ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဟာ တစ်ခါတုန်းက ခရစ္စတီယာ ရော်နယ်ဒိုကို ဒဏ်ရာရရှိသွားမှာစိုးတာကြောင့် အိမ်မှာ မီးသီးကျွမ်းရင်တောင် ကိုယ်တိုင် လဲခွင့်မပေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျော်ဂျီနာဟာ ခင်ပွန်းဖြစ်သူ ရော်နယ်ဒိုကို အလွန်ဂရုစိုက်တတ်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးက စူပါဒယ်ဒီနဲ့ အကောင်းဆုံးခင်ပွန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျော်ဂျီနာက ရော်နယ်ဒိုနဲ့ သူမတို့ကြားက ဆက်ဆံရေးကို ဖွင့်ဟခဲ့ပြီး ဘာကြောင့် အသက် ၃၆ အရွယ် ပေါ်တူဂီကြယ်ပွင့်ကို မီးသီးသစ်လဲတာကို ပိတ်ပင်ထားရလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ronaldo Couple

Photo: the Sun

“ခရစ္စတီယာနိုက ကျွန်မ အိပ်မက်ခဲ့ရတဲ့ စူပါဒယ်ဒီနဲ့ အကောင်းဆုံးခင်ပွန်းပါ။ ဒါပေမယ့် သူ ဟင်းမချက်ပါဘူး။ တမနက်လုံး လေ့ကျင့်ရေးဆင်းပြီးနာက် စားပွဲပေါ်မှာ အချစ်တွေနဲ့ ပြင်ဆင်ထားတဲ့ ထမင်း၊ ဟင်း ပူပူလေးကို တွေ့မြင်ရဖို့ သူက ထိုက်တန်ပါတယ်”

“ကျွန်မတို့မှာ စားဖိုမှူးရှိပြီး တခါတလေ ကျွန်မ ချက်ပါတယ်။ ကျွန်မတို့ အိမ်မှာ မီးသီးအသစ်လဲဖို့က မဖြစ်နိုင်ပါဘူး။ အိမ်က မျက်နှာကျက်တွေက အရမ်းမြင့်တယ်လေ”

“ရှင်သာ ခရစ္စတီယာနို ရော်နယ်ဒိုသာဆိုရင် မြေကြီးကနေ ပေ ၂၀ လောက်နီးပါး မြင့်တဲ့နေရာက မီးသီးကို လဲမှာလား။ မလဲတာ ပိုကောင်းပါတယ်။ ရှင့်ကိုယ် ရှင် ဂရုစိုက်ပြီး ရှင် လုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားသင့်ပါတယ်”

“ကျန်တာအားလုံးကို ကျွန်မ လုပ်လိုက်ပါမယ်။ ကျွန်မ လုပ်စရာရှိတာ အားလုံး လုပ်တယ်။ ကျွန်မ အိမ်နဲ့ မိသားစုကို ဂရုစိုက်ရတာကို နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Cristiano Ronaldo and Georgina Rodriguez

Photo: Daily Advent

ဒီစကားကို ပြောကြားခဲ့တာဟာ ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ အင်္ဂလန်ကို မပြောင်းရွှေ့မီတုန်းကဖြစ်ပေမယ့် သူတို့ဟာ ဇိမ်ခံပစ္စည်းတွေနဲ့ နေရတာကို နှစ်သက်တာကြောင့် အင်္ဂလန်က အိမ်အသစ်မှာလည်း မျက်နှာကျက်မြင့်မြင့် ရှိကောင်းရှိပါလိမ့်မယ်။ ရော်နယ်ဒိုတို့ မိသားစုဟာ မန်ချက်စတာမှာ ပြန်နေတဲ့ ရက်သတ္တပတ်အနည်းငယ်အပြီးမှာပဲ တခြားအိမ်ကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အိမ်နားက သိုးတွေရဲ့ ဆူညံသံကြောင့် ညဆို အိပ်လို့မရတာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးနဲ့ မိသားစုဟာ ချက်ရှိုင်းယားမှာရှိတဲ့ ပေါင် ၃ သန်းတန် အိမ်ကို အထုပ်အပိုးပြင်ပြီး ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Featured Photo: Goal