ယမန္ေန႔ညက ကစားခ့ဲသည့္ ေပၚတူဂီအသင္းရဲ႕ ယူရုိ- ၂၀၂၀ ေျခစစ္ပြဲတြင္ တံေကာက္ေၾကာ ဒဏ္ရာရရွိခ့ဲသည့္ စီေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး မိခင္ကလပ္အသင္းျဖစ္သည့္ ဂ်ဴဗင္တပ္စ္အသင္းက စိုးရိမ္လ်က္ရွိေၾကာင္း သိရွိရပါတယ္။ အသက္ (၃၄) ႏွစ္အရြယ္ရွိၿပီျဖစ္သူ တိုက္စစ္မွဴးဟာ ေဘာလံုးေနာက္သုိ႔ ေျပးလိုက္ေနခ်ိန္၌ အဆုိပါဒဏ္ရာရရွိသြားခ့ဲျခင္းျဖစ္ၿပီး ခ်က္ခ်င္းဆုိသလိုပင္ လူစားလဲေပးရန္ အရံခံုတန္းဘက္သို႔လွည့္ၿပီး အခ်က္ျပခ့ဲျခင္းလည္း ျဖစ္ပါတယ္။

Photo Credit : Reuters

စီေရာ္နယ္ဒိုအေနနဲ႔ ပဲြစၿပီး နာရီဝက္အလုိ၌ အဆုိပါဒဏ္ရာကို ရရွိခ့ဲျခင္းျဖစ္ၿပီး အျခားေသာ ကစားသမားတစ္ဦးျဖစ္သည့္ ပစ္ဇီနဲ႔ လူစားလဲခ့ဲရပါတယ္။ စီေရာ္နယ္ဒိုရဲ႕ အဆုိပါဒဏ္ရာအေပၚမွာ ေအဂ်က္စ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ပြဲစဥ္ ကစားရန္ရွိေနသည့္ ဂ်ဴဗင္တပ္စ္အသင္းအေနျဖင့္ စိုးရိမ္လ်က္ရွိေနပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ဧၿပီလ (၁၀) ရက္ေန႔၌ ေအဂ်က္စ္အသင္းရဲ႕ အိမ္ကြင္းတြင္ ခ်န္ပီယံလိ္ဂ္ကြာတားဖုိင္နယ္ ပထမအေက်ာ့ပဲြစဥ္ကို ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဆုိပါ ပြဲစဥ္၌ ပါဝင္ကစားႏုိင္ရန္အတြက္ စီေရာ္နယ္ဒိုရဲ႕ ဒဏ္ရာကို မျပင္းထန္ေစရန္ ေမွ်ာ္လင့္ေနျခင္းလည္း ျဖစ္ပါတယ္။

Photo Credit : Reuters

ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအအမွတ္ေပးဇယား၌ ဒုတိယေနရာက နာပိုလီအသင္းကို (၁၅) မွတ္ျဖတ္ကာ ခ်န္ပီယံဆုအတြက္ ဦးေဆာင္လ်က္ရွိၿပီး လက္က်န္ပြဲစဥ္အျဖစ္ (၁၀) ပြဲသာ ကစားရန္ က်န္ရွိေနခ်ိန္မွာ ယခုက့ဲသို႔ ဦးေဆာင္ထားႏုိင္ျခင္းေၾကာင့္ ျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုကို (၈) ႏွစ္ဆက္တုိက္ ဆြတ္ခူးႏုိင္ရန္ အေျခအေနေကာင္းမ်ားလည္း ပိုင္ဆုိင္လ်က္ရွိပါတယ္။

