မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ အိုးလ်ထရက်ဖို့ဒ်ကနေ မိုင်ပေါင်း ၅၇၀၀ အကွာအဝေးရှိတဲ့ အိန္ဒိယနိုင်ငံမှာ ၎င်းရဲ့ ပုံတူ ရွှေရုပ်တုကြီးတစ်ခု စိုက်ထူပြီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

Cristiano Ronaldo statue unveiled in India and it’s a lot better than the initial Madeira one, but state is criticised for the cost of the sculpture

Photo : Insider

The Times of India ရဲ့ဖော်ပြချက်အရ ပေါင် ၁၂၀၀၀ တန်ကြေးရှိပြီး ၆၅ တန်အလေးချိန်ရှိတဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ရုပ်တုကြီးကို ဘောလုံးအားကစားအလွန်ရေးပန်းစားတဲ့ အိန္ဒိယနိုင်ငံအနောက်ဘက် ဂိုအာပြည်နယ်မှာ စိုက်ထူဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဂိုအာပြည်နယ်ဝန်ကြီးဖြစ်သူ မိုက်ကယ်လိုဘိုကတော့ ခရစ္စတီယာနို ရော်နယ်ဒို ရုပ်တုဖွင့်ပွဲအပြီး ၎င်းရဲ့ တွစ်တာလူမှုကွန်ယက်စာမျက်နှာတဆင့် ထုတ်ဖော်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

” ဘောလုံးကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်တို့ လူငယ်တွေရဲ့တောင်းဆိုချက်အရ  ဘောလုံးအားကစားကို ပိုမိုမြင့်မားလာအောင် လှုံ့ဆော်ပေးဖို့အတွက် ပန်းခြံမှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ရုပ်တုကို ထားရှိခဲ့တာပါ ၊ ဒီအတွက်လည်း အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ် ၊ အိန္ဒိယမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ရုပ်တုကိုစိုက်ထူတာ ဒါပထမဆုံးအကြိမ်ပါ ၊ ဒါက ကျွန်တော်တို့ရဲ့လူငယ်တွေကို လှုံ့ဆော်ဖို့ကလွဲလို့ ကျန်တာမရှိပါဘူး” လို့ ဂိုအာပြည်နယ်ဝန်ကြီးဖြစ်သူ မိုက်ကယ်လိုဘိုက ဆိုပါတယ်။

သို့သော်လည်း အခုလို ပေါင် ၁၂၀၀၀ တန် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့  ရုပ်တုစိုက်ထူခဲ့ခြင်းအပေါ် အိန္ဒိယအာဏာပိုင်တွေနဲ့ ဒေသခံတချို့ ကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေခဲ့ပြီး ဒေသခံတချို့ က ယင်းရုပ်တုအနားမှာ အနက်ရောင်အလံတွေ ဝှေ့ယမ်းပြီး ကန့်ကွက်ကြောင်း သဘောထားထုတ်ဖော်ခဲ့မှုတွေလည်း ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

Cristiano Ronaldo statue unveiled in India and it’s a lot better than the initial Madeira one, but state is criticised for the cost of the sculpture
Photo : GiveMeSport

” ကိုယ့်နိုင်ငံက ဘောလုံးသမားတွေကို ဂုဏ်ပြုသင့်တယ် ၊ ကာလန်ဂူတီမြို့ခံ ဘရူးနို ကော်တင်ဟို နဲ့ ယိုလန်ဒါတို့လို အိန္ဒိယနိုင်ငံအတွက်ဆုတံဆိပ်တွေယူဆောင်လာပေးတဲ့ နိုင်ငံတကာအဆင့် ထူးချွန်တဲ့ဘောလုံးသမားတွေ အများကြီးရှိတယ် ၊ ဘာကြောင့်နိုင်ငံတွင်းက ကစားသမားတွေကို ဂုဏ်မပြုနိုင်ရတာလဲ ၊ ပေါ်တူဂီဘောလုံးသမားရဲ့ ရုပ်တုကိုမှ ဘာကြောင့်စိုက်ထူခဲ့တာလဲ” ဆိုတဲ့ ဒေသခံတချို့ရဲ့ ဝေဖန်မှုတွေလည်း များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Daily Mail