Country သီချင်းများကို နှစ်သက်တဲ့ သီချင်းချစ်သူများအနေနဲ့ Kenny Chesney ရဲ့ အချစ် သီချင်း တွေကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ နာမည်ကြီး Country အဆိုတော်တစ်ယောက်ဖြစ်တဲ့ Kenny Chesney သည် သီချင်း ပေါင်းများစွာကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။
သူ့ကို ၁၉၆၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူသည် Country အဆိုတော်တစ်ယောက်လည်းဖြစ်သလို သီချင်းရေးဆရာ၊ ဂစ်တာတီးခြင်းနှင့် သီချင်းများ ထုတ်ဝေခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။
သူ့ရဲ့သီချင်းကောင်းများ အမြောက်အမြားရှိတဲ့အနက် လူကြိုက်အများဆုံးသီချင်းများကို သီချင်းချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။
Me And You
ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးနဲ့ Slow Dance အကမျိုးဖြင့် အတူတူတွဲကချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို ရွေးချယ်သင့်ပါတယ်။
Fall In Love
မြူးမြူးကြွကြွ သီချင်းလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၤall In Love သီချင်းလေးက ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
I Want To Know What Love Is
သီချင်းလေးက မြူးမြူးကြွကြွရှိပေမယ့် သီချင်းစာသားများကတော့ ဝမ်းနည်းစရာအဓိပ္ပာယ်များနဲ့ ပြည့်နှက်နေတဲ့သီချင်းလေးတစ်ပုဒ်ပါ။
You Had Me From Hello
ကွီးတို့ဘဝမှာ မြင်မြင်ချင်းအချစ်မျိုး ခံစားဖူးတယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ခံစားကြည့်သင့်ပါတယ်။
Come Over
မချစ်သင့်တဲ့ တစ်စုံတစ်ယောက်ကို ချစ်မိနေတဲ့အခါမျိုးမှာ ဒီသီချင်းလေးကို နားဆင်ကြည့်သင့်ပါတယ်။
She’s Got It All
Country အဆိုတော် Kenny Chesney ရဲ့ ပရိသတ်တော်တော်များများကတော့ ဒီသီချင်းလေးကို အနှစ်သက်ဆုံးလို့ ပြောကြပါတယ်။
The Woman With You
ရိုးရှင်းပေမယ့် အဓိပ္ပာယ်ပြည့်စုံနေတဲ့ စာသားများနဲ့ ရေးဖွဲ့သီကုံးထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူအနားမှာ နေရတာ ပျော်ရတယ်၊ ကြည်နူးရတယ်ဆိုတဲ့သူတွေ အကြိုက်တွေ့မယ့်သီချင်းလေးပဲဖြစ်ပါတယ်။
You Save Me
You Save Me ကတော့ မြူးမြူးကြွကြွလေးနဲ့ ကခုန်လို့ကောင်းမယ့်သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Anything But Mine
ဒီသီချင်းလေးကလည်း ၂၀၀၀ ပြည့်နှစ်တုန်းက လူကြိုက်များခဲ့တဲ့ Country သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Somewhere With You
အသည်းကွဲရတဲ့ ခံစားချက်များ ခံစားနေရတဲ့အခါ အရာအားလုံးအပေါ် အဆိုးမြင်ပြီး ဘဝက ဆွေးမြေ့စရာကောင်းကြောင်း ရေးဖွဲ့ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။
Source: Tonestart
Featured Image: Countrythangdaily