စီရော်နယ်လ်ဒိုဟာ PSG အသင်းထံသို့ ပြောင်းရွှေ့ကစားရန်စီစဉ်နေပြီး လီယိုနာဒိုနှင့် ဂျော့ချ်မန်ဒက်စ်တို့ ဆွေးနွေးကြလိမ့်မည်ဟု ပြင်သစ်သတင်းမီဒီယာများ ဖော်ပြနေကြပါတယ်။

စီရော်နယ်လ်ဒို ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ PSG အသင်းရဲ့ ဒါရိုက်တာဖြစ်သူ လီယိုနာဒိုနှင့် အပြောင်းအရွှေ့ကိစ္စဆွေးနွေး သွားရန်ရှိနေပါတယ်။ PSG အသင်းဟာ ဗိုင်းရပ်စ်ကြောင့် ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မူတွေရှိခဲ့ပေမယ့် အသင်းအတွက်လိုအပ်တဲ့ ကစားသမားခေါ်ယူမူတွေ ပြုလုပ်ချင်နေတာပါ။

Source: The Sun

ဂျော့ချ်မန်ဒက်စ်ဟာ PSG အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ James Rodriguez ရဲ့အပြောင်းအရွှေ့ကိစ္စကိုလည်း စီစဉ်ဆောင်ရွတ်ပေးနေသူဖြစ်ပါတယ်။ James အပြောင်းအရွှေ့ဟာ မကြာခင်မှာ ရလဒ်ကောင်းထွက်လာနိူင်တယ်လို့လည်း သတင်းတွေကဖော်ပြနေကြပါတယ်။

စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်း၏ ရလဒ်များကို စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ဖလားကို အရယူရန်အတွက် အခြားအသင်းတစ်သင်းနှင့်အတူ ကြိုးပမ်းရန် အသင့်ရှိနေသည်ဟုလည်း မီဒီယာများက ဖော်ပြနေကြပါတယ်။

Source: EBNE INfo

အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ ပေါ်တူဂီမြေတွင် ချန်ပီယံလိဂ်ပွဲလာကစားမည့် PSG အသင်းဒါရိုက်တာ လီယိုနာဒိုနှင့်တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်သည်ဟုလည်း သိရှိရသည်။

အသက် (၃၅) နှစ်အရွယ် စီရော်နယ်ဒိုဟာ ဂျူဗီတပ်အသင်းမှာ ကစားနေတာ (၂) နှစ်ရှိသွားပြီဖြစ်ကာ နောက်ထပ် စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေပါသေးတယ်။ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် (၃၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်တွင်လည်း ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Source: PSG Talk

စီရော်နယ်လ်ဒိုသည် PSG အသင်းထံပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှု အဆင်မပြေခဲ့ရင် ဂျူဗင်တပ်စ်အသင်းတွင် ဆက်ကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။