ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေအမြဲ စိတ်ဝင်တစားစောင့်ကြည့်နေရတာကတော့ သူတို့ရဲ့ ဆံပင်စတိုင်လ်တွေပဲဖြစ်ပါတယ်။ ဘောလုံးအကျော်အမော်တွေဟာ ခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်အောင် အမြဲလေ့ကျင့်ပြင်ဆင်နေရုံမက သူတို့ရဲ့ ဆံပင်စတိုင်လ်တွေကိုလည်း အမျိုးမျိုးပြောင်းလဲတက်ကြသူတွေ ဖြစ်ပါတယ်။

ဒီထဲကမှ ဘောလုံးသမိုင်းတစ်လျောက် သာမာန်ထက် ထူးခြားဆန်းပြားပြီး လူပြောအများခဲ့ဆုံးဖြစ်ခဲ့တဲ့ ဘောလုံးသမားတွေရဲ့ ဆံပင်စတိုင်လ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ဂါဗင်ဟို

Gervinho

အိုင်ဗရီကို့စ်အသင်း လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သလို အာဆင်နယ်အသင်း ၊ ရိုးမားအသင်းတွေလို နာမည်ကြီးကလပ်တွေမှာ ခြေစွမ်းပြကစားခဲ့တဲ့ တိုက်စစ်မှူး ဂါဗင်ဟိုရဲ့ ဦးခေါင်းထက်က အလွန်ကြီးမားတဲ့ ခေါင်းပတ်ကြီးတစ်ခုက ပရိသတ်တွေအတွက် အတော်လေးကို စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူရဲ့ ပြောင်လွန်းလှတဲ့ မဟာနဖူးအလှကို ဖုံးကွယ်ဖို့ အခုလို ခေါင်းပတ်ကြီးတပ်ထားခြင်းပဲ ဖြစ်ပါတယ်။

(၂) ဘော်ဘီ ချာလ်တန်

Bobby Charlton

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ၊ မန်ချက်စတာယူနိုက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးလည်းဖြစ်တဲ့ ဘော်ဘီချာလ်တန်ရဲ့ဆံပင်စတိုင်ဟာလည်း အတော်လေးလူပြောများခဲ့ပါတယ်။ ဘော်ဘီတစ်ယောက် ဘီးအဖြီးလွန်သွားတာလားလို့ ပရိသတ်တွေ အရွှန်းဖောက်ခဲ့ကြသလို ဒေါ်နယ်ထရန့်မတိုင်ခင်က ပရိသတ်တွေ နောက်ပြောင်မှုအများဆုံးဖြစ်ခဲ့တဲ့ ဆံပင်စတိုင်လ်တစ်ခုလည်းဖြစ်ပါတယ်။

(၃) ရောဘတ်တို ဘက်ဂျို

Roberto Baggio

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားသမား စာရင်းဝင်သူ အီတလီသားကြီး ရောဘတ်တိုဘက်ဂျိုရဲ့ ဆံပင်စတိုင်လ်ဟာ နတ်မြင်းမြှီး လို့နာမည်ပြောင်ပေးခံရလောက်တဲ့အထိကို နာမည်ကြီးခဲ့ပါတယ်။ ဦးခေါင်းနောက်စေ့တည့်တည့်က ပုတီးစေ့များနဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်ဟာ အတော်လေးကို ထူးခြားပြီး ရယ်ချင်စဖွယ်ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ မြင်းမြှီးကေလို့ နာမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

(၄) ဒေးဗစ် ဘက်ခမ်း

David Beckham

နာမည်ကြီး ဘောလုံးအကျော်အမောတစ်ဦးဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းကတော့ ၎င်းရဲ့ ကစားသမားဘဝတစ်လျောက် ထူးခြားတဲ့ဆံပင်စတိုင်လ်တွေကို အမြဲအပြောင်းအလဲလုပ်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီထဲကမှ ပရိသတ်တွေအပြောအများဆုံးဖြစ်ခဲ့တဲ့ ဆံပင်စတိုင်လ်ကတော့ ၂၀၀၃ ခုနှစ်မှာထားခဲ့တဲ့ ရွှေရောင်ကျစ်ဆံမြီးပုံစံ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။

(၅) အမ်ဘာပေ

 Kylian Mbappé Lottin
ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့်ကစားသမား အမ်ဘာပေရဲ့ ၂၀၂၀ ခုနှစ်က ပြောင်းခဲ့တဲ့ ဆံပင်ကာလာဟာ အတော်လေးထူးခြားပြီး ပရိသတ်တွေကို အံ့ဩသင့်စေခဲ့ပါတယ်။ဘာလို့ဆို ဆံပင်ကေကို အမြဲတိုတိုကပ်ကပ်ပဲထားလေ့ရှိတဲ့ ဘာပေတစ်ယောက် တစ်ခေါင်းလုံးကို အပြာရောင်ခြယ်ပစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

(၆) မာရီယို ဘာလိုတယ်လီ

Mario Balotelli

အီတလီတိုက်စစ်မှူး မာရီယို ဘာလိုတယ်လီဟာလည်း ဆံပင်စတိုင်လ်နဲ့ ပတ်သတ်ရင် အမြဲ ထူးထူးခြားခြားလုပ်လေ့ရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဘာလိုတယ်လီရဲ့ တစ်ခေါင်လုံးအပြောင်ရှိတ်ထိုးထားပြီး အလည်တည့်တည့်က တစ်မြောင်းတည်းသော ဝမ်းဝေးဆံပင်ကေ စတိုင်လ်ကတော့ ထူးထူးခြားခြားနဲ့ ရယ်ချင်စဖွယ်ကောင်းနေတာတော့ အမှန်ပါပဲ။ သူဟာ ဒီလိုဝမ်းဝေးကေကိုမှ မတူညီတဲ့စတိုင်လ်အမျိုးမျိုး ပြောင်းထားနေခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Manchester Evening News