ခန္ဓာကိုယ်ဘော်ဒီကြံ့ခိုင်မှုကို အမြဲဦးစားပေးလုပ်ဆောင်လေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ၎င်းရဲ့ ဘော်ဒီကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ရန် အထူးအောက်ဆီဂျင်စက်တစ်လုံး ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

cristiano-ronaldo-invests-in-15000-hyperbaric-oxygen-therapy-machine-for-his-cheshire-pile-in-a-bid-to-maintain-his-outstanding-fitness
Photo : The Guardian

ပေါင် ၁၅၀၀၀ တန် အဆင့်မြင့်နည်းပညာများနဲ့ အဆိုပါ hyperbaric အောက်ဆီဂျင်ကုထုံးစက်ကို ၎င်းရဲ့ ချစ်သူ ဂျော်ဂျီနာနဲ့အတူနေထိုင်တဲ့ နေအိမ်ကြီးမှာ တပ်ဆင်ခဲ့တာဖြစ်ပြီး ဒီစက်အသုံးပြုကာ သန့်စင်တဲ့လေကိုရှုသွင်းခြင်းဖြင့် သွေးကြောတွေထဲကို အောက်ဆီဂျင် တိုက်ရိုက်ရောက်ရှိမှာဖြစ်သလို ၎င်းက ခန္ဓာကိုယ်တွင်းက ပျက်စီးသွားတဲ့ တစ်ရှူးတွေကိုလည်း ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ပါတယ်။

” ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကြံ့ခိုင်မှုပိုင်းကို အရူးအမူးဖြစ်တယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပြီး သူကဖြစ်နိုင်တဲ့ အကောင်းဆုံးပုံစံမှာရှိဖို့ လုံးဝကို ရည်မှန်းထားပါတယ် ၊ သူဟာ အရင်ကတည်းက အောက်ဆီဂျင်ခန်းတွေကို အသုံးပြုခဲ့ပေမယ့် ဗြိတိန်မှာ ရှာဖို့မလွယ်တာကြောင့် သူ့နေအိမ်မှာပဲ စက်တစ်လုံးဝယ်ပြီး တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာပါ ”

” သူ့အနေနဲ့ ထိခိုက်နာကျင်မှုတွေ ခံစားရတဲ့အခါတိုင်းမှာ ၎င်းစက်ကို အသုံးပြုပြီး အကျိူးကျေးဇူးတွေ ခံစားနိုင်မှာပါ ၊ ပွဲအနည်းငယ်လွဲချော်ရတဲ့ အကြောင်းရင်းတွေကလည်း ဒဏ်ရာကြောင့်ပါပဲ ၊ ဒါကြောင့် ဒီစက်ကို ဝယ်ယူလိုက်တာပါ ” လို့ The Sun မှာ ဖော်ပြထားပါတယ်။

Cristiano Ronaldo invests in '£15,000' hyperbaric oxygen therapy machine for his Cheshire pile in a bid to maintain his outstanding fitness

Photo : Daily Mail

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့စဉ်ကလည်း အဆိုပါကုထုံးကို အသုံးပြုခဲ့ဖူးတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒီနှစ်နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပေါင် ၅၀၀၀၀ လောက်တန်ကြေးရှိတဲ့ ရေခဲကန်တစ်ခုကိုလည်း ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail