COVID-19 ကပ်ရောဂါဟာ New Normal လူမှုပုံစံသစ်ကို ယူဆောင်လာပါတယ်။ New Normal ဆိုတဲ့အတိုင်း ကျင့်သားရ လူနေမှုပုံစံဖြစ်လာခြင်းကို လက်ခံပြီး လူမှုကျင့်ဝတ်စည်းမျဉ်းတစ်ချို့လည်း အပြောင်းအလဲ ဖြစ်လာပါတယ်။ ဒါကြောင့် အခုချိန်မှာ ဒီအချက်လေးတွေ လိုက်နာပေးဖို့ လိုပါတယ်။

(၁) တတ်နိုင်သလောက် လူချင်းတွေ့တာ လျှော့ပါ

Photo: Freepik

အိမ်အလည်သွားတာမျိုး ၊ ဘားသွားဖို့ တို့ ဘီယာသောက်ဖို့တို့ ဇွတ်ခေါ်တာမျိုး မလုပ်ပါနဲ့။ သင့်ရဲ့ Social Cycle ကို ကျဉ်းထားပါ။ အခုချိန်မှာ ရောဂါကို ကြောက်လို့ အားလုံးက ခပ်ကင်းကင်းနေချင်ကြတယ်ဆိုတာ မမေ့ပါနဲ့။
စကားပြောရင်လည်း ခပ်ခွာခွာကနေ စကားပြောပါ။ ဒါဟာ သူ့အတွက်ရော ကိုယ့်အတွက်ပါ Safe Side ထားတာ ဖြစ်သလို ယဉ်ကျေးတဲ့ ကျင့်ဝတ်တစ်ခုလည်း ဖြစ်ပါတယ်။

(၂) Mask တပ်ပါ

Photo: sciencenews

ကျန်းမာရေးအရရော လူမှုရေးအရပါ ဒီအချိန်မှာ မဖြစ်မနေကို Mask တပ်ပြီးမှ စကားပြောသင့်ပါတယ်။ ဘယ်သူနဲ့တွေ့တွေ့ Mask တပ်ပြီးမှ စကားပြောပါ။ တွေ့စရာကိစ္စပေါ်လို့ လူချင်းတွေ့ဆုံပြီး ပြောရဆိုရချိန်မှာပဲ ဖြစ်ဖြစ် ၊ လမ်းပေါ်မှာ သွားရင်းဖြစ်ဖြစ် ၊ ဘတ်စ်ကားစီးရင်းဖြစ်ဖြစ် Mask ကို အမြဲတပ်ထားဖို့ လိုပါတယ်။ ဒါလည်း COVID ကာလ ယဉ်ကျေးမှုတစ်ခုပဲ ဖြစ်ပါတယ်။

(၃) ချောင်းဆိုးနှာချေတိုင်း ဂရုစိုက်ပါ

Photo: Heathline

ဖျားချင်ချင် ဖြစ်နေရင် တတ်နိုင်သမျှ အိမ်မှာ နေပါ။ အပြင်ရောက်နေတုန်း နှာစေးချောင်းဆိုး ဖြစ်နေရင်လည်း သီးသန့်ခွဲနေပါ။ အလုပ်ခွင်လို နေရာမျိုးမှာဆို ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ကြိုပြီး ပြောထားပေးပါ။ နှာချေတိုင်း ချောင်းဆိုးတိုင်း တစ်ခြားသူတွေ အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ဖို့နဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာဖို့ လိုပါတယ်။