ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်ခုတည်းသော အကြီးမားဆုံးရည်မှန်းချက်ကတော့ လီယွန်နယ်မက်ဆီထက် ဘောလွန်းဒီအောဆု အကြိမ်ရေပို ရပြီး ကစားသမားဘဝကနေ အနားယူဖို့ ဖြစ်တယ်လို့ နှစ်စဉ်ဘောလွန်းဒီအောဆု ပေးအပ်ချီးမြှင့်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ပါစကယ်ဖာရီက ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

Cristiano Ronaldo's 'only ambition is to finish his career with more Ballon d'Or trophies than rival Lionel Messi', claims the chief of the award... as he reveals Luka Modric CRIED when he told him he had won it back in 2018

Photo : Dawn

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘောလွန်းဒီအောဆု ၅ ကြိမ်တိုင် ဆွတ်ခူးရရှိထားသူဖြစ်ပြီး ဆန်ခါတင်စာရင်းမှာ ၁၇ ကြိမ်တိတိ စံချိန်တင်ပါဝင်ထားကာ လီယွန်နယ်မက်ဆီထက် ဆုရရှိမှု တစ်ကြိမ်သာလျှော့နည်းနေသူ ဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီကတော့ ယခု ၂၀၂၁ ခုနှစ်ရဲ့ ဘောလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံးဖြစ်နေခဲ့ပြီး ဒီနှစ်သာ အားလုံးထင်ကြေးပေးနေကြတဲ့အတိုင်း ဆုရရှိခဲ့မယ်ဆိုရင် ၇ ကြိမ်မြောက် ဘောလွန်းဒီအောဆုကို ရရှိပိုင်ဆိုင်မှာပဲ ဖြစ်ပါတယ်။

” ခရစ္စတီယာနိုရော်နယ်ဒိုမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် ၊ အဲ့ဒါကတော့ မက်ဆီထက် ဘောလွန်းဒီအောဆု ပိုရပြီး ကစားသမားဘဝကအနားယူဖို့ပဲ ဖြစ်တယ် ၊ ဒီအကြောင်းကို သူကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့လို့ သိရတာပါ ” လို့ ပါစကယ်ဖာရီက စပိန်သတင်းဌာန Marca မှတစ်ဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ ၊ တနင်္လာနေ့ မနက်အစောပိုင်းမှာ ကျင်းပမယ့် ဘောလွန်းဒီအောဆုပေးပွဲ အခမ်းအနားမတိုင်ခင်မှာ ပေါက်ကြားခဲ့တဲ့သတင်းတွေအရ ဒီနှစ်ရဲ့ ကံထူးရှင်က မက်ဆီဖြစ်တယ်လို့ သတင်းတွေ သဲ့သဲ့ပေါ်ထွက်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆုအတွက် နောက်ထပ်ရေပန်းစားနေတဲ့ ကစားသမားတွေထဲမှာတော့ ဘန်ဇီမာက ဒုတိယနေရာမှာရှိနေခဲ့ပြီး လီဝန်ဒေါ့စကီးက အငြင်းပွားဖွယ်ရာ တတိယနေရာမှာ ချိတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Cristiano Ronaldo's 'only ambition is to finish his career with more Ballon d'Or trophies than rival Lionel Messi', claims the chief of the award... as he reveals Luka Modric CRIED when he told him he had won it back in 2018

Photo : The New York Times

မက်ဆီဟာ ၂၀၁၉ တုန်းကချီးမြှင့်ခဲ့တဲ့ ဘောလွန်းဒီအောဆုကိုနောက်ဆုံးရရှိထားတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ၂၀၁၆ နောက်ပိုင်းကတည်းက ဘောလွန်းဒီအောဆုနဲ့ ဝေးကွာနေခဲ့တာပဲ ဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ ယခု၂၀၂၁ ခုနှစ် ဘောလွန်းဒီအောဆု ဆန်ခါတင် ၁၁ ယောက်စာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ဆုအတွက်ရေပန်းစားခြင်းတော့ မရှိပါဘူး။ ပေါ်တူဂီသားဟာ ယခုနှစ်နွေရာသီမှာ အင်္ဂလန်မြေကို ပြန်လည်ခြေချလာခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ နောက်ကျသွင်းဂိုးများစွာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် စွမ်းဆောင်ပေးနေတဲ့ ကစားသမားဖြစ်ကာ နိုင်ငံတကာ ဘောလုံးသမိုင်တစ်လျောက် ဂိုးအများဆုံး သွင်းယူထားသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Featured Photo : Daily Mail