မန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေဟာ ဂရိတ်တာမန်ချက်စတာမှာရှိတဲ့ ဆေးရုံသုံးရုံမှ ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် ခရစ္စမတ်လက်ဆောင်များပေးပို့ခဲ့ကြပြီး ယူနိုက်တက်အသင်းရဲ့ နှစ်ရှည်အစဉ်အလာကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းခဲ့ကြပါတယ်။

Cristiano Ronaldo leads Man Utd stars in act of Christmas kindness at children's hospitals

Photo : The Mirror

ဒီနှစ်တော့ Covid-19 ကပ်ရောဂါကြောင့် ယူနိုက်တက် ကစားသမားတွေဟာ ဆေးရုံတွေကို လူကိုယ်တိုင် သွားရောက်လည်ပတ်ခွင့်တော့ မရခဲ့ကြပါဘူး။ ဒါကြောင့်ပဲ ယူနိုက်တက်ကြယ်ပွင့်တွေအနေနဲ့ Royal Manchester ကလေးဆေးရုံ ၊ The Christie and Francis House ကလေးဂေဟာတွေမှ လူနာတွေနဲ့ ဝန်ထမ်းများအတွက် အမှတ်တရ မှတ်တမ်းဗီဒီယိုလေးတွေ ရိုက်ကူးပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ယူနိုက်တက် အမျိုးသားအသင်းရော အမျိုးသမီးအသင်းကစားသမားတွေပါ ပါဝင်ခဲ့ကြပြီး ပွဲတော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းနဲ့လူနားများအား စိတ်ဓာတ်တက်ကြွစေရန် ယူနိုက်တက် အင်္ကျီတွေ ၊ ဦးထုပ်နဲ့ အမှတ်တရ လက်ဆောင်များစွာတို့ကို ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။

” အိုးလ်ထရက်ဖို့ဒ်မှာ နောက်ဆုံးရှိခဲ့တုန်းက ကျွန်တော် အရမ်းသဘောကျခဲ့တဲ့ အစဉ်အလာတစ်ခုပါ ၊ ဒီနှစ် ယူနိုက်တက်ကို ကျွန်တော်ပြန်ရောက်ချိန်မှာ ဆေးရုံတွေကို ကိုယ်တိုင်သွားရောက် လည်ပတ်ခွင့် မရခဲ့တာတော့ ကံမကောင်းပါဘူး ”

” ဒီလိုနှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့ ခရစ္စမတ်အချိန်ကာလလေးမှာ လူငယ်တွေကို ပံ့ပိုးကူညီပေးဖို့ အရမ်းကိုအရေးကြီးပြီး အခုလိုလက်ဆောင်တွေပေးတဲ့ အစီအစဉ်မှာ တစ်ဖန်ပြန်ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ် ” လို့ ယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒို က ဆိုပါတယ်။

cristiano-ronaldo-leads-man-utd-stars-in-act-of-christmas-kindness-at-childrens-hospitals

Photo : The Mirror

အသက် ၃၆ နှစ်အရွယ် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အထိ ယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်ကတည်းက အခုလို ယူနိုက်တက်အသင်းရဲ့ ကောင်းမွန်တဲ့ အစဉ်အလာမှာ ပါဝင်ခဲ့တာဖြစ်ပြီ ဒီနှစ် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာ နောက်တစ်ကြိမ် အစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဖောင်ဒေးရှင်းဟာ နှစ်စဉ် ခရစ္စမတ်ကာလအတွင်း ယူနိုက်တက်အသင်းရဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းပေါင်း ၂ ထောင်ကျော်ကို လှူဒါန်းလျက်ရှိပြီး ဒီနှစ်မှာတော့ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေအတွက် အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Featured Photo : The Mirror