ကွီးတို့ Dad Shoes တွေအကြောင်း ကြားဖူးပါသလား ? Dad Shoes တွေ ပေါ်ခဲ့တာတော့ ၁၉၉၀ ကနေ ၂၀၀၀ ဝန်းကျင်ကာလတွေမှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် လောက်ကမှ ဖက်ရှင်နယ်ပယ်မှာ တကြော့ပြန် Trend ဖြစ်လာတာပါ။ အပြင်ပိုင်း Look ကို ကြည့်ရရင်တော့ ရုပ်ဆိုးတဲ့ ဖိနပ်တွေလို့ ပြောလို့ရပေမယ့် ၉၀ ခုနှစ်ဝန်းကျင်က အမှတ်တရတွေကို ပြန်ပြီး အမှတ်ရစေမယ့် Shoes တွေ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Dad Shoes ဆိုတာ ဘာလဲ ၊ Dad Shoes တွေရဲ့ သမိုင်းကြောင်းက ဘယ်လိုလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးပါမယ်။
Dad Shoes ဆိုတာ ဘာလဲဘယ်လဲ ?
Photo : Runner’s World
Dad Shoes တွေရဲ့ အစကို ပြန်ကောက်ရမယ်ဆိုရင် ၁၉၈၀ နောက်ပိုင်းမှာ Nike နဲ့ Adidas တို့လို နာမည်ကြီး ဖိနပ် Brands ကြီးတွေကနေ စတင်မိတ်ဆက်လိုက်တဲ့ ဖိနပ်တွေလို့ ပြောရပါမယ်။ Dad Shoes တွေဟာ အမေရိကန် အနောက်အလယ်ပိုင်းမှာ စပေါ်ခဲ့တာဖြစ်ပြီး ဖိနပ်ရဲ့ Soles ခပ်ထူထူနဲ့ ဝတ်ရတာ သက်တောင့်သက်သာ ရှိစေဖို့ကို ဦးစားပေး ထုတ်ခဲ့တာ ဖြစ်ပါတယ်။ Dad Shoes တွေကို အဓိက လူကြိုက်များစေတဲ့ အချက်ကတော့ စျေးသက်သာပြီး ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ ဘက်ကို သွားထားတာပါ။ White နဲ့ Navy Colorway တွေကတော့ Dad Shoes တွေရဲ့ Signature အရောင်တွေ ဖြစ်ပြီး ဒီကာလာတွေဟာ Snaekers လောကမှာ တော်တော်လေးလည်း လူကြိုက်များ ရေပန်းစား ခဲ့ပါတယ်။
၉၀ ခုနှစ်နောက်ပိုင်းမှာတော့ Skating Brands တွေကနေ Dad Shoes တွေကို Slip-Ons Canvas စတိုင် တဆင့်မြှင့် ထုတ်လာကြပါတယ်။ ၁၉၉၀ မတိုင်ခင်ကာလတွေမှာတော့ Dad Shoes တွေဟာ ဖက်ရှင်နဲ့ သိပ်ပြီး အကျွမ်းတဝင်မရှိတဲ့ ပုံခပ်တုံးတုံး ဘီးကျဲတွေ ဝတ်ကြတာ များပါတယ်။ အဲ့ဒီအချိန်ကာလအတွင်းမှာဆိုရင် အမေရိကန်လူမျိုး အသက် ၃၀ ဝန်းကျင် ဘဲကြီးတွေမှာ New Balance ရဲ့ Dad Shoes တွေ အနည်းဆုံး တစ်ရံစီတော့ ရှိကြတဲ့ ခေတ်ပါ။
Photo : The Harris Poll
တဖြည်းဖြည်းနဲ့ ၂၀၀၀ ခုနှစ် နောက်ပိုင်းနောက်တဲ့အချိန်မှာမှ Nike နဲ့ Adidas တို့လို Brands တွေကနေ Dad Shoes တွေကို ဦးစားပေး ထုတ်လာကြပြီး ဖက်ရှင်နယ်ပယ်မှာ ပိုပြီး ရေပန်းစားလာကာ အသက်အရွယ်မရွေး ဝတ်လာကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာဆိုရင် Adidas က Stan Smith Sneakers တွေကို Re-Released ပြန်လုပ်ခဲ့ပြီး တောက်ပတဲ့ All-White Court Shoes တွေနဲ့ Design ပိုင်းကို လူငယ်ဆန်ဆန် ထုတ်လာခဲ့တာ ဖြစ်ပါတယ်။
Stan Smith Sneakers တွေကို အစပိုင်းမှာတော့ Dad Shoes တွေအဖြစ် မသတ်မှတ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ Sneakers လောကထဲက Revolution တစ်ခုအဖြစ်နဲ့ Stan Smith Sneakers တွေဟာ နာမည်ရလူကြိုက်များလာခဲ့ပြီး Dad Shoes စာရင်းမှာ ဝင်လာခဲ့သလို Balenciaga လို Brand တွေကအစ Inspired ယူခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ Balenciaga ကနေ ကွဲပြားတဲ့ ဒီဇိုင်းနဲ့ Triple S Sneakers တွေကို မိတ်ဆက်လာခဲ့ပြီး Soles ထူထူ ၊ ဒီဇိုင်းဆန်းဆန်း ဖိနပ်ပုံစံကြောင့်ပဲ ဖက်ရှင်လောကမှာ ဟိုးလေးတကျော်ကျော် ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။
Photo : Busbee Style
အဲ့ဒီနောက်ပိုင်းမှာ Yeezy ၊ Louis Vuitton နဲ့ အခြား နာမည်ကြီး ဖိနပ်ကုမ္ပဏီ တော်တော်များများကလည်း Dad Shoes တွေရဲ့ ခြေလှမ်းအသစ် Big Thing တွေကို ဖန်တီးဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။ Summarize ပြန်လုပ်ရမယ် ဆိုရင်တော့ Dad Shoes ဆိုတာ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်းမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဝတ်ရတာ သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ စတိုင်အကျဆုံး ဖိနပ်တွေကို ခေါ်တာဖြစ်ပြီး Retro စတိုင်အငွေ့အသက်တွေ ပါဝင်နေသလို ၉၀ ခုနှစ်က Vibe တွေကိုလည်း ပြန်လည်အမှတ်ရစေမယ့် ဖိနပ်တွေပဲ ဖြစ်ပါတယ်။
Source : The Trend Spotter
Featured Photo : snkrdunk.com