင်ရှိတဲ့ ရှပ်အင်္ကျီလေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ အရောင်အသွေးအမျိုးမျိုးရှိပြီး ဝတ်ဆင်ရတာလည်း သက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးရှိတာကြောင့် အမျိုးသားတိုင်းရဲ့ လက်စွဲတော်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေကျရင် ကိုယ်ဝယ်လိုက်တဲ့ အကွက်အင်္ကျီမှာ အရောင်နဲ့ ဒီဇိုင်းအမျိုးမျိုးဖြစ်သွားတဲ့အခါ အောက်ကနေ ဘယ်လိုလိုက်အောင်ဝတ်ရမယ်၊ ဘယ်လိုကြည့်ကောင်းအောင် ဆင်ရမလဲဆိုတာ ရှုပ်သွားနိုင်ပါတယ်။

ဒါကြောင့် အကြည့်တစ်ချက်မှာ စမတ်ကျသွားစေမယ့် အကွက်ဖက်ရှင်အတွဲအစပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: vialaven.com