လူတစ်ယောက်အပေါ် တစ်ဖက်သက် ချစ်မိတဲ့ ချစ်ခြင်းမေတ္တာကို လှပသိမ်မွေ့တဲ့ ခံစားမှုတစ်ခုလို့ အဓိပ္ပါယ်ဖွင့်ဆိုရင် အိုဗာမဖြစ်လောက်ဘူးလို့ ထင်ပါတယ်။ သူမကို မြင်တိုင်း ကွီးတို့ရဲ့ ရင်ထဲမှာ လိပ်ပြာလေးတွေ ဝဲပျံသွားသလို ကြည်နူးရတဲ့ ခံစားချက်တွေ တဖွားဖွားပေါ်နေတယ် ၊ ရင်ခုန်သံစည်းချက်တွေ မမှန်တော့ဘူး ၊ ချွေးစေးတွေပါ ပျံလာတယ်ဆိုရင်တော့ သေချာပါတယ် ကွီးတို့ သူမအပေါ် ချစ်စိတ်တွေ တဖွားဖွား ထွက်ပေါ်နေပါပြီ။ ဒီလို ချစ်ခင်မြတ်နိုးရပါသော Crush လေး နဲ့ မြန်မြန်နီးစပ်နိုင်ဖို့ဆိုရင် ရုပ်မပေါက်ပဲ အထာကျကျ ချဉ်းကပ်တက်ဖို့တော့ လိုမှာပါ။ ဒါဆို ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး ချစ်ရသော အမျိုးသမီးလေးနဲ့ နီးစပ်အောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) သူမ စိတ်ဝင်စားတဲ့ အရာတွအကြောင်း လေ့လာထားပါ

Couple

Photo : Lead Your Love

Crush လေး နဲ့ နီးစပ်တဲ့ အဆင့်မရောက်ခင် ပထမဆုံး သူမနဲ့ ရင်းနှီးမှု ရယူဖို့ လိုတယ်မဟုတ်လား ? ဒီနေရာမှာ အရေးကြီးဆုံး နည်းဗျူဟာကတော့ သူမရဲ့စိတ်ဝင်စားမှုတွေ အကြောင်းကို ကြိုတင်လေ့လာထားဖို့ပါ။ သူမနဲ့ စကားတွေ ဖောင်ဖွဲ့ပြောဆိုရင်း ရင်းနှီးတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ သူမရဲ့ အကြိုက်တွေ ၊ စိတ်ဝင်စားမှုတွေကို သိထားဖို့ လိုပါမယ်။ မိန်းကလေးတွေက သူတို့ စိတ်ဝင်စားတဲ့ အရာတွေအကြောင်း ဆွေးနွေးပြောဆိုရတာ နှစ်သက်ကြပါတယ်။ မဟုတ်ရင်တော့ စကားပြီးပြီလား အဆင့်ကနေပဲ တက်နိုင်တော့မှာ မဟုတ်ပါဘူး။

(၂) ချီးမွမ်း စကားလေးတွေ ပြောပေးပါ

Couple

Photo : LoveDevani.com

မိန်းကလေးတွေ အများစုက သူတို့ အရေးပေးတဲ့ အရာတွေအပေါ် အသိမှတ်ပြုခံရတဲ့ Compliments လေးတွေကို အင်မတန် နှစ်သက်ကြပါတယ်။ အဓိကအားဖြင့် သူမ ဝတ်ဆင်ထားတဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ချီးမွမ်းပေးတာမျိုး ၊ သူမ ဆွတ်ထားတဲ့ ရေမွှေးအနံ့လေးက သူမနဲ့ လိုက်ဖက်ကြောင်း ချီးမွမ်းပေးတာမျိုး စသည်ဖြင့်ပါ။ ချီးမွမ်းစကားပြောတဲ့အခါ အရမ်းကြီး အလွန်အကျူး မဖြစ်ဖို့နဲ့ ရိုးသားမှုရှိရှိ ပြောဆိုပေးဖို့က နံပါတ်တစ် အရေးကြီးပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိအောင်ထားပါ

Couple

Photo : LoveDevani.com

ကွီးတို့နဲ့ စကားပြောတဲ့အခါ ဒါမှမဟုတ် အတူရှိချိန်တွေမှာ ဘာမှအများကြီး ဟန်ဆောင်လုပ်ယူနေရတာမျိုး မရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ဖြစ်မှုကို အပြည့်အဝပေးနိုင်လေ ကွီးတို့အပေါ် သဘောကျနိုင်မှု ရာခိုင်နှုန်းဟာ များလေ ဖြစ်ပါလိမ့်မယ်။ မယုံမရှိပါနဲ့။ မိန်းကလေးတွေက သူတို့ စိတ်သက်တောင့်သက်သာ ဖြစ်ရတဲ့ ရပ်ဝန်းတစ်ခုမှာပဲ ရှင်သန်နေထိုင်ရတာကို ပျော်ကြတာပါ။ ဒါကြောင့် ဘာမှဟိတ်ကြီးဟန်ကြီးတွေမရှိပဲ အရှိကိုအရှိတိုင်း ၊ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းဖြင့် Crush လေး ကို စိတ်သက်တောင့်သက်သာ ဖြစ်အောင် ထားပေးဖို့ အကြံပြုပါတယ်။

(၄) အလောတကြီး လုပ်တာမျိုး လုံးဝ(လုံးဝ) ရှောင်ပါ

Couple

Photo : Her Norm

တစ်စုံတစ်ဦးအပေါ် Crush မိရာကနေ ပြင်းထန်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတက်တာ သဘာဝဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။ ဘယ်အရာမဆို အလောတကြီး မလုပ်ပဲ တဆင့်ချင်းတက်တာအကောင်းဆုံးပါ။ တစ်ဖက်ကအခြေအနေက မီးစိမ်းပြမပြမသိပဲ ဇွတ်ဝင်တိုးတာကတော့ ရုပ်ပေါက်တဲ့ ဘဲတစ်ပွေအဖြစ် သတ်မှတ်ခံရရုံက လွဲရင် ဘာမှအကျိုးမရှိပါဘူး။ အဲ့ဒါကြောင့် အထာကျကျလေး ဗျူဟာခင်းတက်ဖို့ လိုတာပါ။ အခုချက်ချင်း ရင်းနှီးမှုရ ၊ အခုချက်ချင်း ဖွင့်ပြော ၊ အခုချက်ချင်း အဖြေတောင်းတာမျိုး လုံးဝမလုပ်ပါနဲ့။ ခြေလှမ်းစိပ်စိပ် လှုပ်ရှားရင်းနဲ့ အခြေအနေကို သေချာစောင့်ကြည့်သုံးသပ်ပြီး ပိုင်ပြီဆိုမှသာ အကွက်ရွေ့သင့်ပါတယ်။

Source : MomJunction 

Featured Photo : LovePanky