ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညက ပေါ်တိုအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်အတွင်း အလွဲတွေ များနေခဲ့တာကြောင့် လှောင်ပြောင်ခံနေရပါတယ်။

Photo: The Sun

ဂျူဗင်တပ်အသင်းဟာ ဥရောပရဲ့အကြီးမားဆုံးကလပ်အသင်းအဆင့် ဆုဖလားကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိအောင် ကူညီပေးဖို့ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာသေးတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ယခုရာသီ ချန်ပီယံလိဂ်ဖလားအတွက် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းဟာ ပေါ်တိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပထမပိုင်းအစနဲ့ ဒုတိယပိုင်းအစတို့မှာ ဂိုးတွေပေးခဲ့ရပြီး ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်အတွက် ဖက်ဒရီကို ချီယေးဆားက လိုအပ်နေတဲ့ အဝေးဂိုး ၁ ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် နောက်တကျော့အတွက် မျှော်လင့်ချက် ထားနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ကောင်းမွန်တဲ့ညတစ်ည လုံးဝမဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ရော်နယ်ဒိုက ဘယ်တောင်ပံကနေ ဘောလုံးလုယူပြီး အတွင်းထဲကို ဝင်ပြေးတဲ့အချိန်မှာ အဲလက်စ် ဆန်ဒရိုက ရှေ့က ပိတ်ဆို့ထားသလိုဖြစ်ခဲ့တာကြောင့် အသင်းဖော်ချင်း ဝင်တိုက်မိပြီး ပေါ်တိုအသင်းက ဘောလုံးပြန်ရရှိသွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Photo : The Sun

ဒါ့အပြင် ရော်နယ်ဒိုဟာ ပေါ်တိုအသင်း ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို ရင်ဘတ်နဲ့ ထိန်းပြီး ကန်သွင်းရာမှာလည်း အံ့အားသင့်ဖွယ် ထိချက်လွဲချော်သွားခဲ့ပြီး နောက်ထပ်အရှက်ရစရာကိစ္စကိုလည်း ရင်ဆိုင်ခဲ့ရသလို ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲကို ဆွဲပြေးပြီး လိမ်ခေါက်ဖို့ ကြိုးပမ်းရာမှာလည်း ပေါ်တိုနောက်ခံကစားသမားတွေက အလွယ်တကူ လုယူသွားခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။