ဂျက်ကတ်တွေက ရာသီဥတုအေးတဲ့အချိန်တွေမှာ စတိုင်လ်ကျကျနဲ့ ရှိုးထုတ်လို့အကောင်းဆုံး ဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ မိုးတွင်းပဲ ဖြစ်ဖြစ် ဆောင်းလိုမျိုး အေးစက်နေတဲ့ ရာသီပဲ ဖြစ်ဖြစ် ဝတ်လို့ ကောင်းသလို ခရီးသွားတိုင်းလည်း ဆောင်ထားသင့်တဲ့ အဝတ်အစားထဲမှာ ပါပါတယ်။ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသားတွေနဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျတဲ့ ဂျက်ကတ်တွေအမျိုးအစားတွေကို ပြောပြပေးမှာပါ။

Leather Jacket

Leather Jacket

Photo : Business Insider

အမျိုးသားတွေအတွက် ဖက်ရှင်ကျတဲ့ ဂျက်ကတ်တွေထဲမှာ Leather Jacket တွေကထိပ်ဆုံးကပါဝင်ပါတယ်။ Leather Jacket တွေက လူငယ်ဆန်တယ် ၊ စတိုင်မိပြီး တက်ကြွအားကောင်းတဲ့ ဖက်ရှင်အငွေ့အသက်တွေ ပေးပါတယ်။

Bomber Jackets

Bomber Jackets

Photo : Ties.com

လူငယ်တွေအတွက်အလိုက်ဖက်ဆုံးက Bomber Jackets တွေပါပဲ။ လူငယ်ဆန်တဲ့ Vibe ကိုပေးပြီး စတိုင်လ်လဲကျပါတယ်။ Bomber Jacket ဝယ်မယ်ဆိုရင် တစ်ခြားသူတွေ ဝတ်တတ်တာမျိုးကို မကြည့်ဘဲ ကိုယ့်ရဲ့ Personality နဲ့ လိုက်ဖက်တဲ့ ဂျက်ကတ်ဒီဇိုင်းကိုပဲ ဦးစားပေး ရွေးချယ်သင့်ပါတယ်။

Denim Jacket

Denim Jacket

Photo : Next Luxury

လူကြိုက်အများဆုံး Jacket တွေကိုပြောပါဆိုရင်တော့ Denim Jacket တွေကမပါမဖြစ်ပါပဲ။ Timeless ဖက်ရှင်မျိုးဖြစ်တဲ့အပြင် အကြမ်းခံပြီး နှစ်တွေအကြာကြီး ဝတ်လို့ ရတဲ့ အကောင်းဆုံး Jacket အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Featured Photo : HiConsumption