ကော်တင်ဟိုရဲ့အေးဂျင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကော်တင်ဟို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ကော်တင်ဟိုရဲ့ နှလုံးသားက လီဗာပူးနဲ့အတူ ရှိနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Flipboard
အေးဂျင့်ဂျူးရက်ဘ်ချင်းက ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းထက် ပိုပြောင်းရွှေ့ချင်နေတဲ့အသင်းမရှိကြောင်း ပြောကြားခဲ့ပြီး ကော်တင်ဟိုဟာ လီဗာပူးအသင်းကိုသာ သံယောဇဉ်ရှိနေတာလို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ကော်တင်ဟိုဟာ မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးအသင်းတို့နဲ့ ပြီးခဲ့တဲ့အပတ်က သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ကော်တင်ဟိုရဲ့အေးဂျင့် ဂျူးရက်ဘ်ချင်းက တကယ်လို့ ကော်တင်ဟို ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် လီဗာပူးအသင်းကိုသာ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
Source: Daily Express
“မန်ချက်စတာယူနိုက်တက်က အရမ်းကောင်းတဲ့အသင်းပါ။ အဲဒီမှာ ကျွန်တော့်ရဲ့ကစားသမားတွေလည်းရှိပါတယ်။ သူတို့အားလုံးအတွက် ကျွန်တော် လေးစားမှုရှိပါတယ်။ ဒါပေမယ့် အဲဒီကို ကော်တင်ဟို ပြောင်းရွှေ့ဖို့က မဖြစ်နိုင်တဲ့ပြောင်းရွှေ့မှုတစ်ခုနီးပါးလောက်ကို အရမ်းခက်ခဲပါတယ်”
“ကော်တင်ဟိုအတွက် လီဗာပူးအသင်းရဲ့ဘယ်လိုပြိုင်ဘက်အသင်းမျိုးမှာမဆို ကစားဖို့က အရမ်းခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ သူက လီဗာပူးအသင်းကို အရမ်းကို သံယောဇဉ်ကြီးလို့ပါ။ အဲဒီမှာ သူရှိခဲ့တဲ့အချိန်တွေက အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားနဲ့ သံယောဇဉ်က လီဗာပူးအသင်းနဲ့အတူ ရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
Source: BeInSports
ကော်တင်ဟိုဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ မပြောင်းရွှေ့မီ လီဗာပူးအသင်းအတွက် ၅ နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပြီး ၁၅၂ ပွဲကစားပေးခဲ့ရမှာ ၄၁ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။