Photo Credit : GiveMeSport

စီေရာ္နယ္ဒိုရဲ႕ ေပၚတူဂီလက္ေရြးစင္အသင္းဟာ မေန႔ညက ကစားခ့ဲသည့္ ဆာဘီးယားအသင္းနဲ႔ပဲြစဥ္တြင္ တစ္ဖက္တစ္ဂိုးစီသေရက်ခ့ဲၿပီး ၿပီးခ့ဲဲသည့္ ေသာၾကာေန႔က ကစားခ့ဲသည့္ ယူကရိန္းအသင္းနဲ႔ ေျခစစ္ပဲြအုပ္စုအဖြင့္ပြဲတြင္လည္း ယူကရိန္းအသင္းကို အိမ္ကြင္း၌ပင္ သေရက်ခ့ဲပါေသးတယ္။ ေပၚတူဂီအသင္းဟာ လာမယ့္ ဇြန္လအတြင္း၌လည္း အဂၤလန္၊ နယ္သာလန္၊ ဆြစ္ဇာလန္အသင္းမ်ားနဲ႔အတူ ေနရွင္လိဂ္ဆီမီးဖုိင္နယ္ပြဲစဥ္မ်ား ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ပါတယ္။

(Unicode)

ယမန်နေ့ညက ကစားခဲ့သည့် ပေါ်တူဂီအသင်းရဲ့ ယူရို- ၂၀၂၀ ခြေစစ်ပွဲတွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့သည့် စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မိခင်ကလပ်အသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါတယ်။ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်သူ တိုက်စစ်မှူးဟာ ဘောလုံးနောက်သို့ ပြေးလိုက်နေချိန်၌ အဆိုပါဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး ချက်ချင်းဆိုသလိုပင် လူစားလဲပေးရန် အရံခုံတန်းဘက်သို့လှည့်ပြီး အချက်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Photo Credit : Reuters

စီရော်နယ်ဒိုအနေနဲ့ ပွဲစပြီး နာရီဝက်အလို၌ အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး အခြားသော ကစားသမားတစ်ဦးဖြစ်သည့် ပစ်ဇီနဲ့ လူစားလဲခဲ့ရပါတယ်။ စီရော်နယ်ဒိုရဲ့ အဆိုပါဒဏ်ရာအပေါ်မှာ အေဂျက်စ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ကစားရန်ရှိနေသည့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် စိုးရိမ်လျက်ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ဧပြီလ (၁၀) ရက်နေ့၌ အေဂျက်စ်အသင်းရဲ့ အိမ်ကွင်းတွင် ချန်ပီယံလိ်ဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ပါဝင်ကစားနိုင်ရန်အတွက် စီရော်နယ်ဒိုရဲ့ ဒဏ်ရာကို မပြင်းထန်စေရန် မျှော်လင့်နေခြင်းလည်း ဖြစ်ပါတယ်။

Photo Credit : Reuters

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးဇယား၌ ဒုတိယနေရာက နာပိုလီအသင်းကို (၁၅) မှတ်ဖြတ်ကာ ချန်ပီယံဆုအတွက် ဦးဆောင်လျက်ရှိပြီး လက်ကျန်ပွဲစဉ်အဖြစ် (၁၀) ပွဲသာ ကစားရန် ကျန်ရှိနေချိန်မှာ ယခုကဲ့သို့ ဦးဆောင်ထားနိုင်ခြင်းကြောင့် ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို (၈) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းများလည်း ပိုင်ဆိုင်လျက်ရှိပါတယ်။

Photo Credit : GiveMeSport

စီရော်နယ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ မနေ့ညက ကစားခဲ့သည့် ဆာဘီးယားအသင်းနဲ့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ပြီးခဲ့ဲသည့် သောကြာနေ့က ကစားခဲ့သည့် ယူကရိန်းအသင်းနဲ့ ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲတွင်လည်း ယူကရိန်းအသင်းကို အိမ်ကွင်း၌ပင် သရေကျခဲ့ပါသေးတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့် ဇွန်လအတွင်း၌လည်း အင်္ဂလန်၊ နယ်သာလန်၊ ဆွစ်ဇာလန်အသင်းများနဲ့အတူ နေရှင်လိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။