အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆိုတာ စံတန်ဖိုးကောင်းတွေနဲ့ ချိတ်ဆက်ရက်လုပ်ထားတဲ့ အနုပညာတစ်ရပ်လိုပါပဲ။ Relationship ကောင်းတစ်ခုကို တည်မြဲအောင် ထိန်းသိမ်းတာကလည်း အနုပညာတစ်ရပ်လို လေးနက်တာပါပဲ။ ဒီတစ်ခေါက်မှာတော့ ရေရှည်မြဲမြံတဲ့ ဆက်ဆံရေးကောင်းတစ်ခုဖြစ်လာဖို့ သိထားသင့်တဲ့ ပင်မစံတန်ဖိုးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ယုံကြည်မှု

Trust

Photo: Unsplash

ယုံကြည်မှုဟာ Relationship တစ်ခုရဲ့ အခြေခံပင်မတန်ဖိုးတစ်ခုပါပဲ။ ယုံကြည်မှုမရှိရင် အောင်မြင်တဲ့ လူမှုဆက်ဆံရေးတစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် ယုံကြည်လို့ မရဖြစ်လာရင် အတူတူ လက်ချိတ်သွားဦးတော့ ကျောပေးပေါင်းလောက်အောင် စိတ်ချရတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ မရှိပါဘူး။

(၂) ဘာသာရေး

Religion

Photo: Unsplash

ဘာသာရေးတံတိုင်းကြောင့် Relationship တစ်ခု ဖြစ်ရမယ် ၊ ပျက်စီးမယ်ဆိုတာတော့ ယုတ္တိမရှိပါဘူး။ဒါပေမယ့်လည်း ယုံကြည်မှုပြင်းထန်မှုတွေ ၊ ဆန့်ကျင်ဖီလာတဲ့ ယုံကြည်မှုနောက်ခံနဲ့ လာတဲ့ လူနှစ်ယောက်အဖို့ တစ်ယောက်နဲ့တစ်ယောက် အနီးစပ်ဆုံးဖြစ်လာဖို့ ခက်ပါတယ်။ ဒါကြောင့် ဘာသာရေးတွေ ဆန့်ကျင်ဖက်ဖြစ်လွန်းရင်လည်း ရေရှည်တည်မြဲတဲ့ဆက်ဆံရေးဖြစ်ဖို့ မလွယ်ပါဘူး။ဘာသာရေးဟာ Relationship တစ်ခုရဲ့ Value ဖြစ်တယ်ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။

(၃) ဆက်သွယ်မှု

Communication

Photo: Unsplash

Communication မရှိရင်လည်း ရင်းနှီးပါတယ်ဆိုတဲ့လူတွေဟာ သူစိမ်းဖြစ်သွားနိုင်ပါတယ်။ ထိရောက်တဲ့ ဆက်ဆံရေးဟာ ရန်သူတွေကိုတောင် အကျွမ်းတဝင် ခင်မင်ရင်းနှီးလာစေနိုင်ပါတယ်။ ဆက်သွယ်မှုဟာ ရေရှည်တည်တံ့မြံမြဲတဲ့ Relationship တစ်ခုမှာ အရေးပါတဲ့ စံတန်ဖိုးတစ်ခုလည်း ဖြစ်ပါတယ်။

(၄) ရိုးသားမှု

Be Honest

Photo: Unsplash

Relationship တိုင်းမှာ ရိုးဖြောင့်မှုဟာ အရေးပါတဲ့ Core Value တစ်ခု ဖြစ်ပါတယ်။ ရိုးဖြောင့်မှုရဲ့ တန်ဖိုးဟာ အဖိုးတန်လွန်းလို့ ဈေးဖြတ်လို့ မရပါဘူး။ လူနှစ်ယောက်ဆက်ဆံရေးမှာ တစ်ယောက်ကိုတစ်ယောက် ရိုးသားနေရင် အဲ့ဒီရိုးသားမှုအခြေခံတဲ့ ဆက်ဆံရေးဟာ အမြဲတမ်း တည်မြဲဖို့ အခြေခံကောင်းတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်ပါတယ်။

Featured Photo: Vix