စစ်တမ်းတွေအရတော့ အောင်မြင်ပြီးကြွယ်ဝချမ်းသာတဲ့ သူတွေဟာ ကောင်းမွန်တဲ့ နေ့စဉ်အလေ့အထတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီအလေ့အကျင်တွေကပဲ သူတို့အောင်မြင်မှုဆီရောက်အောင် တွန်းပို့ပေးခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ လူတိုင်းလိုက်လံကျင့်သုံးနိုင်မယ့် ကိုယ်ထူကိုယ်ထ အောင်မြင်ချမ်းသာလာတဲ့ ရာနဲ့ချီသော သန်းကြွယ်သူဌေးတွေရဲ့ နေ့စဉ်ဘဝထဲက အလေ့အထတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) အိပ်ရာစောစော ထလေ့ရှိကြတယ်


Photo : Verywell Health

အောင်မြင်သူအများစုဟာ အိပ်ချိန်နည်းပါးကြသူတွေလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ မှားပါတယ်။ သူတို့ဟာ ညဘက်အိပ်ရာစောစောဝင်လေ့ရှိပြီး မနက်ဘက်မှာ အိပ်ရာကနေ စောစောထကာ တစ်နေ့တာအတွက် အရေးကြီးဆုံးသောအရာတွေ လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

(၂) စာများများဖတ်ကြတယ်


Photo : Ladders

အောင်မြင်သူတွေဟာ ကိုယ့်ကိုယ်ကို တိုးတက်မှုရှာဖွေတဲ့အနေနဲ့ ဗဟုသုတများစွာရစေမယ့် စာပေတွေကို များများဖတ်လေ့ရှိကြပါတယ်။ စာဖတ်ခြင်းအလေ့အထဟာ အနားယူ အပန်းဖြေမှုတစ်ခုထက်ပိုပြီး ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ပရော်ဖက်ရှင်နယ် Life ကို မြင့်တင်ပေးနိုင်တယ်ဆိုတာ လက်ခံထားကြပါတယ်။ ဒါကြောင့်အောင်မြင်သူတွေဟာ တစ်ရက်ကိုအနည်းဆုံး နာရီဝက် စာဖတ်ဖို့အချိန်ပေးကြပါသတဲ့။

(၃) လေ့ကျင့်ခန်းလုပ်တယ်

Photo : SPY

Photo : Healthline

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကလည်း ဘဝမှာအရေးကြီးဆုံးအရာတွေထဲက တစ်ခုပဲ မဟုတ်လား။ အောင်မြင်သူအများစုဟာ စိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းပြီး နေ့စဉ်လုပ်ငန်းဆောင်တွေကို အတက်ကြွဆုံး လုပ်ဆောင်နိုင်ဖို့ရာ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်လေ့ရှိကြပါတယ်။

(၄) စိတ်ခွန်အားဖြစ်သူတွေနဲ့ အချိန်ကုန်ဆုံးတယ်


Photo : VIVA! Communications

ပေါင်းသင်းဆက်ဆံမှု အနုပညာဆိုတာကလည်း အောင်မြင်မှုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေရှိသလို အဆိပ်လို ကပ်ပါးကောင်တွေလည်းအများကြီး ရှိနိုင်ပါတယ်။ အောင်မြင်သူအများစုကတော့ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကို ကိုယ့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် သူတွေ ၊ လေးစားစံထားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိကြပါတယ်။

Featured Photo : The Muse