အိပ်မက်တွေဆိုတာ လူတိုင်းနီးပါး ညတိုင်း မဟုတ်ရင်တောင် မကြာခဏဆိုသလို မက်လေ့ရှိတာကြောင့် သိပ်တော့လည်း အထူးအဆန်း မဟုတ်လောက်ပါဘူး။ အကြောင်းအရာ တစ်ခုခုကို စိတ်ထဲမကြာခဏ တွေးမိနေတယ်ဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး စိတ်စွဲကာ အိပ်မက်မက် တက်ပါတယ်။ ကွီးတို့ရဲ့ အတွေးတွေထဲမှာ Crush လေးနဲ့ ပတ်သတ်ပြီး ဆက်တိုက်ဆိုသလို တွေးမိနေတယ် ၊ ကွီးတို့ရဲ့ အတွေးပုံရိပ်တွေထဲမှာ Crush လေးက စိုးမိုးထားတယ် ဆိုရင်တော့ သူမအကြောင်း အိပ်မက်မက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချို့အိပ်မက်တွေရဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ အကြောင်းအရင်းတွေလည်း ရှိနေတက်ပြန်ပါတယ်။ အချို့အိပ်မက်တွေက ရင်ခုန်စရာကောင်းပြီး ကြည်နူးစရာတွေ ခံစားရနိုင်သလို အချို့အိမ်မက်တွေကတော့ ဝမ်းနည်းဖို့ကောင်းပြီး ကြောက်စရာလည်း ကောင်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မက်တဲ့ Crush လေးအကြောင်း အိပ်မက်တစ်ခုစီတိုင်းဟာ ကွီးတို့ရဲ့ ခံစားချက်တွေနဲ့ ဘယ်လိုမျိုး အဓိပ္ပါယ်သက်ရောက်နေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကွီးတို့ရဲ့ Crush လေးက ကွီးတို့ပေါ် ပြန် Crush နေတယ်လို့ အိပ်မက်မက်ရင်

Couple
Photo : Hack Spirit

ဒါကတော့ Crush လေးအကြောင်း မက်တဲ့ အိပ်မက်တွေထဲမှာ ကြည်နူးစရာ အကောင်းဆုံး အိပ်မက်တစ်ခုဖြစ်မယ် ထင်ပါတယ်။ စာရေးသူတို့ရဲ့ မသိစိတ်ဟာ တစ်ခါတစ်ရံမှာ ကိုယ်တိုင်ရော ကိုယ်နဲ့ပတ်သက်တဲ့ အရာအားလုံးကိုပါ မီးမောင်းထိုးပြတက်တဲ့ စွမ်းအား ရှိပါတယ်။ ဥပမာအားဖြင့် ကွီးတို့ရဲ့ Crush က ကွီးတို့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သတ်ပြီး မျက်လုံး ၊ မျက်ခုံး ၊ နှာခေါင်း စသည်ဖြင့် တစ်စုံတစ်ခုကို ချီးကျူးပြောဆိုဖူးတယ်ဆိုရင် ဒါဟာ ကွီးတို့နဲ့ ပတ်သတ်ပြီး သူမရဲ့ သဘောကျနေရတဲ့ အချက်ကို ဖော်ပြနေတာပါ။ အမှန်တကယ်လည်း သူမရဲ့စိတ် တစ်ထောင့်တစ်နေရာမှာ ကွီးတို့ ရှိနေတယ်ဆိုတာကို ခံစားမိတဲ့အခါ မသိစိတ်ကနေ Crush လေးက ကွီးတို့အပေါ် ပြန် Crush နေတယ်လို့ အိပ်မက်မက်တက်ပါတယ်။

