[Zawgyi]

ဂ်ဴဗင္တပ္ၾကယ္ပြင့္တုိက္စစ္မွဴး ခရစ္စတီယာႏိုေရာ္နယ္ဒိုဟာ ပြဲစဥ္အတြင္း ေကာင္းမြန္တဲ့အရာအမ်ားအျပားကို လုပ္ေဆာင္ႏုိင္သူျဖစ္ၿပီး ယင္းအရာေတြထဲမွာ ဖရီးကစ္ကန္သြင္းမႈလည္း ပါဝင္ေနတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ေဘာလံုးသမိုင္းမွာ မေမ့ေပ်ာက္ႏုိင္တဲ့ အလြတ္တည္ကန္ေဘာကေန တုိက္ရိုက္ကန္သြင္းမႈမ်ားစြာ ျပဳလုပ္ႏုိင္ခဲ့သူျဖစ္ၿပီး ၂၀၀၈ ခုႏွစ္က ပို႔စ္ေမာက္အသင္းနဲ႔ပြဲစဥ္မွာ ကန္သြင္းယူခဲ့တဲ့ ဖရီးကစ္ဟာ ေရာ္နယ္ဒိုရဲ႕ အေကာင္းဆံုးအလြတ္တည္ကန္ေဘာကန္သြင္းမႈေတြထဲက တစ္ခုျဖစ္ပါတယ္။

Source: Balls.ie

Ultimo Uomo ရဲ႕ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲဲ့စေနေန႔က ဗီရိုနာနဲ႔ကစားခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းရဲ႕ပြဲစဥ္အၿပီးမွာ ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ စီးရီးေအသမိုင္းမွာ ဒုတိယအဆံုးရြားဆံုးဖရီးကစ္ကန္သြင္းသူအျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။

ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းကို စတင္ေရာက္ရွိခဲဲ့တဲ့ ၂၀၁၈ ခုႏွစ္ေႏြရာသီကေန ယေန႔အခ်ိန္အထိ အလြတ္တည္ကန္ေဘာ ၁၈ ႀကိမ္ ကန္သြင္းခဲ့ရာမွာ ၁၈ ႀကိမ္စလံုး ဂိုးရရွိခဲ့ျခင္းမရွိဘဲ ၂၁ ႀကိမ္ ကန္သြင္းရာမွာ ၂၁ ႀကိမ္လံုးလြဲေခ်ာ္ခဲ့တဲ့ ဖရိုစီႏုန္း ကြင္းလယ္ကစားသမား ကမီလိုစီယာႏုိရဲ႕ေနာက္ ဒုတိယအဆုိးရြားဆံုး ဖရီးကစ္ကန္သြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

Source: talkSPORT

ေရာ္နယ္ဒိုဟာ ရီးရဲမက္ဒရစ္အသင္းမွာတုန္းကလည္း ဂိုးရရွိဖို႔ ပိုမိုအက်ိဳးျပဳႏုိင္မယ့္ အသင္းေဖာ္ေတြကို အလြတ္တည္ကန္ေဘာ ကန္ခြင့္မျပဳခဲ့တဲ့အတြက္ ေဝဖန္ခံခဲ့ရဖူးသူျဖစ္ၿပီး လက္ရွိအခ်ိန္ တူရင္မွာလည္း အလားတူအေျခအေနမ်ိဳး ထပ္မံျဖစ္ပ်က္ေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကြင္းလယ္ၾကယ္ပြင့္ ပီယာနစ္ဟာ စီးရီးေအမွာ ေဘာလံုးကို လည္ပတ္ျခင္းမရွိေအာင္ ကန္သြင္းႏုိင္တဲ့ ေဘာလံုးအေသကန္ခ်က္အထူးျပဳကစားသမားေတြထဲမွာ အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ေရာ္နယ္ဒိုေၾကာင့္ ဒုတိယဦးစားေပး ဖရီးကစ္ကန္သြင္းသူအျဖစ္သာ ရွိေနတာျဖစ္ပါတယ္။

[Unicode]

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပွဲစဉ်အတွင်း ကောင်းမွန်တဲ့အရာအများအပြားကို လုပ်ဆောင်နိုင်သူဖြစ်ပြီး ယင်းအရာတွေထဲမှာ ဖရီးကစ်ကန်သွင်းမှုလည်း ပါဝင်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ မမေ့ပျောက်နိုင်တဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုများစွာ ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပို့စ်မောက်အသင်းနဲ့ပွဲစဉ်မှာ ကန်သွင်းယူခဲ့တဲ့ ဖရီးကစ်ဟာ ရော်နယ်ဒိုရဲ့ အကောင်းဆုံးအလွတ်တည်ကန်ဘောကန်သွင်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

Source: Balls.ie

Ultimo Uomo ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့စနေနေ့က ဗီရိုနာနဲ့ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်အပြီးမှာ ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေသမိုင်းမှာ ဒုတိယအဆုံးရွားဆုံးဖရီးကစ်ကန်သွင်းသူအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၈ ခုနှစ်နွေရာသီကနေ ယနေ့အချိန်အထိ အလွတ်တည်ကန်ဘော ၁၈ ကြိမ် ကန်သွင်းခဲ့ရာမှာ ၁၈ ကြိမ်စလုံး ဂိုးရရှိခဲ့ခြင်းမရှိဘဲ ၂၁ ကြိမ် ကန်သွင်းရာမှာ ၂၁ ကြိမ်လုံးလွဲချော်ခဲ့တဲ့ ဖရိုစီနုန်း ကွင်းလယ်ကစားသမား ကမီလိုစီယာနိုရဲ့နောက် ဒုတိယအဆိုးရွားဆုံး ဖရီးကစ်ကန်သွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Source: talkSPORT

ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းမှာတုန်းကလည်း ဂိုးရရှိဖို့ ပိုမိုအကျိုးပြုနိုင်မယ့် အသင်းဖော်တွေကို အလွတ်တည်ကန်ဘော ကန်ခွင့်မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးသူဖြစ်ပြီး လက်ရှိအချိန် တူရင်မှာလည်း အလားတူအခြေအနေမျိုး ထပ်မံဖြစ်ပျက်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့် ပီယာနစ်ဟာ စီးရီးအေမှာ ဘောလုံးကို လည်ပတ်ခြင်းမရှိအောင် ကန်သွင်းနိုင်တဲ့ ဘောလုံးအသေကန်ချက်အထူးပြုကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ရော်နယ်ဒိုကြောင့် ဒုတိယဦးစားပေး ဖရီးကစ်ကန်သွင်းသူအဖြစ်သာ ရှိနေတာဖြစ်ပါတယ်။