ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကွင်းအတွင်း ဂိုးသွင်းယူပေးရုံတင်မကဘဲ နောက်ထပ်ကြီးမားတဲ့အကျိုးသက်ရောက်မှုမျိုး ဆက်လက်ပြုလုပ်ပေးနေပြီး ၎င်းရောက်ရှိလာပြီးနောက် အသင်းသားတွေဟာ အစာစားချိန်မှာ မုန့်ပဲသရေစာတွေ တစ်ယောက်မှ မစားရဲကြတော့ဘူးလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကို ပြောပြခဲ့သူက ကစားသမားတွေကို လိုက်လံစပ်စုခဲ့တဲ့အချိန်မှာ ရော်နယ်ဒိုရဲ့ ထမင်းပန်းကန်က အသန့်ရှင်းဆုံးနဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဖြစ်နေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ လီး ဂရန့်ဖြစ်ပြီး ရော်နယ်ဒိုဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီးမှာ ဂျူဗင်တပ်ကို စွန့်ခွာပြီး အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဂရန့်က ရော်နယ်ဒိုဟာ အသင်းကို ပြန်လာနိုင်ခဲ့တဲ့အတွက် အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်နေပြီး အသင်းကို ပြန်လာချင်တဲ့ ၎င်းရဲ့ဆန္ဒက အသင်းပရိသတ်တွေနဲ့ အသင်းနဲ့ဆက်စပ်နေသူတွေအားလုံးအတွက် မယုံကြည်နိုင်ဖွယ် ကိုယ့်ကိုကိုယ် နှိမ့်ချမှုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Cristiano Ronaldo is continuing to make a massive impact at Manchester United

Photo: Daily Mail

“အားလုံးသိကြမှာပါ။ ဘယ်သူမဆို အိပ်ရာနိုးတဲ့အခါတိုင်း ပုံမှန်က ဇွန်းယူ၊ ခုံမှာထိုင်ပြီး သီချင်းဆိုကြတယ်။ကျွန်တော်က အဲဒီကို ပထမဆုံးရောက်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသက်ကြီးတဲ့ကစားသမားတွေထဲက တစ်ယောက်မို့လို့ပါ။ အဲဒီတော့ ရောက်ရောက်ချင်း ကျွန်တော်က ပန်းကန်တွေ၊ ခွက်တွေကို လျှောက်ခေါက်တာပေါ့”

“ကျွန်တော်တို့ဆီမှာ ပန်းကန်ပြားသေးသေးလေးနဲ့ စားတာက ဗာရန်း၊ ဆန်ချိုရှိပြီး ခရစ္စတီယာနိုကတော့ သိသာပါတယ်။ ကျွန်တော်တို့အားလုံး သူ ထပြီးများ သီချင်းဆိုမလားလို့ တွေးမိရင်းနဲ့ မောတောင်မောတယ်”

“ဒါပေမယ့် သူ ထရပ်လိုက်တယ်။ သူက အရမ်း တော်တယ်။ သူ ပြောခဲ့တာကို ကျွန်တော် ဖုံးကွယ်မှာမဟုတ်ဘူးဆိုတာ သိသာပေမယ့် သူ့ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် လုပ်တာနဲ့ပတ်သက်ပြီး သူ ပြောခဲ့တဲ့အချက်တွေထဲက တစ်ချက်က စိတ်ဝင်စားစရာကောင်းတယ်”

“သူ အဲဒါကို ပွဲအပြီးမှာ ထပ်ပြောခဲ့တယ်။ အရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် အဲဒါက ဘာကို ပြလဲဆိုတော့ ကျွန်တော်တို့အားလုံး ကစားသမားတစ်ယောက်အနေနဲ့ သတိပြုမိတဲ့ဟာက သူ တကယ် ဒီနေရာကို ပြန်လာချင်တယ်ဆိုတာပါပဲ”

Cristiano Ronaldo and Man United Teammates

Photo: NDTV Sports

“ဒီကို ပြန်လာပြီး အသင်းအတွက် ကစားပေးဖို့ အခွင့်အရေးရတော့ သူက မယုံနိုင်ဖွယ် စိတ်လှုပ်ရှားနေခဲ့ပြီး အဲဒီတော့ ဒါက ယူနိုက်တက်ပရိသတ်တွေနဲ့ အသင်းနဲ့ ဆက်စပ်နေတဲ့လူတိုင်းအတွက် မယုံကြည်နိုင်ဖွယ် နှိမ့်ချမှုပါပဲ”

“ဒီ တကမ္ဘာလုံးသိတဲ့ မီဂါစတားက အသင်းကို ပြန်လာရတာကို လုံးဝ အလွန်အမင်း ပျော်ရွှင်နေတာပါ”

ဂရန့်က ယူနိုက်တက်အသင်းသားတွေရဲ့ ဟိုတယ်က သောကြာနေ့ည ညစာအပြီးမှာ မကောင်းတာလုပ်နေတာတွေလည်း ပျောက်သွားပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ယူနိုက်တက်ဂိုးသမားက အဓိကညစာစားပြီးနောက် အသင်းဖော်တွေတစ်ယောက်မှ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို စားဖို့ ရွေးချယ်တာမရှိတာက ၎င်းကို ရယ်ချင်စိတ်မထိန်းနိုင်လောက်အောင်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရော်နယ်ဒိုရဲ့ အသင်းသားတွေအပေါ် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုတစ်ခု ခင်ဗျားကို ပြောပြမယ်။ အဲဒါက သောကြာနေ့ည ဟိုတယ်မှာ အသင်းသားတွေ ညစာစားအပြီးမှာ ဖြစ်တာပဲ။ ခင်ဗျားလည်း သိမှာပါ။ ညစာစားပြီးရင် သောကြာနေ့ညဆို ပုံမှန်အားဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာလေးတွေ ခင်ဗျား စားမှာပဲ”

“ခင်ဗျား ထောပတ်၊ ဂျုံနဲ့ သကြားတွေ ရောမွှေထားတဲ့ ပန်းသီးအချိုမုန့် စားမယ် ဒါမှမဟုတ် ချောကလက်ကိတ်နဲ့ ခရင်မ်နည်းနည်း စားမယ်”

Cristiano Ronaldo and Man United

Photo: The Sun

“အခု ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ ဘယ်ကစားသမားမှ အဲဒါတွေနဲ့ ပူတင်းပေါင်မုန့်တွေ မထိရဲကြတော့ဘူး။ ဘာလို့လဲဆိုတော့ အားလုံးက အတူတူ ထိုင်နေပြီး တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ခရစ္စတီယာနို ပန်းကန်ထဲမှာ ဘာတွေ ထည့်ထားလဲတဲ့”

“အဲဒီတော့ ကျွန်တော်တို့ သူ ဘာစားနေလဲ မသိမသာ လှမ်းအကဲခတ်ကြည့်လိုက်တော့ သူ့ပန်းကန်က အသန့်ရှင်းဆုံး၊ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆိုတာ ခင်ဗျား မြင်ယောင်ကြည့်နိုင်မှာပါ”

“အဲဒါနဲ့ပဲ ဘယ်ကစားသမားမှ ထပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်ပဲ သရေစာတွေ ထမစားရဲတာမြင်တော့ ကျွန်တော် မထိန်းနိုင်ဘဲ အော်ရယ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Financial Express