ခရစ္စတီယာနို ရော်နယ်ဒိုဟာ နောက်ဆုံးမှာတော့ လပ်စ် ဗေးဂတ်စ် ဒေသခံ အမျိုးသမီးဖြစ်တဲ့ ကတ်သရင်း မာယော်ဂါရဲ့ မုဒိမ်းမှုနဲ့ တရားစွဲဆိုခြင်းခံထားရတဲ့အမှုနဲ့ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခြင်းခံရတော့မယ်လို့ သိရပါတယ်။

နီဗားဒါးက ဖက်ဒရယ်တရားသူကြီးက မာယော်ဂါကို ဆန့်ကျင်ပြီး ရော်နယ်ဒိုဘက်ကနေ အမှုလိုက်ပေးနေတဲ့ ရှေ့နေရဲ့ဘက်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်လူမျိုး အမျိုးသမီးဟာ လပ်စ် ဗေးဂတ်စ်မှာ ရော်နယ်ဒိုရဲ့ သားမယားပြုကျင့်ခြင်းကို ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်မှာ အမှုပိတ်ပေးဖို့ လက်ခံရရှိခဲ့တဲ့ နှုတ်ပိတ်ခ ဒေါ်လာ ၃၇၅၀၀၀ ထက်ပိုမိုတဲ့ ငွေကြေးရရှိလိုတာကြောင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ronaldo-rape

Photo: Casino.org

အမှုကို ကြားနာနေချိန်မှာ တရားသူကြီး ဒန်နီရယ် အယ်လ်ဘတ်က ကတ်သရင်း မာယော်ဂါရဲ့ ရှေ့နေ လက်စ်လီ မာ့ခ် စတိုဗယ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ခိုးယူခံရပြီး ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအပေါ် အမှုတည်ဆောက်ထားခြင်းအတွက် မပျော်မရွှင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ အယ်လ်ဘတ်က စာရွက်စာတမ်းတွေဟာ ရော်နယ်ဒိုနဲ့ ၎င်းရဲ့ ရှေ့နေတွေကြားက အထူးအဆက်အသွယ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူအက်စ် ခရိုင်တရားသူကြီး ဂျန်နီဖာ ဒေါ်ဆေးကို ပေးပို့ခဲ့တဲ့ ထောက်ခံချက်ထဲမှာ အယ်လ်ဘတ်က “မာယော်ဂါရဲ့ အမှုကို သူမရဲ့ ရှေ့နေရဲ့မသင့်လျော်တဲ့အပြုအမူကြောင့် ပိတ်လိုက်တာဟာ ပြင်းထန်တဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါက ကံဆိုးစွာနဲ့ပဲ တရားစီရင်ရေးလုပ်ငန်းစဉ်ရဲ့ သမာသမတ်ကျမှုကို သေချာစေမယ့် သင့်လျော်တဲ့ တစ်ခုတည်းသော အပြစ်ပေးမှု ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ ဒေါ်ဆေးအတွက် အယ်လ်ဘတ်ရဲ့ ထောက်ခံချက်ကို အမှုမှာ ထည့်သွင်းဖို့အသုံးပြုဖို့ ရက်စွဲကိုတော့ ချက်ချင်း သတ်မှတ်ခဲ့တာမဟုတ်ပါဘူး။

cristiano-ronaldo-georgina-rodriguez

Photo: Goal.com

“စတိုဗယ်က သူ့ရဲ့ အမှုသည်နဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆိုးရွားတဲ့ယုံကြည်မှုနဲ့ ပြုမူခဲ့တာက ထိခိုက်ပျက်စီးစေခဲ့ပါတယ်”လို့ အယ်လ်ဘတ်က ဆုံးဖြတ်ခဲ့ပါတယ်။ စတိုဗယ်နဲ့ သူ့ရဲ့ရုံးက အခြားရှေ့နေတွေဟာ အယ်လ်ဘတ်ရဲ့ အမိန့်နဲ့ပတ်သက်ပြီး တယ်လီဖုန်း၊ အီးမေးလ်တို့နဲ့ ချက်ချင်း မတုံ့ပြန်ခဲ့ကြပါဘူး။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ နီဗားဒါးက ကတ်သရင်းဆိုတဲ့ အမျိုးသမီးဆီကနေ မုဒိမ်းမှုနဲ့ စွပ်စွဲခံခဲ့ရပြီးနောက် မုဒိမ်းမှုဟာ အရာအားလုံးနဲ့ ဆန့်ကျင်နေတဲ့ စက်ဆုပ်ရွံရှာဖွယ်ပြစ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကိုယ့်ကိုကိုယ် လူသိများအောင် လူတွေက လုပ်နေကြတယ်လို့ တိုက်ခိုက်ခဲ့ပါတယ်။

Featured Photo: Sportskeeda