ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ကို အံ့အားသင့်ဖွယ် မွေးနေ့လက်ဆောင်အဖြစ် သူမရဲ့ ပုံနဲ့ စာသားကို ကမ္ဘာ့ အမြင့်ဆုံးအဆောက်အဦးမှာ ပုံဖော်ခဲ့ပါတယ်။

The family ate dinner while admiring the amazing view

Photo: The Sun

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ဒူဘိုင်းက မိုးမျှော်တိုက်တစ်ခုမှာ မီးလုံးပေါင်း ထောင်ချီအသုံးပြုပြီး အံ့အားသင့်ဖွယ် ပုံရိပ်ကို ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ အင်စတာဂရမ်ကနေ နာမည်ကျော် Burj Khalifa တာဝါရဲ့ မျက်နှာစာပေါ်မှာ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ရဲ့ ပုံပေါ်နေတာကို ဗီဒီယိုရိုက်ကူးပြီး တင်ခဲ့တာဖြစ်ပါတယ်။

The pair posed for photos with the Burj Khalifa in the background

Photo: The Sun

ရော်နယ်လ်ဒိုတို့ စုံတွဲဟာ အဲဒီအဆောက်အဦးကို နောက်ခံထားပြီး အတူတူ ဓာတ်ပုံတွဲရိုက်ခဲ့ကြပြီး ထူးခြားတဲ့ အချိန်အခါသမယကို ခံစားခဲ့ကြတာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အလုပ်များတဲ့ ဘောလုံးပွဲစဉ်တွေကနေ ခဏအနားရနေတာဖြစ်ပြီး အစောက ပြောခဲ့တဲ့ ထူးခြားတဲ့ ဗီဒီယိုကို “အများကြီး ဂုဏ်ပြုပါတယ် ကိုယ့်အချစ်”ဆိုတဲ့ စာသားနဲ့တူ အသည်းနှလုံးပုံ၊ ဖယောင်းတိုင်စိုက်ထားတဲ့ မွေးနေ့ကိတ်ပုံ Emoji ကို ထည့်သွင်းပြီး တင်ခဲ့တာဖြစ်ပါတယ်။

Rodriguez looked ecstatic as she enjoyed her 28th birthday

Photo: The Sun

ကြာသပတေးနေ့မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ ဂျော်ဂျီနာရဲ့ သုညမှသည် အောင်မြင်တဲ့ဘဝဆီကို လျှောက်လှမ်းခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ Netflix စီးရီးရဲ့ အထူးပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့လည်း ဖြစ်နေတာကြောင့် လက်တွဲဖော်ကို စပရိုက် မွေးနေ့လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Featured Photo: The Sun