မိဘတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ပညာရှိပြီးတော်တဲ့ မိဘတစ်ယောက်ဖြစ်ဖို့ဆိုတာ ပိုပြီးတောင် ခက်ခဲပါသေးတယ်။
ဒီနေ့ kwee page က ကလေးတစ်ယောက်ပြုစုပျိုးထောင်ဖို့အတွက် မိဘတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေအကြောင်း ပြောပြပေးလိုက်ပါတယ်။
| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| သူတို့ရဲ့အချိန်တွေ အားလုံးကို ကလေးနဲ့အတူ ဖြတ်သန်းကြတယ်။ ကလေးကို တစ်ယောက်ထဲနေတတ်အောင် မသင်ကြားပေးဘူး | ကလေးတွေကို မိမိကိုယ်ကိုဂရုစိုက်တတ်အောင် သင်ကြားပေးတယ်။ ဥပမာတွေ လုပ်ပြပေးတယ်။ တစ်ယောက်ထဲ နေတတ်အောင် သင်ကြားပေးတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| ပြသာနာရဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ရင်ဆိုင်ဖြေရှင်းကြတယ်။ | ပြသာနာ ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ကြတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| အဖြေတွေ ပေးကြတယ်။ | အဖြေတွေကို ရှာတတ်အောင် သင်ကြားပေးတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| မင်း ဘာမှမသိဘူးလို့ ပြောကြတယ်။ | သေချာပြန်စဉ်းစား။ အဖြေထွက်လာလိမ့်မယ် လို့ပြောကြတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| အခြားလူတွေကို ဥပမာအနေနဲ့ စံထားပြီး ဆုံးမကြတယ်။ | ကလေးတွေကို ကိုယ်ပိုင်ဟန်ဖြင့် နေနိုင်အောင် အားပေးကြတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| ပြသာနာတွေ မဖြစ်အောင် အမှားတွေမလုပ်မိအောင် ကလေးတွေကို အမြဲတမ်းကြည့်ရှုရှောက်စောက်ကြတယ်။ | တစ်ခါတစ်လေ အမှားတွေကို လုပ်ခွင့်ပေးလိုက်ပြီး သင်ခန်းစာယူစေတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| “မလုပ်နဲ့လို့” ပြောပြီး တားကြတယ်။ | ဖြစ်လာမယ့် အကျိုးဆက်ကို တွေကို စဉ်းစားခိုင်းစေတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| ကောင်းမွန်တဲ့ မိဘဖြစ်အောင်ကြိုးစားကြတယ်။ | သဘာဝကျကျနေနိူင်ဖို့နဲ့ ပွင့်ပွင့်လင်းလင်းနေနိုင်အောင် ကြိုးစားကြတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| ကလေးတွေကို ဘာလုပ်ဖို့လိုအပ်သလဲဆိုတာကို ပြောပြကြတယ်။ | ကလေးတွေကို ဒီလိုလုပ်တာ (သို့) ဟိုလိုလုပ်တာက ဘာ့ကြောင့် ကောင်းသလဲဆိုတာကို ပြောပြကြတယ်။ |

| သာမန် မိဘများ | ပညာရှိတဲ့မိဘများ |
| ကတိစကားတွေ တောင်းဆိုကြတယ်။ | ကတိစကားတည်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို နည်းလမ်းပြပေးတယ်။ |

Source: Bright Side
