အသက် (၃၀) မှ ဘဝစတာပါ။ ဒါဆိုရင် အသက် (၃၀) အရွယ်မှာ ဘာတွေပြင်ဆင်ထားဖို့လိုအပ်နေပြီလဲ။ အောင်မြင်နေကျတဲ့ လူတော်တော်များများ ဟာ အသက် (၃၀) ကျော်တွေများပါတယ်။ ဒီလူတွေက အသက် (၃၀) မတိုင်ခင် ကြိုတင်ပြင်ဆင်မူတွေ လုပ်ဆောင်ခဲ့တာကြောင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိသွားကြတာပါ။
Kwee page ကနေပြီးတော့ အသက် (၃၀) အရွယ်မှာ ပြင်ဆင်သင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိမိနှစ်သက်သော အလုပ်ကိုရှာဖွေပါ
Source: Tiny Buddha
အသက် (၂၀) ကျော်အရွယ်မှာ ဘွဲ့ရပြီး လုပ်ငန်းခွင့်ဝင်ကြတဲ့အခါမှာ ကိုယ်ကြိုက်တဲ့အလုပ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လုပ်ကြရတာများပါတယ်။ အလုပ်တွေလည်း ခဏခဏ ပြောင်းကြရတယ်။ ဒါပေမယ့် အသက် (၃၀) အရွယ်ရောက်ပြီဆိုရင် ကိုယ်နှစ်သက်တဲ့ အလုပ်တခုကို လုပ်နေရဖို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဘဝတတ်လမ်း ကိုအထောက်အကူပေးနိူင်မယ့် အလုပ်မျိုးကို ရှာဖွေပါ။
ကိုယ်ပိုင်ဟင်းတစ်မျိုးချက်တတ်အောင်သင်ယူပါ
Source:Kitchen
သင်ဟာ ဟင်းချက်တာကို မုန်းချင်မုန်းနေပါလိမ့်မယ်။ ဒါမှမဟုတ် ဟင်းချက်တော်တဲ့သူလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် ဟင်းတမျိုးကို တီထွင်ပြီး ဆရာကြီးတစ်ဆူဖြစ်အောင် ချက်တတ်ဖို့ ကြိုးစားပါ။ ဒီဟင်းတစ်မျိုးကို အခြားဘယ်သူတွေနဲ့မှ မတူအောင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ချက်ပြုတ်တတ်အောင် လုပ်ဆောင်ပါ။
အိမ်ကို ဧည့်သည်တွေ လာလည်တဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရည်အချင်းကို ထုတ်ပြလို့ရပါတယ်။ ဒါက သင့်ကို ယုံကြည်မူတွေ တိုးစေပြီး အပေါင်းအသင်းတွေကြားမှာလည်း မျက်နှာပွင့်စေပါတယ်။
ကိုယ့်ရဲ့သူငယ်ချင်းကောင်း ဘယ်သူတွေလဲဆိုတာ သိပါစေ
Source: Keith Craft
သင် ငယ်ရွယ်စဉ်မှာ လူတွေအများကြီးနဲ့ သိခဲ့ဖူးမှာပါ။ ဒီလူတွေဟာ သင့်ရဲ့သူငယ်ချင်းလည်း ဖြစ်နိူင်သလို မိတ်ဆွေ အဆင့်လည်း ဖြစ်နိူင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီလူတွေအားလုံးကို သူငယ်ချင်းတွေလို့ ယူဆတတ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ လူတွေက ကိုယ့်ရဲ့ဘေးကနေ ရှောင်ဖယ်သွားတတ်ကြတယ်။ သူငယ်ချင်း အစစ်တွေကသာ ကိုယ့်ရဲ့အနားမှာ ကျန်နေတတ်ကြတယ်။
ကိုယ်ဒုက္ခ ရောက်နေတဲ့အချိန် အနားမှာနေပြီး အကူအညီပေးတဲ့သူနဲ့ ကိုယ်အောင်မြင်မူတွေရနေတဲ့အချိန်မှ ကိုယ့်အနားရောက်လာတတ်တဲ့သူ စတဲ့ သူငယ်ချင်းအမျိုးမျိုးရှိတတ်ကြတယ်။ အသက် (၃၀) အရွယ်ရောက်တဲ့အချိန်မှာ တခုသိထားရမှာက ကိုယ့်ရဲ့ သူငယ်ချင်းကောင်းက ဘယ်သူတွေလဲဆိုတာပါပဲ။ ကိုယ့်အနားမှာရှိတဲ့ လူတိုင်းကိုသူငယ်ချင်းလို ထင်မှတ်ပြီး အချိန်တွေ မဖြုန်းပစ်လိုက်ပါနဲ့။
ပိုက်ဆံရှာပါ ခရီးထွက်ပါ
Source: Pinterest
အနားယူချိန်နည်းပါးခြင်းက စိတ်ကျန်းမာရေးအတွက်ရောခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ကြာလာရင် အလုပ်အပေါ် အာရုံစူးစိုက်မူ လျှော့နည်းလာတတ်ပါတယ်။ ဒါကြောင့် ရှာထားတဲ့ ပိုက်ဆံတွေကို နောက်ဆုံးပေါ် စမက်ဖုန်းတွေအပေါ် အကုန်နီးပါ မသုံးပစ်လိုက်ပါနဲ့။ ကိုယ့်အတွက် အပန်းပြေအနားရစေမယ့် ခရီးစဉ်တွေအတွက် အသုံးပြုပေးပါ။
မိမိဝင်ငွေရဲ့ (၂၀) ရာခိုင်နှုန်းကို ကိုယ်သွားဖို့စီစဉ်ထားတဲ့ ခရီးတွေအတွက် စုဆောင်းတဲ့ အလေ့အကျင့်ကို လုပ်ဆောင်ကြည့်ပါ။
အပိုဝင်ငွေရအောင်ရှာဖွေပါ
Source: CUInsight
အသက် (၃၀) အရွယ်မှာ အပိုဝင်ငွေရနိူင်တဲ့ အချိန်ပို အလုပ်တစ်ခု ရှာဖွေထားပါ။ ကုမ္ပဏီ အကြီးတွေမှာ အလုပ်လုပ်ရရတောင် ကိုယ့်ရဲ့အနာဂတ်ကို အာမမခံနိူင်ပါဘူး။ ဒါကြောင့် အချိန်ပိုအလုပ်တခု (သို့) ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အသေးလေးတခု ထူထောင်နိူင်အောင် ကြိုးစားပါ။
မိဘအိမ်တွေနဲ့ ခွဲနေဖို့ ဆုံးဖြတ်ပါ
Source: HireRush
မိဘအိမ်မှာ ခိုကပ်ပြီးနေရတာဟာ အလွန်အဆင်ပြေပါတယ်။ အိမ်က အမြဲတမ်း သန့်ရှင်းနေသလို ဗိုက်ဆာလာရင်လည်း စားစရာက အဆင်သင့် ရှိနေပြီးသားပါ။ ဒါပေမယ့် တခုသိထားရမှာ တနေ့မဟုတ်တနေ့ မိဘအိမ်ကနေ ထွက်သွားရမယ်ဆိုတာပါပဲ။ တစ်ဦးတည်းသော သားနဲ့သမီးတွေကတော့ ချွင်းခြက်ပါ။ မိဘအိမ်ကနေ ထွက်ခွာဖို့ အသက် (၃၀) အရွယ်က အကောင်းဆုံးအချိန်ပါ။ ငွေကြေးတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ၊ အသုံးစရိတ်တွေ ဘယ်လိုချွေတာ သုံးစွဲရမလဲဆိုတာ သင်သိလာပါလိမ့်မယ်။ ဒါတွေက အနာဂတ်အတွက် အလွန်အရေးပါပါတယ်။
အသက် (၃၀) အရွယ်ရောက်ပြီဆိုရင် ကိုယ့်ရဲ့ အနာဂတ်အစီအစဉ်တွေကို တခြားသူတွေကို မပြောပြပါနဲ့တော့။ ဒီအရွယ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ် ကိုရှာဖွေဖို့ လိုအပ်သလို အများပြည်သူရှေ့မှာ စကားပြောတတ်အောင် ပြောင်နိူင်အောင် လေ့ကျင့်သင့်နေပါပြီ။ ပြီးတော့ ယာဉ်မောင်း လှိုင်စင် ရယူထားဖို့လည်း လိုအပ်ပါတယ်။