COVID-19 ကပ်ရောဂါကြောင့် လူတိုင်း အိမ်ထဲမှာပဲ နေဖို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေ တိုက်တွန်းနှိုးဆော်နေပါတယ်။ နှစ်ပေါင်းများစွာအတွင်း အခုလို လူတိုင်း အိမ်မှာ ခြေချုပ်မိတဲ့အဖြစ်ဟာ ဒီတစ်ကြိမ် ပထမဆုံးပဲ ဖြစ်ပါတယ်။ အရင်က အိမ်မကပ်တဲ့ သူတွေအတွက် LockDown ကာလဟာ စိတ်ပျက်ဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာလ ကိုယ်အိမ်ထဲက နံရံလေးဘက်အကြား နေထိုင်ရတုန်းမှာ စိတ်တွေရှုပ်ထွေးနောက်ကျိတာ ၊ ပျင်းရိငြီးငွေ့ပြီး စိတ်လေတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒီပြဿနာတွေကို သက်သာစေဖို့အတွက် အခုပြောမယ့် နည်းလမ်းတွေ လုပ်ပေးနိုင်ပါတယ်။
(၁) တရားထိုင်ခြင်း
Photo: Freepik
စိတ်ကို အေးချမ်းအောင် ထားဖို့ အကောင်းဆုံးနည်းလမ်းက နေ့စဉ်ဘဝမှာ ပုံမှန်တရားထိုင်တဲ့ အလေ့အကျင့် လုပ်ပေးတာပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ကြည်လင်ရုံတင်မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါစနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ပုံမှန် တရားထိုင်တတ်သူဟာ ကိုလက်စထရောလယ်ဗယ် ကျဆင်းတာကြောင့် ကိုယ်ခံအား မြင့်လာသလို ပိုပြီးလည်း အကောင်းမြင်တတ်လာပါတယ်။
(၂) သူငယ်ချင်းတွေနဲ့ စကားပြောခြင်း
Photo: Freepik
သင့်ဖုန်းထဲကနေ သူငယ်ချင်းတွေနဲ့ Video Call ခေါ်ပြီး ဆက်သွယ်ဖြစ်တာကလည်း သင့်စိတ်ကို ငြီးငွေ့ပျင်းရိတဲ့အခြေအနေကနေ သက်သာစေပါတယ်။ အခုလို Lockdown ကာလကို မတွေ့ဖြစ်တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောဖြစ်ဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ တစ်နည်းအားဖြင့် ရင်းနှီးပြီးသား လူ့အဖွဲ့အစည်းနဲ့ ကိုယ့်ကိုယ်ကို ပြန်နီးကပ်အောင် လုပ်တာလည်း ဖြစ်ပါတယ်။
(၃) ဂိမ်းကစားခြင်း
Photo: Freepik
Chess ၊ Monopoly နဲ့ Scrabble တို့လို Board ဂိမ်းဟောင်းလေးတွေ ကစားတာက သင့်စိတ်ကို ရွှင်မြူးစေပါတယ်။ ဖုန်းနဲ့ဆိုရင်လည်း Offline နဲ့ Video Games တွေ ကစားနိုင်ပါတယ်။ တိုက်ခိုက်ရေးဂိမ်းတွေ ကြိုက်သူတွေအတွက်လည်း မိုဘိုင်းဗားရှင်းအနေနဲ့ ဂိမ်းတွေအများကြီး ထွက်ထားလို့ Play Store ၊ App Store တို့ကနေ ဒေါင်းလုပ်ဆွဲပြီး ကစားနိုင်ပြီ ဖြစ်ပါတယ်။
(၄) စာဖတ်ခြင်း
Photo: Freepik
တစ်ချို့လူတွေက ငြိမ်ငြိမ်လေးနေပြီး စာဖတ်ရတာကို ဝါသနာပါပါတယ်။ အိမ်တွင်းအောင်းနေချိန်မှာ အကောင်းဆုံးက စာအုပ်တွေနဲ့ နှပ်နေတာဖြစ်ပါတယ် ။ မဖတ်ရသေးတဲ့ စာအုပ်တွေ စာရင်းလုပ်ပြီး တစ်အုပ်ချင်း ဖတ်ရတာလည်း တကယ့်ဇိမ်ပါပဲ။ အွန်လိုင်းမှာ အခမဲ့ ဒေါင်းလုပ်ဆွဲပြီး ဖတ်နိုင်တဲ့ စာအုပ်ဝက်ဘ်ဆိုက်တွေလည်း ရှိလို့ အခုချိန်မှာ စာအုပ်တွေ စိတ်ကြိုက်တဝကြီး ဖတ်လို့ရမှာပါ။
(၅) အချက်အပြုတ်
Photo: Freepik
အိမ်မှာနေရင်း အရသာရှိတဲ့ ဟင်းအမယ်သစ်တွေ ချက်ပြုတ်ရတာလည်း စိတ်ဝင်စားစရာပါ။ ဟင်းချက်တယ်ဆိုတာ ယောင်္ကျား ၊ မိန်းမမရွေး လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါတယ်။ ဝါသနာပါရင်တော့ အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေပေါ်ကနေ ဟင်းအချက်အပြုတ်နည်းယူလို့ ရပါတယ်။