လီဗာပူးအသင်းက ဘရာဇီးကွင်းလယ်ကစားသမား ကော်တင်ဟို ကို ၂၀၁၈ ခုနှစ်တွင် ဘာစီလိုနာအသင်းထံ ရောင်းချခဲ့ပါတယ်။

ဘာကာဟာ အဆိုပါကစားသမားအတွက် ယူရိုသန်း ၁၂၀ အသုံးပြုခဲ့ရပြီးတော့ ကာလရှည်စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းကို ရောက်ပြီး (၈) လအကြာမှာပဲ ဂျာမန် ကလပ် ဘေယန်မြူးနစ်အသင်းထံ အငှားချခြင်းခံခဲ့ရပါတယ်။

Source: FC Barcelona Noticias

လာလီဂါ ပထမရာသီမှာ စိတ်ပျက်ဖွယ်ခြေစွမ်းတွေကြောင့် ဘေယန်အသင်းထံ အငှားချခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ တကယ်လို ကော်တင်ဟိုသာ ဂျာမန်မြေမှာခြေစွမ်းပြနိူင်ခဲ့ပါကဘေယန် အသင်းထံ ရောင်းချပြီး သူ့အတွက် သုံးလိုက်ရတဲ့ ယူရို သန်း ၁၂၀ ကိုပြန်လည်ရှာဖွေဖို့ပါပဲ။

ဒါပေမဲ့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ကောတင်ဟို ဟာ ဂျာမန်မြေမှာလည်း ခြေစွမ်းပြနိူင်ခြင်းမရှိတာကြောင့် အရန်ခုံမှာပဲ အချိန်ကုန်ရတာက များနေပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ ၂၀၁၉ မှာ Werder Bremen ကစားခဲ့တဲ့ပွဲစဉ်တွင် (၃) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးပေးခဲ့ပြီးကတည်းက ဂိုးပေါက်ပျောက်နေခဲ့တာပါ။

ဘေယန်နည်းပြ Hansi Flick ဟာအဆိုပါကစားသမားကို အခွင့်အရေးတွေ ပေးခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းမပြနိူင်တာကြောင့် အရန်ခုံမှာပဲ ပို့ထားခဲ့ပါတယ်။

Source: Four-Four-Two

လီဗာပူး ကစားသမားဟောင်း အချို့ကတော့ ကော်တင်ဟိုအနေနဲ့ အန်ဖီးကွင်းကို ပြန်လည်ခြေချသင့်တယ်လို့ အကြံပေးနေကြပါတယ်။

ကော်တင်ဟိုကို ရောင်းချခဲ့တာဟာ လီဗာပူးအသင်းအတွက် အကျိုးများစွာဖြစ်ထွန်းခဲ့ပြီး Virgil van Dijk နှင့် Alisson တို့လို ကစားသမားကောင်းတွေကို ဝယ်ယူနိူင်ခဲ့ပါတယ်။ ဒီကစားသမားတွေကပဲ လီဗာပူးကို ချန်ပီယံလိဂ် ဖလားရအောင် ကူညီပေးခဲ့တာပါ။ အခုလည်း နှစ်ပေါင်း (၃၀) ကြာကင်းကွာနေတဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိနေပါပြီ။

Source: FC Barcelona Noticias

ဘေယန်မြူးနစ်အသင်းနဲ့ အငှားစာချုပ်သတ်တမ်းပြည့်သွားပြီးရင် ကော်တင်ဟို အနေနဲ့ ဘာစီလိုနာအသင်းကိုပဲ ပြန်သွားရမလား ဒါမှမဟုတ် အသင်းသစ်ပဲ ပြောင်းရွှေ့ကစားမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပါ။