စစ်တမ်းတခုအရကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေရှိတဲ့နိုင်ငံတွေအဖြစ် ဗုတ်ပေးရွေးချယ်ထားတဲ့နို င်ငံတွေထဲက (၅)နိုင်ငံအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေလဲသိရအောင် အောက်မှာဖတ်ကြည့်ပေးပါဦး။

(၁) တူရကီ

နံပါတ် ၁ကတော့ တူရကီပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်ကဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တူရကီနိုင်ငံကိုအားလုံးက ရွေးချယ်ထားပါတယ်။ တူရကီအမျိုးသားအများစုဟာ ညှိ့အားပြင်းတဲ့မျက်လုံး၊ ယောင်္ကျားဆန်တဲ့မျက်နှာကျနဲ့ ချိုသာတဲ့အပြုံးတွေရှိကြပါတယ်။ ဒီအချက်တွေကို တူရကီနာမည်ကျော်မော်ဒယ်သရုပ်ဆောင် Mehmet Günsür ကိုကြည့်ရင် အသိသာဆုံးဖြစ်မှာပါ။

(၂) လက်ဘနွန်

နံပါတ် ၂ကတော့ လက်ဘနွန်အမျိုးသားတွေပဲဖြစ်ပါတယ်။ လက်ဘနွန်အမျိုးသားအများစုက စမတ်ကျကျ ဝတ်စားဆင်ယင်တတ်ကြပြီး လိုက်ဖက်တဲ့ဆံပင်ပုံကိုလဲရွေးချယ်တတ်ကြပါတယ်။ သူ့တို့ကိုယ်သူတို့ ဆွဲဆောင် မှုရှိတယ်ဆိုတာသိကြပြီး ရုပ်ပိုင်းဆိုင်ရာကိုယုံကြည်မှုရှိကြပါတယ်။

(၃) အီတလီ

အီတလီအမျိုးသားတွေဟာ စတိုင်လ်ကျပြီး ဖက်ရှင်ကျတဲ့အသွင်အပြင်နဲ့မွေးဖွားလာကြသူတွေပါ။ နာမည်ကြီး အမျိုးသားဖက်ရှင်တံဆိပ်အများစုက အီတလီနိုင်ငံအခြေစိုက်ဖြစ်ပြီး အမျိုးသမီးတွေကလဲ အီတလီအမျိုးသား တွေဟာ ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတယ်လို့ယူဆကြပါတယ်။ အီတလီအချစ်ဇာတ်လမ်းတွေကလဲ နာမည်ကြီးပါတယ်။

(၄) စပိန်

 

အခုခေတ်မှာဘောလုံးပွဲတွေက အမျိုးသားပရိတ်သတ်တွေသာမက အမျိုးသမီးပရိတ်သတ်တွေပါဆွဲဆောင်နိုင်တယ်ဆိုတာ သိကြမှာပါ။ စပိန်အမျိုးသားအဆိုတော်တွေသာမက စပိန်ဘောလုံးသမားတွေပါ ကမ္ဘာတဝှမ်းကမိန်းကလေးငယ်တွေရဲ့အားပေးမှုကိုရထားပါတယ်။ ဒါ့အပြင် စပိန်နိုင်ငံက နှစ်စဉ်အမျိုးသားမော်ဒယ်များစွာထွက်ပေါ်နေပါတယ်။

(၅) အင်္ဂလန်

အမျိုးသမီးအများစုက ကိုယ်အမူအရာပြောဆိုဆက်ဆံမှု၊ ယဉ်ကျေးစွာဆက်ဆံတတ်မှုနဲ့ အမျိုးသမီးများအပေါ်လေးစားတဲ့အမူအရာတွေကြောင့် အင်္ဂလိပ်အမျိုးသားတွေကို သဘောကျတတ်ပါတယ်။ အင်္ဂလိပ်အမျိုးသားတွေ တောက်ပတဲ့မျက်လုံးတွေရှိပြီး ဖက်ရှင်ကျကျလဲဝတ်ဆင်တတ်ကြပါတယ်။