ရာသီဥတုကတဖြေးဖြေးပူလာတယ်လို့ ခံစားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အခုလိုပူတဲ့အချိန်မျိုးမှာ ဖုန်တွေ ၊ ချွေးနဲ့ နေရောင်ဟာ သင့်ရဲ့ ပုံပန်းသွင်ပြင်ကို တရိရိ ပွတ်တိုက်ဖျက်ဆီးတော့မှာဖြစ်လို့ အသားအရေနိုင်ခြေပိုများပါတယ်။ ဒါကြောင့်နေလောင်ပျက်စီးမှုတွေ ကာကွယ်နိုင်ဖို့ အမျိုးသားတိုင်းဆောင်ထားသင့်တဲ့ အလှပဆိုင်ရာပစ္စည်း တွေပြောပြပေးချင်ပါတယ်။

(၁) Toner

Man Cleaning Face with Toner

Photo : Times of India

ရေချိုးပြီးတိုင်းမှာ Tona တစ်စက်နှစ်စက်လောက်ကို ဂွမ်းဖတ်ပေါ် လောင်းချပြီး မျက်နှာကို ပွတ်ပေးသင့်ပါတယ်။ ဒါဆို မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပြန်မှုတွေ ၊ အညစ်အကြေး နဲ့ မျက်နှာကြမ်းတမ်းမှုတွေ ဖယ်ရှားသန့်စင်ပေးသွားမှာပါ။

(၂) Deodorant

man take Deodorant

Photo : Men’s Health

ချွေးသိပ်မထွက်ပါဘူးဆိုတဲ့သူတောင် နွေရာသီမှာ ကိုယ်ခန္ဓာကနေ ချွေးနံ့ဆိုး မထွက်စေဖို့ Deodorant လိမ်းပေးဖို့လိုပါတယ်။ ချွေးနံ့ပျောက်ဆေးဝယ်မယ်ဆိုရင် alcohol မပါဘဲ အနံ့သိပ်မပြင်းတဲ့ ထုတ်ကုန်မျိုး ပိုရွေးဖို့ အကြံပေးချင်ပါတယ်။

(၃) Sunscreen

man Applying Sunscreen

Photo : The Manual

နေရောင်အောက်မှာ သွားလာနေရသူဟာ နှစ်နာရီကြာတိုင်း နေလောင်ခံ Sunscreen လိမ်းပေးသင့်ပါတယ်။ UVA နဲ့ UVB ရောင်ခြည် နှစ်မျိုးစလုံးက‌ ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေး သုံးသင့်ပါတယ်။ SPF 30 နဲ့ အထက် Sunscreen တိုင်းက နွေရာသီမှာ ပုံမှန်သုံးသင့်တဲ့ အလှကုန်တွေပါ။

Featured Photo : Tech Explorist