(၂) ကွီးတို့ရဲ့ Crush လေးနဲ့ အနမ်းတွေပေးနေတယ်လို့ အိပ်မက်မက်ရင်

Couple
Photo : Hack Spirit

အိပ်မက်ထဲမှာ ကွီးတို့ရဲ့ Crush လေးနဲ့ အနမ်းပေးနေတယ်လို့ မက်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ နှလုံးသားက သူမအပေါ် တော်တော်လေးကို နစ်ဝင်ပြီး ဖောအင်လပ် မိနေပြီဆိုတာ ဖော်ပြနေတာပါ။ ဆိုလိုတာကတော့ ကွီးတို့က သူမနဲ့ ရေရှည်တည်တန့်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို သွားချင်နေတယ်ဆိုတာ သေချာပါတယ်။ အိပ်မက်မှာ ကွီးတို့ဘက်က စနမ်းတာ ဆိုရင်တော့ လက်တွေ့ဘဝမှာ အနည်းငယ်ကြောက်ရွံ့ပြီး ရှေ့တိုးဖို့ စိတ်လေးနေတာ ဖြစ်နိုင်ပါတယ်။ အကယ်၍ သူမဘက်က စပြီး ကွီးတို့ကို အနမ်းပေးတယ် ဆိုရင်တော့ Crush လေးက ကွီးအပေါ်ကို စိတ်ဝင်စားနေပြီး ကွီးတို့ရဲ့ မသိစိတ်က ဒါကိုသတိမထားမိတဲ့အတွက် အရိပ်အမြွက်အနေနဲ့ ပြတာလို့ အဓိပ္ပါယ်ကောက်ယူလို့ ရနိုင်ပါတယ်။

(၃) ကွီးတို့ရဲ့ Crush လေးက ကွီးတို့ကို ငြင်းလိုက်တယ်လို့ အိပ်မက်မက်ရင်

Couple
Photo : Hack Spirit

Crush လေးအကြောင်း နဲ့ ပတ်သတ်ပြီး ဘယ်သူမှ မမက်ချင်တဲ့ အိပ်မက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အိပ်မက်ထဲမှာပဲ ငြင်းတာပါ။ ဒါဟာဘာကြောင့်မက်ရတာလဲ ဆိုရင်တော့ ကွီးတို့ရဲ့ Crush လေးက ကွီးတို့အပေါ် ဘယ်လိုစိတ်ရှိလဲ ဥပမာအားဖြင့် နည်းနည်းများစိတ်ဝင်စားနေတာလား ဒါမှမဟုတ် လုံးဝစိတ်မဝင်စားတာလား စသည်ဖြင့် သူမရဲ့ စိတ်ခံစားချက်ကို နည်းနည်းလေးတောင် ခန့်မှန်းလို့မရပဲ အရာအားလုံးက ဝေဝါးနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ယုံကြည်မှုမရှိတဲ့ စိတ်ကြောင့် ငြင်းပယ်ခံလိုက်ရတယ်ဆိုတဲ့ အိပ်မက်မျိုး မက်တက်ပါတယ်။

(၄) ကွီးတို့ရဲ့ Crush လေးနဲ့ ဒိတ်လုပ်နေတယ်လို့ အိပ်မက်မက်ရင်

Couple

Photo : Hack Spirit

ဒီအိပ်မက်ကတော့ အိပ်ရာနိုးလာချိန်မှာ လက်တွေ့တကယ်သာ ဖြစ်လိုက် ရရင်တော့ဖြင့်လို့ တွေးပြီးတောင် စောင်ကိုက်ရင်း ပျော်ရမယ့် အိပ်မက်မျိုးပါ။ ဒီအိပ်မက်လေးရဲ့ အဓိပ္ပါယ်ကတော့ လက်တွေ့ဘဝမှာ Crush လေးနဲ့ ဆက်ဆံရေးဟာ အသင့်အတင့်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပြီး အဆင့်တက်ဖို့ အတွက်လည်း ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝ ရှိကြောင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ယုံကြည်ချက်အတိုင်း အချိန်တစ်ခုမှာ ကွီးတို့ Crush လေးနဲ့ အဆင်ပြေသာယာတဲ့ အနာဂတ် အချစ်ခရီးလမ်းလေးတစ်ခုကို စတင်နိုင်မှာပါ။ နောက်တစ်ချက်ကတော့ တကယ်သာ Crush လေးနဲ့အတူတူ ဒိတ်လုပ်ရရင် ကွီးတို့ ဘယ်လောက်ပျော်ရွှင် နေရမလဲဆိုတာကို အကြိုအနေနဲ့ ကွီးတို့ရဲ့ မသိစိတ်က ရည်ညွှန်းထုတ်ဖော်ပြနေတာ ဖြစ်နိုင်ပါတယ်။

ကွီးတို့ရော Crush လေးအကြောင်း အိပ်မက်တွေ မက်ပါသလား ? ဘယ်လို အိပ်မက်မျိုးတွေ မက်လဲဆိုတာ ကွန်းမန့်မှာ ပြောပြပေးခဲ့ပါဦး။

Source : Mom Junction

Featured Photo : NBC News