တက်တူးထိုးတဲ့ ယောကျာ်းလေးအများစုက နာကျင်မှု အနည်းဆုံးဖြစ်ဖို့ရန်အတွက် တက်တူးထိုးတဲ့အခါ အသားများတဲ့နေရာမှာပဲ ထိုးလေ့ရှိကြပါတယ်။ အရိုးများတဲ့ နေရာမှာ တက်တူးထိုးမိရင် ထိုးနေစဉ်အတွင်းမှာ နာကျင်မှုဒဏ်ကို တော်တော်ခံစားရပါတယ်။

ဒါပေမဲ့ တချို့ယောကျာ်းများအတွက်ကတော့ ထိုနာကျင်မှုက အသေးအဖွဲလေးပဲဖြစ်ပြီး အရိုးများတဲ့နေရာပေါ်မှာ တမင်သက်သက် ရေးထိုးကြပါတယ်။ ဒီလိုနာကျင်မှုကို မမှုတဲ့ ယောကျာ်းများအတွက် နံရိုးတစ်လျှောက်မှာ ရေးထိုးနိုင်တဲ့ အမိုက်စား တက်တူးတချို့ကို ဝေမျှပေးလိုက်ပါတယ်။

ငှက်မွှေးပုံတက်တူး

rib tattoos for men

တက်တူးဒီဇိုင်းတစ်ခုချင်းစီမှာ အဓိပ္ပာယ်အသီးသီးရှိကြပါတယ်။ ဒီငှက်မွှေးပုံတက်တူးကတော့ ရဲစွမ်းသတ္တိရှိမှု၊ ခွန်အားကြီးမှုနှင့် ဉာဏ်အမျှော်အမြင်ရှိမှုတို့ကို ကိုယ်စားပြုပါတယ်။

စာသားတက်တူး

rib tattoos for men

အချို့ကလည်း အမှတ်တရနေ့စွဲများ ရေးထိုးထားကြသလို မိမိချစ်တဲ့သူတွေရဲ့နာမည်တွေကို ရေးထိုးထားလေ့ရှိပါတယ်။ သင့်အနေနဲ့ မိမိကို စိတ်ခွန်အားဖြစ်စေမယ့် စာသားများကို သေချာရှာဖွေပြီး ထိုးလို့လည်း ရပါတယ်။

အိပ်မက်ဖမ်းသူ

rib tattoos for men

ဒီတက်တူးကတော့ ကာကွယ်စောင့်ရှောက်မှုကို ကိုယ်စားပြုပြီး မကောင်းတဲ့ အပ်မက်များ၊ မကောင်းတဲ့အတွေးများကို ဖယ်ရှားပေးပါတယ်။

ဝံပုလွေတက်တူး

rib tattoos for men

ဝံပုလေပုံတက်တူးများက မိသားစုကို ကိုယ်စားပြုပါတယ်။ ဝံပုလွေများက တောကြီးမျက်မည်းထဲမှာ မိသားစုလိုက် အစုအဖွဲ့အလိုက် အမဲလိုက်လေ့ရှိကြပါတယ်။ ဒီတက်တူးထိုးထားခြင်းအားဖြင့် သင့်ဘဝထဲမှ အထီးကျန်ဆန်မှုကို ဖယ်ရှားပေးပြီး သစ္စာစောင့်သိမှုကိုလည်း ဖော်ကျူးပေးနိုင်ပါတယ်။

မြွေပုံတက်တူး

rib tattoos for men

မြွေပုံတက်တူးများကတော့ နေရာဒေသပေါ် မူတည်ပြီး သူ့ရဲ့အဓိပ္ပာယ်ကလည်း ကွဲသွားပါတယ်။ မြွှေပုံတက်တူးများက ဒဏ်ရာကျက်စေခြင်း (သို့) သေခြင်း (သို့) ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ သင့်အနေနဲ့ နံရိုးပေါ်မှာ တက်တူးထိုးချင်တယ်ဆိုရင်တော့ မြွေပုံတက်တူးက အကောင်းဆုံးပါပဲ။

နဂါးပုံတက်တူး

rib tattoos for men

ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ နဂါးကတော့ အကြောက်အရွံ့ကင်းခြင်းကို ကိုယ်စားပြုပါတယ်။ အနီရောင်နဂါးကတော့ ဉာဏ်ပညာကို ကိုယ်စားပြုပြီး အမဲရောင်နဂါးကတော့ ခွန်အားကြီးခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းတို့ကို ကိုယ်စားပြုပါတယ်။

Source: Thetrendspotter.net