ခရစ္စတီယာနိုရော်နယ်ဒိုရဲ့တစ်ခုတည်းသောရည်မှန်းချက်က ယွန်နယ်မက်ဆီထက် ဘောလွန်းဒီအောဆု အကြိမ်ရေပိုရပြီး ကစားသမားဘဝက အနားယူချင်တာဖြစ်ကြောင်း ဘောလွန်းဒီအောဆု ချီးမြှင့်ရေးအကြီးအကဲ ပါစကယ်ဖာရီပြောခဲ့တဲ့ စကားအပေါ် ခရစ္စတီယာနိုရော်နယ်ဒို အကြီးအကျယ် ဒေါသထွက်ကာ ငြင်းပယ်တုန့်ပြန်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ တနင်္လာနေ့မနက်အစောပိုင်းက ပြုလုပ်ကျင်းပခဲ့တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပဲ ပါစကယ်ဖာရီရဲ့ မှတ်ချက်တွေကို အင်စတာဂရမ်စာမျက်နှာကတဆင့် တုန့်ပြန်ရေးသားပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

cristiano-ronaldo-hits-out-at-ballon-dor-chiefs-lies-after-pascal-ferre-claimed-that-his-career-ambition-is-to-finish-with-more-wins-than-lionel-messi-as-sixth-placed-star-insists-i-win-fo

Photo : The Sun

” ဒီနေ့ ကျွန်တော်ပြောချင်တာတော့ ပြီးခဲ့တဲ့တစ်ပတ်က ပါစကယ်ဖာရီ ပြောသွားခဲ့တဲ့ ကျွန်တော်ရဲ့တစ်ခုတည်းသောရည်မှန်းချက်က မက်ဆီထက် ရွှေဘောလုံးဆု အသာရပြီး ကစားသမားဘဝကို အဆုံးသတ်ချင်တယ် ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီး ရှင်းဖို့ပါပဲလို့ ”
၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာရေးသားခဲ့ပါတယ်။

” ပါစကယ်ဖာရီက လိမ်ညာခဲ့တာပါ ၊ သူ့ကိုယ်သူကြော်ငြာဖို့နဲ့ သူ့အလုပ်ကို လူသိများဖို့ ကျွန်တော် နာမည်ကိုအသုံးချသွားခဲ့တာပါ ၊ ပြင်သစ်ဘောလုံးအဖွဲ့အချုပ်နဲ့ ဘောလွန်းဒီအောဆုကို အမြဲလေးစားတဲ့ သူတစ်ယောက်အနေနဲ့ ဒီလိုဂုဏ်သိက္ခာရှိတဲ့ဆုတွေကို ပေးအပ်နေတဲ့ တာဝန်ရှိသူအကြီးအကဲတစ်ယောက်က ဒီလိုအလိမ်အညာစကားပြောတာမျိုးကို လုံးဝလက်မခံနိုင်စရာမရှိပါဘူး ”

” နောက်ပြီး ဆုပေးပွဲကို ကျွန်တော်မတက်ရောက်နိုင်တာကိုအကြောင်းပြပြီး မဟုတ်မမှန် သတင်းတွေလည်း ထပ်လွှင့်တယ် ၊ ဒီဆုကိုထိုက်ထိုက်တန်တန်ရရှိတဲ့ ဘယ်ကစားသမားကိုမဆို ကျွန်တော် အမြဲဂုဏ်ပြုပေးခဲ့ပါတယ်။ ကျွန်တော်က အမြဲတမ်း ကိုယ့်အတွက်နဲ့ ကိုယ်ကိုယ်စားပြုတဲ့ ကလပ်အသင်း အနိုင်ရဖို့ကိုပဲ အာရုံစိုက်တာပါ ၊ ဘယ်သူ့ အပေါ်မှလည်း မနာလိုတာမျိုး မရှိခဲဘူး ”

” နောက်ပြီး ကျွန်တော်ကစားသမားဘဝရဲ့ စစ်မှန်တဲ့ အကြီးမားဆုံးရည်မှန်းချက်က ကျွန်တော်ကိုယ်စားပြုတဲ့ ကလပ်အသင်းတွေနဲ့ ကျွန်တော့်နိုင်ငံမှာရှိတဲ့ လက်ရွေးစင်အသင်းအတွက် ချန်ပီယံဆုဖလားတွေ ရယူဖို့ပါပဲ။ ကျွန်တော် အသက်မွေးဝမ်းကြောင်းနဲ့ပတ်သတ်ပြီး နောက်ထပ် အကြီးမားဆုံ ရည်မှန်းချက်တစ်ခုက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ ဖြစ်ချင်တဲ့သူတွေ အားလုံးအတွက် စံနမူနာထားရသူတစ်ယောက် ဖြစ်ဖို့ပါပဲ ”

cristiano-ronaldo-hits-out-at-ballon-dor-chiefs-lies-after-pascal-ferre-claimed-that-his-career-ambition-is-to-finish-with-more-wins-than-lionel-messi-as-sixth-placed-star-insists-i-win-fo

Photo : JPNN

“ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကျွန်တော့်နာမည်ကို ရွှေရောင်စာလုံးတွေနဲ့ ရေးထိုးမှတ်တမ်းတင်ထားခဲ့ဖို့ပါပဲ ” ဒါတွေကသာ ကျွန်တော်ရဲ့ ကစားသမားဘဝ ကြီးမားတဲ့ ရည်မှန်းချက်အစစ်အမှန်တွေပဲ ဖြစ်တယ် ၊ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အတွက် အကောင်းဆုံးကစားနိုင်ဖို့ အာရုံစိုက်ထားကြောင်း ” ပြောကြားခဲ့ပြီး ယခုရာသီတွင် ၎င်းအနေဖြင့် အောင်မြင်မှုများ ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ် ဘောလွန်းဒီအောဆုအတွက် အဆင့်သတ်မှတ်ချက်မှာ ဘာပေ ၊ ဒီဘရူနီနဲ့ ဆာလာတို့ထက် သာလွန်ခဲ့ပေမယ့် ၁၇၈ မှတ်နဲ့ အဆင့် ၆ နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။

Featured Photo : Daily Mail