ပထမဆုံးအကြိမ် ကောင်မလေးတစ်ယောက်ကို နမ်းခဲ့တဲ့နေ့ကို သတိရသေးလား။ အဲဒီအချိန်က ခံစားချက်ကို ပြန်တွေးမိရင် ဘာတွေ ထူးခြားတာ တွေ့သလဲ။ တကယ်တမ်းမှာတော့ အနမ်းတွေမှာ ထူးခြားတဲ့ လျှို့ဝှက်ချက်တွေရှိပြီး လူသားသဘာဝအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။

(၁) အနမ်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်

Source: Elite Daily

တစ်ယောက်နဲ့တစ်ယောက် ထိတွေ့တယ်ဆိုတာ ဘက်တီးရီးယားလို ပိုးတွေ ကူးစက်ဖို့ ပိုဖြစ်နိုင်ခြေများတဲ့ ကိစ္စပါ။ တစ်ဖက်မှာလည်း ဒီလိုမျိုး ဘက်တီးရီးယားတွေ ထိတွေ့မှုဟာ ကိုယ်ခံအားစနစ်ကို မြှင့်ပေးဖို့ အတွက် အထောက်အကူတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ သဘာဝအတိုင်း ပဋိဇီဝဆေးထိုးတာနဲ့ ဆင်ပါတယ်။ တစ်ခုရှိတာက ဖျားနာနေချိန်မှာ အနမ်းပေးတာကိုတော့ ရှောင်သင့်ပါတယ်။

(၂) ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အနမ်း

Source: World Record Academy

၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာ မနားတမ်းဆက်တိုက် အချိန်အကြာဆုံး အနမ်းပေးနိုင်တဲ့ စုံတွဲတစ်တွဲဟာ ဂင်းနစ်စံချိန်တင်ခဲ့ပြီး ဆုကြေး ငွေသား ဒေါ်လာ ၉၀၀၀ ရသွားတဲ့ အဖြစ် ရှိခဲ့ဖူးပါတယ်။ Ekkachai နဲ့ Laksana Tiranarat တို့ဟာ ၅၈ နာရီ ၊ ၃၅ မိနစ်နဲ့ ၅၈ စက္ကန့် ကြာအောင် အနမ်းပေးခဲ့တာပါ။

(၃) သွားကျန်းမာရေးကို ပိုကောင်းစေနိုင်ပါတယ်

Source: Shutterstock

အနမ်းပေးခြင်းဟာ ပါးစပ်ထဲက ဂလင်းတွေကို လှုံ့ဆော်ပေးနိုင်ပြီး ခံတွင်းရဲ့ အက်ဆစ်ဓါတ်ကို စုပ်ယူနိုင်ပါတယ်။ သွားရည် Saliva ဟာ သွားကို စားတဲ့ အက်ဆစ်ဓါတ်ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီမှာ သိထားရမှာက နမ်းတာကြောင့် သွားပိုးပေါက်စေတဲ့ ဘက်တီးရီးယားတွေ တစ်ယောက်ကို တစ်ယောက် ကူးစက်နိုင်တဲ့ အခြေအနေလည်း ရှိတာကြောင့် သွားနဲ့ ခံတွင်းသန့် ရှင်းရေး လုပ်ပြီးမှ နမ်းတာက ပိုပြီး စိတ်ချရပါတယ်။

(၄) ပထမဆုံးအနမ်းပါတဲ့ ရုပ်ရှင်

Source: Alchetron

ရုပ်ရှင်ထဲမှာ အနမ်းပေးတာကို သမိုင်းမှာ ၁၈၉၆ ခုနှစ်က နယူးဂျာစီက Black Maria စတူဒီယိုကနေ ရိုက်ကူးခဲ့ပြီး ဇာတ်ကားနာမည်ကလည်း The Kiss ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ထားတာကတော့ မေအာဝင်နဲ့ ဂျွန်ရိုက်စ်တို့ ဖြစ်ပါတယ်။

(၅) အနမ်းကြောင့် ပိုပြီး နူးညံ့လာတယ်

Source: Club Toastmasters “Nini Trevit”

