တက်တူးဆိုတာ ခန္ဓာကိုယ်အရေပြားပေါ်မှာ ထိုးထွင်းထားတဲ့အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ တချို့တက်တူးချစ်သူတွေကတော့ မိမိကို စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်မယ့် သတ္တဝါလေးတွေကို ရေးထိုးလေ့ရှိကြပြီး တချို့တွေကတော့ မိမိချစ်တဲ့ တိရစ္ဆာန်လေးတွေကို ခန္ဓာကိုယ်ပေါ် တက်တူးထိုးလေ့ရှိကြပါတယ်။ စာဖတ်သူတို့ထဲမှာတော့ အိမ်မွေးတိရစ္ဆာန်ခွေးလေးတွေ၊ ကြောင်လေးတွေချစ်တဲ့သူ ဘယ်နှယောက်လောက်ပါမလဲမသိဘူးနော်။

ဒီတစ်ခါမှာတော့ ကြောင်ချစ်သူကွီးတွေအတွက် ကြောင်ပုံစံတက်တူးလေးတွေအကြောင်း ပြောပြချင်ပါတယ်။

ကြောင်ပုံစံတက်တူး အစပြုလာပုံ

ကြောင်ပုံတက်တူး သမိုင်းကို နားလည်ဖို့ဆိုရင် လူသားများနဲ့ ကြောင်တို့ရဲ့ ဆက်နွယ်မှုကို အရင်ဆုံးသိနားလည်ဖို့ လိုအပ်ပါတယ်။ ကြောင်တွေက အိမ်မွေးတိရစ္ဆာန်အဖြစ် လူသားတွေကြားထဲမှာ နေထိုင်လာတာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပါပြီ။ ၁ ရာစုခန့်က ကြောင်တွေကို စတင်မွေးမြူခဲ့ပြီး ထိုမွေးမြူရခြင်းရည်ရွယ်ချက်ကတော့ မီးဖိုချောင်ထဲမှာ သောင်းကျန်းတတ်တဲ့ကြွက်တွေကို နှိမ်နင်းဖို့ပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ တချို့အိမ်တွေက ကြောင်များကို နုနုရွရွပုံစံလေးထားပြီး အလှမွေးတတ်ကြသလို၊ တချို့အိမ်တွေကတော့ ကြွက်ခုတ်ဖို့အတွက် မွေးမြူကြပါတယ်။

ကြောင်ပုံတက်တူးများရဲ့ အဓိပ္ပာယ်

ရှေးခေတ်အီဂျစ်လူမျိုးများကတော့ ကြောင်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးတဲ့သတ္တဝါလို့ ယုံကြည်ကြပါတယ်။ ထိုမှတဆင့် ကြောင်ပုံတက်တူးထိုးခြင်း စတင်လာခဲ့ပါတယ်။ ကြောင်ပုံတက်တူးများက ကံကောင်းမှုကိုလည်း ကိုယ်စားပြုသလို သနားကြင်နာမှုနဲ့ ချမ်းသာကြွယ်ဝမှုကိုလည်း ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ကြောင်တွေက သက်ရှိလောကနဲ့ တမလွန်ဘဝကို ဆက်သွယ်ပေးတဲ့ တံတားတစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် သူတို့က ကမ္ဘာနှစ်ခုစလုံးမှာ အရေးပါ အရာရောက်တဲ့သတ္တဝါလေးတွေပဲဖြစ်ပါတယ်။

အခြားအဓိပ္ပာယ်များ

ကြောင်ပုံတက်တူးရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်မှု၊ အသိဥာဏ်ကြွယ်ဝမှု၊ ကျက်သရေရှိမှု၊ အကာအကွယ်ပေးမှု၊ လျင်မြန်သွက်လက်မှု၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ချစ်စရာကောင်းခြင်း စတဲ့အဓိပ္ပာယ်တွေကိုလည်း ဖော်ဆောင်ပေးပါသေးတယ်။

ကြောင်ချစ်သူကွီးတို့လည်း တက်တူးထိုးချင်တယ်ဆိုရင် ဘယ်လိုဒီဇိုင်းလေးတွေ ထိုးလို့ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူကွီးတို့ သဘောကျမယ်လို့လည်း မျှော်လင့်မိပါတယ်။

Source: Tattoo-journal.com