တချို့သော အလေ့အထသေးသေးလေးတွေက သင့်ဘဝကို နေ့ချင်းညချင်း တိုးတက်ပြောင်းလဲမှာမဟုတ်ပေမယ့် တစိုက်မတ်မတ်လုပ်ဆောင်သွားရင်တော့ ကောင်းတဲ့ပြောင်းလဲခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ အချိန်ယူပြီးပုံမှန်လုပ်ဆောင်ရင် သင့်ဘဝကို တိုးတက်ပြောင်းလဲလာစေမယ့် အလေ့အထလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဖုန်းသုံးချိန်လျော့ပါ

Man browsing smartphone in living room

Photo: Freepik

ဆိုရှယ်မီဒီယာအသုံးပြုမှုတွေ ၊ ဂိမ်းတွေနဲ့ ဖျော်ဖြေရေးတွေက ခေတ်သစ်လူနေမှုဘဝအတွက် မပါမဖြစ်တဲ့အရာတွေဆိုပေမယ့် ဒီအရာတွေထဲမှာပဲ အချိန်တော်တော်များများကို နစ်မြုပ်ထားဖို့မသင့်တော်ပါဘူး။ အကောင်းဆုံးကတော့ ဖုန်းကို အချိန်အကန့်အသတ်နဲ့ သုံးတာပါပဲ။ မဟုတ်ရင် သင့်ဘဝရဲ့အချိန်တွေကို တိုက်စားသွားပြီး ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

(၂) လူ့မှုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်မပြတ်နေပါ

Multiracial group of five friends having a coffee together

Photo: Freepik

မိတ်ဆွေပေါများခြင်း ၊ သူငယ်ချင်းကောင်းတွေရှိထားခြင်းဟာ သင့်ဘဝအတွက် ပြောင်းလဲမှုအသစ်တွေ အခွင့်အလမ်းတွေများစွာရစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမြဲလိုလို လူ့မှုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်မပြတ်နေထိုင်ဖို့လိုပါမယ်။ ပြင်ပလောကမှာရော ၊ လူမှုကွန်ယက်တွေပေါ်မှာပါ မိတ်ဆွေတွေ ၊ အသိအကျွမ်းတွေနဲ့ အဆက်အသွယ်ပုံမှန်ပြုလုပ်နေဖို့လိုပါတယ်။

(၃) စိတ်နဲ့ခန္ဓာကိုဂရုစိုက်ပါ

Handsome man sleeping on the armchair

Photo: Freepik

ကျွန်တော်တို့ဟာ လူသားတွေဖြစ်တဲ့အလျောက် စိတ်နဲ့ခန္ဓာကိုယ်ကိုကောင်းစွာဂရုစိုက် နေထိုင်ဖို့ကလည်း အရေးကြီးဆုံး အချက်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက် တောင်းဆိုမှုတွေကို ကောင်းစွာတုန့်ပြန်နိုင်ရပါမယ်။ အာဟာရဓာတ်ကောင်းကောင်းလိုအပ်ရင် ကောင်းကောင်းစားပေးတာ ၊ အနားယူဖို့လိုကြောင်းပြရင် ကောင်းစွာအနားယူပေးတာမျိုးတွေ လုပ်ပါ။ ဒါမှလည်း စိတ်ရောလူပါကျန်းမာကြံ့ခိုင်ပြီး ရေရှည်အတွက်ရပ်တည်နိုင်မှာပါ။

(၄) မှားနေတဲ့အရာတွေပြင်ပါ

Busy man is in a hurry

Photo: Freepik

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဘယ်အရာတွေကလွဲနေလဲ ၊ ဘာတွေကမှားနေလဲဆိုတာ ကိုယ့်ကိုယ်ကိုအမြဲပြန်လည် သုံးသပ်နေသင့်ပါတယ်။ ကိုယ်က အလုပ်ကိုအချိန်နီးမှ လုပ်တက်သူလား ၊ ချိန်ထားတိုင်းနောက်ကျနေတက်သူလား ၊ အားကစားမလုပ်ပဲနေမိလား ၊ ကျန်းမာရေးနဲ့ မညီညတ်တာတွေ လုပ်နေမိပြီလား စသည်ဖြင့် ကိုယ့်နေ့စဉ်ဘဝထဲက မှားနေတဲ့အလေ့အထတွေ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲတာ ၊ အပြီးတိုင်စွန့်လွတ်တာမျိုးတွေ လုပ်သင့်ပါတယ်။