ယနေ့ခေတ်တွင် တက်တူးရေးထိုးခြင်းသည် ခေတ်မီဖက်ရှင်တစ်ခုလိုဖြစ်လာပြီး လူငယ်အများအပြား ရေးထိုးလာကြတာကို တွေ့မြင်ရမှာပါ။ ယနေ့ခေတ်မှာ ကိုယ် မနှစ်သက်တော့တဲ့ တက်တူးကို ဖျက်ရတာလည်း လွယ်ကူလာတဲ့အတွက်ကြောင့် အရင်ကလို တက်တူးတစ်ခါထိုးတဲ့အခါ တစ်သက်လုံးသေရာပါသွားမယ်ဆိုတာမျိုး မရှိတော့ပါဘူး။

ဒါပေမဲ့ တက်တူးမထိုးခင်ကတည်းက သေချာစဉ်းစားဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ တက်တူးထိုးတဲ့အချိန်ပဲဖြစ်ဖြစ်၊ တက်တူးဖျက်တဲ့အချိန်ပဲဖြစ်ဖြစ် နာကျင်တတ်လို့ပဲဖြစ်ပါတယ်။

စိတ်တူကိုယ်တူရှိကြတဲ့ အချို့စုံတွဲများဆိုလျှင် သူတို့ရဲ့အချစ်ကို ဖော်ပြဖို့အတွက် စုံတွဲတက်တူးများ ရေးထိုးကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘယ်လိုတက်တူးမျိုးကို စုံတွဲတက်တူးအဖြစ် ရွေးချယ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းတစ်ခုကို ပုံဖော်ရေးထိုးလိုက်ပါ

Couple tattoos Ideas for Men

စုံတွဲတိုင်းမှာ သူတို့နှစ်သက်တဲ့ ရုပ်ရှင်၊ သီချင်း၊ တီဗွီဇာတ်လမ်းတွဲ စသည်ဖြင့် အသီးသီးရှိကြပါတယ်။ ထိုအထဲကမှ ကိုယ်အနှစ်သက်ဆုံး ဇာတ်ဝင်ခန်း (သို့) နှစ်ယောက်စလုံးအတွက် အဓိပ္ပာယ်ရှိမယ့် ဇာတ်ဝင်ခန်းလေးကို ဖန်တီးကာ စုံတွဲတက်တူးလေး ဖန်တီးလိုက်ပါ။

နှစ်ယောက်တစ်ဘဝ

Couple tattoos Ideas for Men

အသည်းပုံတစ်ခြမ်းစီကို တစ်ယောက် တစ်ခြမ်းစီ ရေးထိုးထာတာမျိုး၊ ခြင်္သေ့ခေါင်း တစ်ခြမ်းနှင့် ခြင်္သေ့မခေါင်း တစ်ခြမ်းကို တစ်ယောက်တစ်ခုစီ ရေးထိုးထားတာမျိုးလည်း ရေးထိုးနိုင်ပါတယ်။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်မယ့်သဘောမျိုးကို ဖော်ကျူးနေတာဖြစ်ပါတယ်။

အာကာသပေါ်ရှိ ဂြိုလ်များ

Couple tattoos Ideas for Men

အသေးစားတက်တူးဒီဇိုင်းတစ်ခုဖြစ်ပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ စုံတွဲနှစ်ယောက် အတူတူ ရပ်နေတဲ့အခါ ထိုတက်တူးလေးကို မြင်တွေ့ရမယ်ဆိုရင် အင်မတန်လှပတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သေးငယ်သော တက်တူးဒီဇိုင်း

Couple tattoos Ideas for Men

သင့်ကောင်မလေးသည် အခုမှ တက်တူးစထိုးမယ် (သို့) နာကျင်မှု မခံစားချင်ဘူး (သို့) ရှုပ်ထွေးကြီးမားတဲ့ တက်တူးမျိုး မနှစ်သက်ဘူးဆိုရင်တော့ ဒီလိုတက်တူးမျိုးကို ရွေးချယ်နိုင်ပါတယ်။ လိပ်ပြာပုံတက်တူး မထိုးချင်ဘူးဆိုရင်လည်း လခြမ်းပုံတက်တူး၊ အသည်းပုံတက်တူး၊ ကြယ်ပုံတက်တူး စသည်ဖြင့် ပြောင်းလဲရေးထိုးနိုင်ပါတယ်။

နေနဲ့လ ရွှေနဲ့မြ

Couple tattoos Ideas for Men

ဘယ်သူက နေမင်းကြီးကို ကိုယ်စားပြုတာလဲ ဘယ်သူက လခြမ်းလေးကို ကိုယ်စားပြုသလဲ စသည်ဖြင့် နှစ်ယောက်အတွက် အဓိပ္ပာယ်ရှိမယ့် စုံတွဲတက်တူးမျိုး ရွေးချယ်လိုက်ပါ။ ဒီလိုတက်တူးအသေးစားလေးတွေက ခြေကျင်းဝတ် (သို့) လက်ကောက်ဝတ် (သို့) ရင်ညွှန့်ရိုးပေါ်မှာ ရေးထိုးနိုင်ပါတယ်။

ကာတွန်းဇာတ်ကောင်များ

Couple tattoos Ideas for Men

လိုက်ဖက်တဲ့ ကာတွန်းဇာတ်ကောင်များသည်လည်း သင်တို့နှစ်ယောက်ရဲ့ Relationship ကို ပိုမိုချစ်ဖို့ကောင်းသွားစေပါတယ်။

ဓာတ်ပုံကို တက်တူးအဖြစ်ပြောင်းလဲခြင်း

Couple tattoos Ideas for Men

သင်တို့နှစ်ယောက်ရဲ့စုံတွဲပုံကို တက်တူးအဖြစ် ပြောင်းလဲလိုက်တဲ့အခါ တကယ့်ကို ချစ်ဖို့ကောင်းနေစေမှာအမှန်ပါပဲ။

Groot ချစ်သူများအတွက်

Couple tattoos Ideas for Men

သင်တို့စုံတွဲသည် Marvel ပရိသတ်တွေဆိုရင်တော့ Groot တက်တူးလေးကို နှစ်သက်ကြမှာပါ။ စုံတွဲထိုးထားတဲ့အခါ သင်တို့ရဲ့ Relationship ကို တစ်နည်းတစ်ဖုံ ထုတ်ကြွားချင်သူများအတွက် ချစ်စရာကောင်းတဲ့ တက်တူးလေးပါပဲ။

Source: Savedtattoo.com

Featured Image Source: Toptrendsguide