ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို လျင်မြန်စွာ ပြန့်နှံ့လာနေပါတယ်။ မက်လ ၁၃ ရက်နေ့အထိ လူပေါင်း ၁၃၀၀၀၀ ကျော်ကူးဆက်ခံထားရပြီး ၅၀၀၀ ကျော် သေဆုံးခဲ့ပါပြီ။

တရုတ်ပြည်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားနဲ့ပက်သတ်တဲ့ ပွဲတွေ အကုန်လုံးနီးပါး ရပ်ဆိုင်းကုန်ကြပါပြီ။ ဒီလို ရပ်ဆိုင်းတဲ့အထဲမှာ ပရီးမီးယားလိဂ် လည်းအပါအဝင်ဖြစ်ပါတယ်။

တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် လုံးဝဖျက်သိမ်းပါက လီဗာပူး ချန်ပီယံဖြစ်နိူင်သလား ဆိုတဲ့ မေးခွန်းကလည်း အခုတလော ရေးပန်းစားနေပါတယ်။

Source: Daily Mail

တကယ်လို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် လုံးဝဖျက်သိမ်းခဲ့ပါက လီဗာပူးအသင်း ချန်ပီယံဖြစ်ဖို့ အာမခံချက်မရှိဘူးလို့ Telegraph ကဖော်ပြထားပါတယ်။

ဒါကတော့ နှစ်ပေါင်း ၃၀ အကြာမှာ ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူဖို့ နီးစပ်နေတဲ့ လီးဗားပူး ပရိသတ်တွေအတွက်တော့ သတင်းဆိုးပါပဲ။

မက်လ ၁၃ ရက်နေ့က အာဆင်နယ်နည်းပြ Arteta နှင့် ချဲလ်ဆီး တောင်ပံကစားသမား Hudson-Odoi တို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်မှာတော့ ပွဲစဉ်တွေအားလုံးကို ဧပြီလ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာထားပါတယ်။

Source: This is Anfield

ဗိုင်းရပ်စ် ကူးစက်မူကြောင့် အီတလီစီးရီးအေ နဲ့ စပိန် လာလီဂါ ပြိုင်ပွဲတွေကိုလည်း ရပ်နားထားလိုက်ရပြီဖြစ်ပါတယ်။ အီတလီနိူင်ငံဟာ ဥရောပမှာ ဗိုင်းရပ်စ် ကူးစက်မူ အဆိုးဝါးဆုံး ခံနေရတဲ့ နိူင်ငံဖြစ်ပြီး လူပေါင်း ၁၅၀၀၀ ကျော် ကူးစက်ခံထားရပါပြီ။ ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ် ပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းထားပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းမှာတော့ ပြိုင်ပွဲတွေ အစောကြီးရပ်နားခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတာ ထည့်သွင်းရေးဆွဲထားခြင်း မရှိပါဘူး။ အက်ဖ်အေ အကြီးအကဲ Greg Clarke ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို အဆုံးထိ ကျင်းပနိူင်ဖွယ် မရှိဘူးလို့ ပြောဆိုထားပါတယ်။

Source: Talk Sport

တကယ်လိုသာ ရာသီမကုန်သေးပဲ ပြိုင်ပွဲတွေ ရပ်နားခဲ့ရင် တန်းတတ်တန်းကျအသင်းတွေ နှင့် ချန်ပီယံလိဂ်ဝင်ခွင့် အသင်းတွေကိုဘယ်လိုဆုံးဖြတ်ကြမလဲ၊ လီဗာပူးအသင်း ကို ချန်ပီယံဖလား ပေးမလားဆိုတာကတော့ အခုထိ အဖြေမထွက်သေးပါဘူး။