လေ့လာမှုသစ်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ရာသီတုပ်ကွေး နဲ့ အအေးမိဝေဒနာတွေထက် ပိုပြီး ပြင်းထန်မှုရှိတယ်လို့ ဆိုပါတယ်။ ကပ်ရောဂါအစောပိုင်း ကနဦးက ကိုရိုနာဗိုင်းရပ်စ်ဟာ သေဆုံးနှုန်းမှာ တုပ်ကွေးလောက်ပဲ ရှိနိုင်တယ်လို့ ယူဆခဲ့တာပါ။
၂၀၂၀ မတ်လကနေ ဧပြီလအတွင်း COVID-19 ကြောင့် ဆေးရုံတက်ခဲ့ရတဲ့ပြင်သစ်နိုင်ငံက အချက်အလက်တွေကို လေ့လာမှုနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေးကြောင့် ဆေးရုံတင်လိုက်ရတဲ့ လူနာတွေကို ယှဉ်ထိုးသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: The Times of Israel
ယခုနှစ် မတ်လကနေ ဧပြီလအတွင်း COVID-19 ကြောင့် ပြင်သစ်မှာ ဆေးရုံတက်ခဲ့သူ ၈၉၅၃၀ ဦးနဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဖေဖော်ဝါရီအတွင်း ရာသီတုပ်ကွေးနဲ့ ဆေးရုံတက်ခဲ့ရသူ ၄၅၈၁၉ ဦးကို နှိုင်းယှဉ်ခဲ့တာပါ။
COVID-19 လူနာတွေရဲ့ ၁၆.၉ ရာခိုင်နှုန်းဟာ လေ့လာနေစဉ်အတွင်း သေဆုံးခဲ့ပါတယ်။
ရာသီတုပ်ကွေးကြောင့် ဆေးရုံတက်ခဲ့ရတဲ့ လူနာ ၉ သောင်းနီးပါးထဲမှ ၅.၈ ရာခိုင်နှုန်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ COVID-19 ကြောင့် အထူးကြပ်မတ်ကုသရတဲ့ လူနာအရေအတွက်မှာလည်း တုပ်ကွေးဖျားနာလူနာတွေထက် ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

Photo : FMT
ရာခိုင်နှုန်းအားဖြင့် COVID-19 လူနာတွေက ၁၆.၃ ရာခိုင်နှုန်းနဲ့ တုပ်ကွေးကြောင့် အထူးကြပ်မတ်ကုသရသူ ၁၀.၈ ရာခိုင်နှုန်း ရှိတာ ဖြစ်ပါတယ်။ ပြုစုကုသမှု ကြာချိန်ကလည်း ၁၅ ရက်နဲ့ ၈ ရက်စီ ရှိကြတာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို Lancet Respiratory Medicine ဂျာနယ်ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
