ချစ်သူတစ်ယောက်ရလာတဲ့အခါ ကိုယ့်ချစ်သူ ကိုယ့်အနားမှာမရှိတဲ့အချိန်၊ သူ(မ)နဲ့ ဝေးနေရတဲ့အချိန်မှာ လွမ်းသလိုလို ဆွေးသလိုလိုနဲ့ ရင်မှာဟာတာတာကြီး ခံစားဖူးကြမှာပါ။ အဲ့ဒီလိုခံစားနေရတဲ့အခါ သူမရဲ့ကိုယ်ပွားက သင့်ရဲ့အလွမ်းစိတ်ကို ကုသပေးနိုင်ပါတယ်။ ဘယ်လိုကိုယ်ပွားလေးဖြစ်မလဲ။

သူမနဲ့ စုံတွဲတက်တူးထိုးခြင်းပဲဖြစ်ပါတယ်။ ဒီတက်တူးလေးရှိနေတော့ သူမအနားမှာမရှိပေမယ့် ဘေးနားမှာရှိနေသလို ခံစားရမှာပါ။ သင့်ရဲ့ ကောင်မလေးက တက်တူးထိုးချင်စိတ်ရှိ မရှိမေးကြည့်ပြီး တက်တူးထိုးချင်တယ်ဆိုရင်တော့ အခုပဲ စုံတွဲတက်တူးပြေးထိုးလိုက်ကြပါတော့။ ဘယ်လိုတက်တူးဒီဇိုင်းတွေ ထိုးရင် အထာကျမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

အလုပ်တွေ အရမ်းရှုပ်ပြီး ဘာမှမစဉ်းစားနိုင်တဲ့အချိန်မှာတောင် တက်တူးလေးမြင်ပြီး သူမကို မြင်ယောင်လာပြီး ကြည်နူးစိတ်လေးတွေ ဖြစ်ပေါ်စေမှာပါပဲ။ ထိုတက်တူးလေးတွေက သင်တို့နှစ်ယောက်ကြားက ချစ်ခြင်းကို ရှင်သန်စေမှာပဲဖြစ်ပါတယ်။

ရှုပ်ထွေးဆန်းကြယ်တဲ့ တက်တူးဒီဇိုင်းတွေ ရှာကြံထိုးစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ကောင်းတဲ့ဒီဇိုင်းတွေ အများကြီးရှိပါတယ်။ ဘုရင်နဲ့ ဘုရင်မတို့ရဲ့ သရဖူပုံထိုးတာမျိုး၊ သရဖူပုံ မထိုးချင်ဘူး၊ တက်တူးသေးသေးလေးပဲ ထိုးချင်တယ်ဆိုလည်း King ကို ကိုယ်စားပြုတဲ့ K စာလုံးထိုးခြင်းနဲ့ Queen ကို ကိုယ်စားပြုတဲ့ Q စာလုံးလေးတစ်လုံးထိုးထားရုံနဲ့တင် လုံလောက်ပါတယ်။ ဒါမှမဟုတ် သင်တို့နှစ်ယောက် ချစ်သူစဖြစ်တဲ့နေ့လေးကို အစွဲပြုပြီး ထိုနေ့စွဲကို တက်တူးအဖြစ်ထိုးထားရင်လည်း ရပါတယ်။ အရေးကြီးတာကတော့ နှစ်ယောက်စလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အဓိပ္ပာယ်​တွေနဲ့ ပြည့်နှက်နေဖို့ပါပဲ။

အခြားအထာကျပြီး မိမိုက်တဲ့ စုံတွဲတက်တူးဒီဇိုင်းလေးတွေကို တစ်ခါတည်းဖော်ပြပေးလိုက်ပါတယ်။

Source: tattoo-journal.com