နမ်းတာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေပါတယ်။ အနမ်းဟာ ဦးနှောက်ထဲက အောက်ဆီတိုစင်နဲ့ ဒိုဖာမိန်းဓါတ်တွေ ထုတ်ပေးတာကြောင့် တစ်ယောက်ကိုတစ်ယောက် ဆက်ဆံရာမှာ ပိုပြီး သံယောဇဉ်တွယ်စေပါတယ်။ ဒိုဖာမိန်းဟာ စိတ်သက်သာရာရစေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းဟာ ခံစားချက်ကို ထိန်းညှိတာ ၊ အပြုအမှုနဲ့ အိပ်စက်ခြင်းတွေ သိနားလည်ခြင်းတွေမှာ ပိုပြီး ကောင်းမွန်စေတာကြောင့် နာမည်ကြီးပါတယ်။

(၆) သွေးဖိအားနဲ့ ကိုယ်လက်စထရော ကျဆင်းစေနိုင်တယ်

Source: Lybrate

အနမ်းပေးတာဟာ နှလုံးခုန်ချက်ကို ကျန်းမာတဲ့နည်းလမ်းနဲ့ မြန်ဆန်စေတာကြောင့် သွေးဖိအားကို ကျဆင်းစေပါတယ်။ သွေးကြောတွေကို ပိုကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေသလို ကိုယ်လက်စထရောမြင့်တာ ၊ ဝိတ်တက်တာနဲ့ ဆိုင်တဲ့ Cortisol ဟော်မုန်းကို လျှော့ချပေးပါတယ်။

(၇) အနမ်းဟာ ကြွက်သားပေါင်းများစွာသုံးတယ်

Source: pixabay.com

အနမ်းကြောင့် တစ်မိနစ် ကယ်လိုရီ ၂၆ ခု ကျဆင်းစေသလို တစ်ခါနမ်းရဖို့အတွက် မျက်နှာကြွက်သား ၃၀ နဲ့ အမူအယာလုပ်တဲ့ ကြွက်သားပေါင်း ၁၁၂ ခု ကို သုံးရတယ်လို့ ဆိုပါတယ်။ နမ်းတာဟာ ပါးချိုင့်တွေပေါ်စေသလို ၊ လည်ပင်းနဲ့ မေးရိုးကြွက်သားတွေ သန်မာစေပြီး မျက်နှာပေါ် သွေးလျှောက်မှု ပိုကောင်းစေပါတယ်။

(၈) စိတ်ဖိစီးမှု လျော့ကျစေတယ်

Source: hampers4two

ဖိအားများနေချိန်မှာ နှစ်သိမ့်ခံရမယ်ဆိုရင် လူကသက်သာရာ ရပါတယ်။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို နမ်းရပြီဆိုရင် စိတ်တင်းကြပ်မှု ပိုလျော့ပါလိမ့်မယ်။

(၉) လူရှေ့သူရှေ့ နမ်းတာ အပြစ်ရှိတယ်

Source: khurki.net

တစ်ချို့နိုင်ငံတွေမှာ ဒါက ပြည်နယ်အလိုက် ဥပဒေထုတ်ပြီး တားမြစ်ထားတာပါ။ ဥပမာ အိုင်အိုဝါပြည်နယ်မှာ မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားဟာ အမျိုးသမီးတစ်ယောက်ကို အများမြင်ကွင်းမှာ နမ်းရင် ထောင်ကျနိုင်ပါတယ်။ ကော်နက်တီကပ်က လူတစ်ယောက်ဟာ ကိုယ့်မိန်းမကိုတောင်မှ တနင်္ဂနွေနေ့မှာ နမ်းခွင့်မရှိပါဘူး။ ကော်လိုရာဒိုမှာတော့ တစ်ယောက်ယောက် ခွင့်မပြုဘဲ နမ်းရင် အဖမ်းခံရပါလိမ့်မယ်။

(၁၀) Philemaphobia

Source: EQW News

အနမ်းကြောက်တဲ့ စိတ်ဝေဒနာကို Philemaphobia လို့ ခေါ်ပါတယ်။