အခုထိ ကွီးတို့သဘောကျတဲ့ Crush လေးရဲ့ ဆိုရှယ်မီဒီယာအကောင့် Active Now ဖြစ်တာကို ထိုင်ကြည့်နေတုန်းလား။ ဒါဆိုရင်တော့ ၂၀၂၃ ကစပြီး ပုံစံပြောင်းလိုက်ဖို့ အကြံပေးပါရစေ။ Crush လေးရဲ့ အချစ်ကိုမရခင် သူမဆီက ကွီးတို့အပေါ် အာရုံစိုက်မှု ရအောင် ကြိုးစားရမှာက ပထမဆုံးအဆင့် ဖြစ်ပါတယ်။ ဒီတော့ သူမဆီကနေ ပါးပါးနပ်နပ်နဲ့ Attention ရဖို့ ဆိုရှယ်မီဒီယာ ပေါ်မှာ ချဉ်းကပ်တဲ့ နည်းလမ်းလေးတွေကို ကွီးတို့အတွက် ကပ်တိုးလေး ပြောပြပေးပါမယ်။

(၁) Story တွေ မလွတ်တမ်း ဝင်ကြည့်ပါ

Crush

Photo : LovePanky

ချစ်ခြင်းအစ My Day ကလို့တောင် စကားလုံးအသစ် ပေါ်နေပါပြီနော်။ Crush လေးတင်သမျှ My Day ၊ Story တွေကို တစ်ခုမှအလွတ်မခံပဲ ဝင်ကြည့်ပါ။ တစ်ခါတစ်လေ React လေးတွေ ပေးတာ ၊ Story ကို Reply လုပ်တာမျိုးလေးတွေလည်း လုပ်ပေးပါ။ ဒါက ကွီးတို့ကို ပိုပြီးသတိထားမိစေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူမတင်သမျှကို First View အနေနဲ့ ချက်ချင်းသာ ဝင်ကြည့်ပေးလိုက်ပါ။ အမြဲတမ်း သူမရဲ့ Story တွေ ဝင်ကြည့်တဲ့ ကွီးကို သတိမထားမိပဲ မနေပါဘူး။

(၂) Post တွေ React ပေးပါ

Crush

Photo : The Josh Speaks – Medium

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ Crush လေးတင်တဲ့ Post တွေကို React တော့ ပေးဖြစ်ကြမှာပါ။ ဒါပေမယ့် တစ်ခုသတိထားစေချင်တာက Crush လေး ဘာတင်တင် အသဲပေးတဲ့ Team ကတော့ မလုပ်ပါနဲ့။ သူမတင်တဲ့ Post ပေါ်မူတည်ပြီး Love သင့်ရင် Love ၊ Sad သင့်ရင် Sad ၊ Haha ပေးသင့်ရင် Haha ပြောင်းပေးပါ။ ဒါက သူမရဲ့ခံစားချက်တွေကို နားလည်တယ်ဆိုတာကို React လေးနဲ့ ပြောပြနေတာ ဖြစ်ပါတယ်။ မိန်းကလေးအများစုက သူတို့ရဲ့ Post တွေကို React အမြဲပေးသူတွေကို သတိထားမိကြပါတယ်။

(၃) ရံဖန်ရံခါ Comment ပေးပါ

Crush

Photo : Think aloud

Comment လေးတွေက တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမယ့် Crush ဆိုတဲ့အမျိုးက ချေတက်တာမို့ သူမတကယ် Reply လုပ်ချင်မယ့် Comment မျိုးကိုပဲ ရွေးပေးဖို့ အကြံပေးချင်ပါတယ်။ ဥပမာ အားဖြင့် သူမစိတ်ဝင်စားတဲ့ အရာတွေ ၊ သီချင်းတွေ ၊ ဇာတ်လမ်းတွဲတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာမျိုး ၊ သူမအတွက် အကူအညီပေးနိုင်တဲ့ အဖြေလေးတွေ ဝင်ဖြေပေးတာမျိုး စတဲ့ Comment လေးတွေ ပေးပါ။

(၄) ကွီးတို့ ကိုယ်တိုင်လည်း Post တင်တက်ပါစေ

Crush

Photo : The New Yorker

Crush လေးရဲ့ အာရုံစိုက်မှုရအောင် သူမရဲ့အကောင့်ကိုပဲ တစ်ချိန်လုံးစောင်ကြည့်နေစရာ မလိုပါဘူး။ ကွီးတို့ ကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာကို အထာကျကျသုံးခြင်းဖြင့် သူမစီက အာရုံစိုက်မှု ရနိုင်ပါတယ်။ အဓိကအားဖြင့် သူမကို မသိမသာလေး ရည်ညွှန်းတဲ့ သီချင်းလေးတွေ တင်တာ ၊ Funny ဖြစ်ပြီး Flirty ဆန်ဆန် Captions လေးတွေနဲ့ Posts တွေ Stories တွေ တင်ပြီး ဈေးဗန်းခင်းတာမျိုး လုပ်နိုင်ပါတယ်။ တစ်ခါ တစ်ရံလည်း ကွီးတို့ရဲ့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ သေချာရိုက်ကူးထားတဲ့ ပုံလေးတွေကိုလည်း တင်ပေးပါ။

(၅) စကားလမ်းကြောင်းရှာပါ

Crush

Photo : Pexels

သူမရဲ့ Messenger ကို တိုက်ရိုက်စကား သွားပြောတော့မယ် ဆိုရင်တော့ စားပြီးပြီလား ၊ ဘာလုပ်နေလဲ လောက်နဲ့တော့ မပြောပါနဲ့။ အခန့်မသင့်ရင် ကီးဘုတ်ပါပျောက်သွားနိုင်ပါတယ်။ အဓိက သူမနဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ အပြန်အလှန် စကားပြောလို့ရမယ့် Topic လေးတွေနဲ့ စကားလမ်းကြောင်းကို စသင့်ပါတယ်။ ဥပမာ Birthday Wish လုပ်ပေးရင်း စကားစရှာတာမျိုး ၊ သူမတင်တဲ့ Post တစ်ခုခုကနေ အကြောင်းအရာကို ဦးတည်ပြီး စကားစပြောတာမျိုး လုပ်ပါ။

ဒါကတော့ ဆိုရှယ်မီဒီယာ ပေါ်မှာ Crush လေးရဲ့ အာရုံစိုက်မှု ရအောင် လုပ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော လက်ရှိ Crush လေးနဲ့ အခြေအနေကို တိုးတက်အောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ပိုးပမ်းနေလည်းဆိုတာ ကွန်းမန့်မှာ အတွေ့အကြုံလေးတွေ ဖလှယ်ပေးခဲ့ပါဦး။

Featured Photo : Sweety High