လူတိုင်းလူတိုင်း ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ချင်ကြမယ်ထင်ပါတယ်။ ဒါဆို ပျော်ရွှင်တဲ့ဘဝရဖို့ ဘာတွေလုပ်ရမလဲ ပျော်ရွှင်မှုကိုဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပြိုးထောင်ကြမလဲ။ ဒီဆောင်းပါးလေးမှာတော့ စာဖတ်သူတို့ရဲ့ ဘဝမှာပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ဘယ်လိုရရှိနိုင်မလဲဆိုတဲ့ အကြံပြုချက်များကို မျှဝေပေးချင်ပါတယ်။
(၁) အပြုသဘောဆောင်တဲ့စိတ်လေ့ကျင့်ပေးပါ

Source : Freepik
မကောင်းမြင်စိတ်က သင့်ရဲ့ပျော်ရွှင်မှုတွေကိုဖျက်စီးနေတဲ့အရာတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်းတွေကို သယ်ဆောင်လာပေးပါတယ်။ ဒါကြောင့်ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင် အကောင်းမြင်စိတ် အပြုသဘောဆောင်တဲ့စိတ်တွေကိုလေ့ကျင်မွေးမြူထားဖို့လိုပါတယ်။
(၂) ပေါင်းသင်းဆက်ဆံရေးကိုမြင့်တင်ပါ

Source : Executive Grapevine
ပေါင်းသင်းဆက်ဆံရေးဆိုတာ ကျွန်ုပ်တို့ဘဝရဲ့ ပျော်ရွှင်မှုဆိုင်ရာ အကြီးမားဆုံးရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိလေ အောင်မြင်ပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမှုဘဝများကိုရရှိလေဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာပျော်ရွှင်မှုကိုခံစားရချင်ရင် သင့်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုချဲ့ထွင်ပြီး လူအများနှင့်အဆင်ပြေအောင်နေထိုင်သင့်ပါတယ်။
(၃) ပစ္စုပ္ပန်အခြေအနေမှာပဲလိုက်ပါစီးမျောပါ

Source : Entrepreneur
အတိတ်ကပြီးဆုံးခဲ့တဲ့အရာတွေအတွက်နောင်တရနေခြင်း အနာဂတ်ကိုကြိုတင်တွေးတောပူပင်နေခြင်းက သင့်ဘဝရဲ့ ပျော်ရွှင်စရာတွေကို တဖြည်းဖြည်းချင်းတိုက်စားသွားစေနိုင်ပါတယ်။ ဒါကြောင့် အတိတ်တွေ အနာဂတ်တွေကိုမတွေးပဲ လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ ပစ္စုပ္ပန်အခိုက်အတန့်ကိုပဲ အာရုံစူးစိုက်ထားသင့်ပါတယ်။ လက်ရှိအခြေအနေကိုအကောင်းဆုံးနဲ့ အာရုံစိုက်ပြီးဖြတ်သန်းမယ်ဆိုရင်ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်မှာပါ။
(၄) ကျန်းမာရေးကိုအလေးထားပါ

Source : Pride
လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုက အဲ့ဒီလူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ ကျန်းမာရေးလို့ပြောရင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါအလေးထားသင့်ပါတယ်။ ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းလုပ်ခြင်း အစားအသောက်ထိန်းခြင်း ဆေးလိပ်အရက်လျော့သောက်ခြင်း အိပ်ချိန်ကိုအလေးထားခြင်း စသည်တို့ကိုလုပ်ဆောင်သင့်သလို စိတ်ကျန်းမာရေးအတွက်လည်း တရားထိုင်ခြင်း ယောဂကစားခြင် း စတဲ့အလေ့ကျင့်တွေကိုပြုလုပ်ပေးသင့်ပါတယ်။စိတ်ရောကိုယ်ပါကျန်းမာမှ ပျော်ရွှင်တဲ့ဘဝကိုရရှိမှာပါ။
